advertisement-image
ASEAN

SCG ရဲ့ CEO ဖြစ်လာမယ့် Roongrote Rangsiyopash

Kan Trakulhoon and Roongrote Rangsiyopash (left) Mr Roongrote Rangsiyopash ကို Siam Cement Group ရဲ့ အသစ်တက်မယ့် President နဲ့ Chief Executive Officer အဖြစ် တရားဝန်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ á‚၀၁၆ ခုနှစ်၊ ဇန်န၀ါရီလက စတင်ပြီး သူက တာဝန်ယူသွားမှာဖြစ်ပါတယ်။ Roongrote ဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်ပြီး လက်ရှိအချိန်အထိ SCG ကို ဦးဆောင်နေတဲ့ Mr Kan Trakulhoon ပြီးနောက် စတင်တာဝန်ယူရမှာဖြစ်ပါတယ်။  Kan ဟာ SCG ကို ၁၉၇၇ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ဦးဆောင်တီထွင်ဆန်းသစ်နိုင်တဲ့အဖွဲ့အစည်းအဖြစ် á€ťá€•á€łá€œá€Żá€•á€šá€ąá€•á€¸á€á€˛á€ˇá€á€Źá€•á€Ťá‹ သူဟာ SCG မှာ ထိပ်ဆုံးနေရာကို မရောက်ခင်ကတည်းက […]
Posted On October 28, 2015, By Editorial

ထိုင်းမှာ ဆိုးဆေးပါတဲ့ငါးပိတွေကို ဈေးကွက်ထဲကပြန်သိမ်း

ထိုင်းနိုင်ငံ Krabi ပြည်နယ်က ဈေးတွေထဲမှာ ရောင်းချနေတဲ့ ငါးပိတွေဟာ ကျန်းမာရေးနဲ့မညီညွှတ်တာကို ပြည်နယ်ကျန်းမာရေးဌာနက စစ်ဆေးတွေ့ရှိပြီးတဲ့နောက်မှာ ငါးပိထုတ်လုပ်သူတွေကို ဈေးကွက်ထဲကနေ သူတို့ပစ္စည်းတွေကို ပြန်လည်သိမ်းယူခိုင်းတဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ပြည်နယ်ကျန်းမာရေးဌာနက ဒေါက်တာ Panut Sophonpong က ပြောပြခဲ့တာပါ။ ဈေးကွက်ထဲ လက်တွေ့စမ်းသပ်ပြီးတဲ့နောက်မှာ ငါးပိခုနစ်မျိုးလောက်က ဆိုးဆေးတွေပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။ သူတို့က ပြည်တွင်းဈေးကွက်ထဲက ငါးပိနမူနာတွေကို Sura Thani ပြည်နယ်က ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ကြတာဖြစ်ပြီး စုစုပေါင်းငါးပိနမူနာဘယ်နှခုကို စမ်းသပ်ခဲ့တယ်ဆိုတာကိုတော့ မပြောပြပါဘူး။ အရောင်ဆိုးထားတဲ့ စားသောက်ကုန်ပစ္စည်းတွေက လူတွေရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်တယ်လို့ ဒေါက်တာ Panut က ပြောပါတယ်။ ဆိုးဆေးပါဝင်တယ်ဆိုတဲ့ ငါးပိတွေရဲ့တံဆိပ်တွေကတော့ Chok Nittya Krabi ကထုတ်တဲ့ Kapi Ku Krau […]
Posted On October 6, 2015, By Editorial

