News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို လေ့လာကြည့်ရှုနိုင်မယ့် Mobile App : Home City
Editorial
October 3, 2014
IT
Local News
News
Property
အောက်တိုဘာ ၃၊ ရန်ကုန် - Home City ကုမ္ပဏီရဲ့ အိမ်၊ ခြံ၊ မြေ ငှားရမ်းဝယ်ယူမှုများအတွက် အဆင်ပြေအောင်ပြုလုပ်ပေးထားတဲ့ Home City mobile app ကို အောက်တိုဘာလ ၃ ရက်နေ့က စာနယ်ဇင်းမိတ်ဆက်မှုအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ မြန်မာ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို စိတ်ဝင်စားသူတိုင်း လေ့လာကြည့်ရှုနိုင်ဖို့ mobile app ပြုလုပ်ပေးထားတာဖြစ်ပြီး၊ www.homecity.com.mm မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Home City mobile app Android version ကို သြဂုတ်လ ၆ ရက်နေ့က စတင်ကာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး iOS version ကိုတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ စတင် ထုတ်လွှင့်ခဲ့တာပါ။ ဒီ App မှာ အပတ်စဉ် update ပြုလုပ်လျက်ရှိ အိမ်ခြံမြေ သတင်းအချက်အလက်ပေါင်း ၁၃,၀၀၀ ကျော်ပါဝင်ပြီး အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီပေါင်း ၅၀ ကျော်ရဲ့အချက်အလက်တွေလည်း ပါဝင်တာဖြစ်ပါတယ်။ အကျိုးဆောင်ကုမ္ပဏီတစ်ခုချင်းစီရဲ့ အချက်အလက်တွေကိုလည်း သီးသန့်ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မိမိသိရှိလိုတဲ့ အိမ်ခြံမြေနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဈေးနှုန်း၊ တည်နေရာ၊ အကျယ်အဝန်း စသဖြင့် သတ်မှတ်ရှာဖွေနိုင်ဖို့လည်း ပြုလုပ်ပေးထားကာ မိမိရှာဖွေမှုရလဒ်တွေကို offline ကြည့်နိုင်အောင် မှတ်သားထားနိုင်မှာလည်းဖြစ်ပါတယ်။ Home City mobile app ကို ဝင်ရောက်အသုံးပြုသူအနေနဲ့ကတော့ ၃၅၀၀ ကျော်ရှိနေပြီဖြစ်ကာ၊ ပျမ်းမျှ နေ့စဉ်အသုံးပြုသူတွေကတော့ iOS ရော Android ပါအပါအဝင် ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ Home City Mobile app ကို Playstore ၊ One Mobile ၊ iTunes တို့မှာ အခမဲ့ download လုပ်အသုံးပြုနိုင်ပါတယ်။ အသေးသိချင်ရင်တော့ ဖုန်း ၀၁ ၅၀၄၀၆၆ ၊ ၀၉ ၄၂၅၂၉၂၇၁၀ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း