[caption id="attachment_29602" align="alignnone" width="504"]Philanthropy[/caption]
[caption id="attachment_29603" align="alignnone" width="504"]Travel[/caption]
[caption id="attachment_29604" align="alignnone" width="504"]Art[/caption]
[caption id="attachment_29605" align="alignnone" width="504"]Fashion and Style[/caption]
ဘီလီယံနာသူဌေးကြီးတွေအနေနဲ့ သူတို့ရဲ့အားလပ်ချိန်မှာ ဝါသနာပါတဲ့အရာတွေ လုပ်ဆောင်ရတာ အဓိပ္ပာယ်ရှိလှပါတယ်။ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကားတွေ ဝယ်ယူစုဆောင်းတာမျိုး၊ ကမ္ဘာတစ်ဝန်းက သာယာလှပတဲ့ အပန်းဖြေစခန်းတွေ ဝယ်ယူတာမျိုးတွေပေါ့။ ဒါပေမဲ့ ဘီလီယံနာသူဌေးကြီးတွေ အမြဲတမ်းလိုလို ပြုလုပ်လေ့ရှိတဲ့အရာကတော့ ကြွယ်ဝချမ်းသာခြင်းကို ကြွားဝါတာမျိုးမဟုတ်တဲ့ လူမှုအကျိုးဆောင် လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေမှာ ရက်ရက်ရောရော ပါဝင်လှူဒါန်းခြင်းပဲ ဖြစ်ပါတယ်။
[caption id="attachment_29606" align="alignnone" width="504"]Politics[/caption]
[caption id="attachment_29607" align="alignnone" width="504"]Wine and Spirit[/caption]
[caption id="attachment_29608" align="alignnone" width="504"]Boating[/caption]
[caption id="attachment_29609" align="alignnone" width="504"]Health and Exercise[/caption]
ကမ္ဘာ့ကြွယ်ဝချမ်းသာမှုကို သုတေသနပြုလေ့လာနေတဲ့ Wealth-X ကုမ္ပဏီက ကမ္ဘာ့ဘီလီယံနာသူဌေးကြီးတွေ လုပ်လေ့လုပ်ထရှိတဲ့ အမူအကျင့်တွေကို နှစ်စဉ်ထုတ်ပြန်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ စာရင်းကနေတစ်ဆင့် ကမ္ဘာ့ဘီလီယံနာသူဌေးကြီးတွေက အားလပ်ချိန်ကို ဘယ်လိုကုန်ဆုံးလေ့ရှိလဲ၊ ဘယ်လိုအရာတွေကို စိတ်ပါဝင်စားပြီး ပျော်ပျော်ပါးပါး လုပ်ဆောင်လေ့ရှိလဲ အစရှိတာတွေကို သိမြင်နိုင်ပါတယ်။
[caption id="attachment_29610" align="alignnone" width="504"]Automobiles[/caption]
[caption id="attachment_29611" align="alignnone" width="504"]Collectibles[/caption]
[caption id="attachment_29612" align="alignnone" width="504"]Football/Soccer[/caption]
[caption id="attachment_29613" align="alignnone" width="504"]Reading[/caption]
အဲဒီမှာ ၅၀ ရာခိုင်နှုန်းသော ကမ္ဘာ့ဘီလီယံနာသူဌေးကြီးတွေက အများအကျိုးပြုလုပ်ငန်းတွေမှာ ရက်ရက်ရောရော ပါဝင်လှူဒါန်းလေ့ရှိတာကို တွေ့ရပါတယ်။ ဒီလို ရက်ရက်ရောရော ပေးကမ်းလှူဒါန်းနိုင်တာဟာ အထူးအဆန်းမဟုတ်ပါဘူး။ The Giving Pledge လို စေတနာထားပြီး လုပ်ဆောင်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်းမျိုးတွေ ပေါ်ထွန်းလာတာကိုပဲ ကျေးဇူးတင်ရမှာပါ။ The Giving Pledge အဖွဲ့အစည်းဟာ Bill Gates နဲ့ Warren Buffett တို့က သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာ တစ်ဝက်ကျော်ကျော်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်တွေမှာ ထည့်ဝင်လှူဒါန်းသွားမယ်ဆိုတဲ့ ကတိစကားကနေ စတင်ဖြစ်တည်လာခဲ့တာပါ။