စင်ကာပူမှာ လစာတွေ ၄.၅ ရာခိုင်နှုန်း တိုးမယ်

စင်ကာပူနိုင်ငံမှာ လစာတွေကို ၄.၅ ရာခိုင်နှုန်း တိုးပေးမယ်လို့ သိရပါတယ်။ စင်ကာပူအစိုးရဟာ ငွေ ဖောင်းပွမှုကို ထိန်းထားနိုင်ဖို့အတွက် ပြည်တွင်းလှည့်ပတ်ငွေကြေးပမာဏကို ကန့်သတ်ထားတဲ့မူဝါဒကို ဆက်လက်သုံးစွဲနေရတာဖြစ်တယ်။ အိမ်ခြံမြေဈေးတွေ တည်ငြိမ်နေစေရေးကို ဆောင်ရွက်ခဲ့လို့ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်နိုင်ခဲ့တယ်။ ခုလိုလစာတွေတိုးတာဟာ စင်ကာပူတစ်နိုင်ငံတည်းသာမက ဒီနှစ်ထဲမှာ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေမှာလည်း အလားတူ တိုးလာဖို့ရှိတယ်။ ဒီဒေသတွင်း ၁၉ နိုင်ငံအနက် ၁၇ နိုင်ငံမှာ ငွေဖောင်းပွမှုနှုန်း ကျလာတဲ့အတွက် အဲဒီနိုင်ငံတွေက ဒီနှစ်ထဲမှာ လစာ ၇ ရာခိုင်နှုန်းတိုးဖို့ရှိပါတယ်။ Ref : Businesstimes
Posted On August 1, 2015, By Editorial

ဖိလစ်ပိုင်ဟာ စီးပွားရေးအလားအလာကို အကောင်းမြင်ထား

Grant Thornton International Business Report ဆိုတဲ့ နိုင်ငံပေါင်း ၃၆ နိုင်ငံက စီးပွားရေးလုပ်ငန်းပေါင်း တစ်သောင်းကျော်ကို လေ့လာမေးမြန်းရာက ရရှိတဲ့သတင်းအချက်အလက်တွေကို နှစ်စဉ်တင်ပြတဲ့ အစီရင်ခံစာအရ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံအုပ်စုထဲမှာ ရှေ့အလားအလာကို အကောင်းအမြင်ဆုံးနိုင်ငံ ဖြစ်တယ်လို့သိရပါတယ်။ ပြည်ပပို့ကုန်၊ ၀င်ငွေ၊ အမြတ်အစွန်းရနိုင်မှု စတဲ့အချက်တွေနဲ့ပတ်သက်ပြီး အလားအလာတွေကို ဖိလစ်ပိုင်နိုင်ငံက အကောင်းဘက်က မြင်ထားပါတယ်။ ဒါပေမဲ့ မကောင်းတဲ့အချက်ကို မြင်ထားတာလည်း ရှိနေပါတယ်။ ”မနှစ်ကနဲ့စာရင် ကျွန်တော်တို့နိုင်ငံမှာ ကျွမ်းကျင်လုပ်သားဦးရေ နည်းနည်းပါးပါး တိုးလာတာမှန်ပေမယ့် စီးပွားရေးလုပ်ငန်းတွေက လိုချင်သလောက် ကျွမ်းကျင်လုပ်သားဦးရေ မရနိုင်ဘူး ဖြစ်နေတယ်”လို့ တချို့က ထောက်ပြကြတယ်။ ”နိုင်ငံထဲက အင်မတန်ကျွမ်းကျင်တဲ့သူတွေ ပြည်ပနိုင်ငံတွေဆီ ထွက်မသွားဖို့လည်းလိုတယ်”တဲ့။ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ငွေကြေးမလုံလောက်ဘူးလို့ ပြောဆိုကြသူတွေဟာ မနှစ်က ၁၀ ရာခိုင်နှုန်းသာရှိပေမယ့် […]
Posted On July 23, 2015, By Editorial

အင်ဒိုနီးရှားနဲ့တရုတ်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ

အင်ဒိုနီးရှားနဲ့ တရုတ်တို့ဟာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြပါတယ်။ ဂျကာတာမှာကျင်းပတဲ့ အာရှ-အာဖရိကညီလာခံမှာ သမ္မတနှစ်ဦး ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။ နှစ်နိုင်ငံအခြားကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာဘီလီယံ ၁၅၀ ထိ တိုးမြှင့်သွားကြမှာဖြစ်တယ်။ လက်ရှိမှာ တရုတ်ဟာ အင်ဒိုနီးရှားမှာ ၂၀၁၄ ခုနှစ်အတွင်း ဒေါ်လာ ၄၈.၂၃ ဘီလီယံနဲ့ စတုတ္ထအများဆုံးရင်းနှီး ကုန်သွယ်ဘက်နိုင်ငံဖြစ်တယ်။ ဒါအပြင် တရုတ်ဟာ အင်ဒိုနီးရှားမှာရှိတဲ့ စီမံကိန်းလုပ်ငန်းငါးရာကျော်မှာ ဒေါ်လာသန်းရှစ်ရာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပါတယ်။ တရုတ်အနေနဲ့ ပင်လယ်လမ်းကြောင်းဆိုင်ရာ အခြေခံ အဆောက်အအုံတွေ၊ အထူးသဖြင့် ပင်လယ်ရေနက်ပိုင်းဆိပ်ကမ်းအတွက် ပါဝင်လုပ်ကိုင်ဖို့ အင်ဒိုနီးရှားသမ္မတက ဖိတ်ခေါ်ပါတယ်။ Ref: www.antaranews.com
Posted On July 23, 2015, By Editorial

လေယာဉ်လက်ဆွဲအိတ်တွေ အရွယ်အစားသေးငယ်လာနိုင်

လေယာဉ်ပေါ်မှာ ခရီးသည်တွေတင်ခွင့်ပြုတဲ့ လက်ဆွဲအိတ်အရွယ်အစားတွေဟာ များမကြာမီက အမေရိကန် မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ရဲ့ အကြံပြုတင်ပြချက်အရ လက် ရှိထက် သေးငယ်သွားဖို့ အလားအလာရှိနေပါတယ်။ အကြံပြုတင်ပြထားတဲ့ လက်ဆွဲအိတ်အရွယ်အစားက အမြင့် ၂၁.၅ လက်မ၊ အကျယ် ၁၃.၅ လက်မနဲ့ အနက်က ၇.၅ လက်မဖြစ်တယ်။ ဒီလက်ဆွဲအိတ်တွေကိုလည်း အလွယ်တကူသိရှိနိုင်ဖို့ အများသုံးအမှတ်အသားတံဆိပ်တပ်ကြဖို့လည်း အကြံပြုထားတယ်။ အဲဒီလို အမှတ်တံဆိပ်ပါရင် လေယာဉ်ပေါ်ကို အလွယ်တကူတင်ယူလို့ရမှာဖြစ်သလို ၀န်ထမ်းတွေအတွက်လည်း စစ်ဆေးရတာ အချိန်ကုန်သက်သာသွားမှာဖြစ်တယ်။ Ref: AP
Posted On July 2, 2015, By Editorial

စင်ကာပူက ကျွမ်းကျင်လုပ်သားတွေ အချိန်ပိုအလုပ်လုပ်နေကြ

စင်ကာပူနိုင်ငံရှိ ကျွမ်းကျင်အလုပ်သ မားတွေရဲ့ သုံးပုံနှစ်ပုံဟာ သူတို့ရဲ့လုပ် ငန်းစာချုပ်ထဲမှာ သတ်မှတ်ထားတဲ့ အချိန်ထက်ပိုပြီး အလုပ်လုပ်နေကြရ တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ကြရတဲ့ဦးရေဟာ ဂျပန်နဲ့ ဟောင် ကောင်တို့မှာထက် နည်းပါတယ်။ ဒါပေမဲ့ တရုတ်မှာထက် များပါတယ်။ အဲဒီလို အချိန်ပိုလုပ်ကြရတဲ့သူတွေရဲ့ ၂၈ ရာခိုင်နှုန်းကသာ အလုပ်ပိုတွင်ပြီး ပိုပြီးမြောက်တယ်လို့ ဆိုပါတယ်။ အ များစုကတော့ ခုလိုအချိန်တွေကို လုပ် ရတဲ့အတွက် မိသားစုဘ၀နဲ့ လုပ်ငန်း ခွင်ဘ၀ ဟန်ချက်မျတမှုမရှိတော့ဘူး လို့ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ် အိမ်မှာနေရင် မိုဘိုင်းဖုန်းတွေနဲ့ အ ချိန်ပို လုပ်နေကြရတာ ဖြစ်တယ်။  စင်ကာပူ မှာ နေ့စဉ်အလုပ်စ လုပ်ချိန်ဟာ အနောက် နိုင်ငံတွေမှာထက် နောက်ကျပါတယ်။  ”တချို့ကုမ္ပဏီနည်း နည်းပါးပါးကတော့ […]
Posted On December 18, 2014, By Editorial

ASEAN Book Publishers Association အစည်းအဝေးကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်