[caption id="attachment_29614" align="alignnone" width="504"]Cultural Events[/caption]
[caption id="attachment_29615" align="alignnone" width="504"]Golf[/caption]
[caption id="attachment_29616" align="alignnone" width="504"]Dining[/caption]
[caption id="attachment_29617" align="alignnone" width="504"]Hunting[/caption]
Wealth-X ရဲ့ အဆိုအရ The Bill and Melinda Gates Foundation နဲ့ The Giving Pledge တို့က အများအကျိုးပြုလုပ်ငန်းတွေမှာ ကမ္ဘာ့ဘီလီယံနာသူဌေးကြီးတွေရဲ့ ချမ်းသာကြွယ်ဝမှုကို အသုံးပြုနိုင်ခြင်းဟာ ကမ္ဘာကြီးကို အပြောင်းအလဲဖြစ်စေမယ်လို့ ယုံကြည်ထားကြပါတယ်။
[caption id="attachment_29618" align="alignnone" width="504"]Jewelry[/caption]
[caption id="attachment_29619" align="alignnone" width="504"]Fishing[/caption]
[caption id="attachment_29620" align="alignnone" width="504"]Watches[/caption]
[caption id="attachment_29621" align="alignnone" width="720"]Skiing[/caption]
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတွေ ပြုလုပ်လေ့ရှိတဲ့အရာတွေဖြစ်တဲ့ အနုပညာနဲ့ဖက်ရှင်ပိုင်းကနေ အမဲလိုက်၊ ငါးဖမ်းတာတွေအထိ ဖော်ပြထားပါတယ်။ ဘီလီယံနာတွေက ဘယ်အရာကို စိတ်ဝင်တစား လုပ်ဆောင်ကြတယ်ဆိုတာ ရာခိုင်နှုန်းအလိုက် ဖော်ပြပေးထားပါတယ်။
၁။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း - ၅၆.၃ ရာခိုင်နှုန်း
၂။ ခရီးသွားခြင်း - ၃၁ ရာခိုင်နှုန်း
၃။ အနုပညာ - ၂၈.၇ ရာခိုင်နှုန်း
၄။ ဖက်ရှင်နှင့်စတိုင်လ် - ၂၅.၂ ရာခိုင်နှုန်း
၅။ နိုင်ငံရေးပါဝင်လှုပ်ရှားမှု - ၂၂.၂ ရာခိုင်နှုန်း
၆။ ဝိုင်နှင့်အရက် - ၁၅.၉ ရာခိုင်နှုန်း
၇။ ရွက်လွှင့်ခြင်း - ၁၄.၉ ရာခိုင်နှုန်း
၈။ ကျန်းမာရေးနှင့် အားကစားလိုက်စားခြင်း - ၁၄.၈ ရာခိုင်နှုန်း
၉။ ကမ္ဘာ့အဆင့်မြင့်ဇိမ်ခံမော်တော်ကားများ ဝယ်ယူခြင်း - ၁၄.၅ ရာခိုင်နှုန်း
၁၀။ ရှားပါးပြီး တန်ဖိုးကြီးမြင့်သောအရာများ ဝယ်ယူစုဆောင်းခြင်း - ၁၄.၁ ရာခိုင်နှုန်း
၁၁။ ဘောလုံးအားကစား - ၁၃.၁ ရာခိုင်နှုန်း
၁၂။ စာဖတ်ခြင်း - ၁၂.၃ ရာခိုင်နှုန်း
၁၃။ ရိုးရာပွဲလမ်းသဘင်များ ဆင်နွှဲခြင်း - ၁၂.၁ ရာခိုင်နှုန်း
၁၄။ ဂေါက်ရိုက်ခြင်း - ၁၁ ရာခိုင်နှုန်း
၁၅။ ညစာကို ကောင်းစွာသုံးဆောင်ခြင်း - ၁၀.၉ ရာခိုင်နှုန်း
၁၆။ အမဲလိုက်ခြင်း - ၈.၈ ရာခိုင်နှုန်း
၁၇။ အဖိုးတန်ကျောက်မျက်ရတနာများဝယ်ယူခြင်း - ၈.၁ ရာခိုင်နှုန်း
၁၈။ ငါးမျှားခြင်း - ၇.၈ ရာခိုင်နှုန်း
၁၉။ အဖိုးတန်နာရီများ ဝယ်ယူခြင်း - ၇.၇ ရာခိုင်နှုန်း
၂၀။ နှင်းလျှောစီးခြင်း - ၇.၂ ရာခိုင်နှုန်း
အယ်ဒီတာအဖွဲ့