ASEAN Book Publishers Association အစည်းအဝေးကို နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ Taw Win Garden Hotel မှာ ပြုလုပ်ခဲ့ပါတယ်။  ဒီအစည်းအဝေးကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး အာဆီယံနိုင်ငံများမှ စာပေထုတ်ဝေသူများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ  မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းအား အဖွဲ့ဝင်အသစ်အဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုခြင်း၊ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလက်မှတ် ပေးအပ်ခြင်းတို့ကိုပါ ထည့်သွင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။  မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း(Myanmar Publishers and Booksellers Association) ဥက္ကဌ ဒေါက်တာသာထွန်းဦး၊ ဒုဥက္ကဌ ဦးမျိုးအောင် အပါအဝင် အသင်းမှ တာဝန်ရှိသူများက အာဆီယံနိုင်ငံများအတွင်း စာပေ ထုတ်ဝေသူများ ကြုံတွေ့နေရတဲ့ အခက်အခဲများ၊Digital စနစ်အပြောင်းအလဲ၊ အကောက်ခွန်နှုန်းထားများ၊ […]
Posted On December 1, 2014, By Editorial

၂၀၁၅ ခုနှစ် အာဆီယံဈေးကွက်အတွက် ၀က်မွေးမြူရေး

၂၀၁၅ ခုနှစ်မှာ ဆယ်နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံတွေဟာ ဒေသတွင်းမှာ လွတ်လွတ်လပ်လပ် ရောင်းဝယ် ဖောက်ကားခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်း တွေကို ပြုလုပ်နိုင်တဲ့တစ်ခုတည်းသော စီးပွားရေးဈေးကွက်ကြီးအဖြစ် စတင် ဆောက်ရွက်ကြတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင် စိုက်ပျိုးမွေးမြူ ရေးဝန်ကြီးက အဲဒီဈေးကွက်အတွက် အဆင်သင့်ဖြစ်အောင် ၀က်မွေးမြူရေး လုပ်ငန်းကို ကြိုးစားလုပ်ကြဖို့ တိုက် တွန်းလိုက်ပါတယ်။ အာရှတိုက်မှာ ဖိလစ်ပိုင်နိုင်ငံဟာ ကာကွယ်ဆေးထိုး စရာမလိုဘဲ foot-and-mouth  Disease(FDM)  ကင်းရှင်းတဲ့ တစ်ခုတည်း သောနိုင်ငံဖြစ်ပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူပြီး ကြိုးစားကြရမယ် လို့ ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း တိရစ္ဆာန်မွေး မြူရေးထွက်ကုန်ဟာ ၁.၂ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။ ဒါဟာ အဲဒီကာလ အတွင်း စိုက်ပျိုးမွေးမြူရေးထွက်ကုန် စုစုပေါင်းရဲ့ ၁၅.၄၄ ရာခိုင်နှုန်းဖြစ် […]
Posted On November 17, 2014, By Editorial

အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ညီလာခံ ၂၀၁၄ ပထမနေ့တွင် ဆွေးနွေးပွဲများ စတင်ပြုလုပ်လျက်ရှိ

နိုဝင်ဘာလ ၁၂ ရက်နေ့မှာ နေပြည်တော်ရှိ Myanmar International Convention Center II မှာ ASEAN Business & Investment Summit 2014 ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပလျက်ရှိတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်း ဆွေးနွေးပွဲတွေမစခင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခန်းက အခမ်းအနားမှာ အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။ ဒုတိယသမ္မတက သူ့အနေနဲ့ ဒီညီလာခံကို ကြီးမှူးစီစဉ်ပေးခဲ့ကြတဲ့ ASEAN Business Advisory Council နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ကို ကျေးဇူးအထူးတင်ကြောင်း၊  ဒေသတွင်း စီးပွားရေးခေါင်းဆောင်တွေအချင်းချင်း ဆွေးနွေးခြင်း အမြင်ဖလှယ်ခြင်းတွေကနေ အာဆီယံစီးပွားရေးပေါင်းစပ်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ဒီနေ့စတင်ခဲ့တဲ့ညီလာခံကဆွေးနွေးပွဲတွေကနေ […]
Posted On November 12, 2014, By Editorial