အားလပ်ရက်အတုအယောင်တွေ မဖြစ်စေလို

Holiday article   အားလပ်ရက်တွေမှာ အလုပ်တွေကိုတစ်ပါတည်း ယူဆောင်သွားနေမိတယ်ဆိုရင် ပြဿနာရှိနေပါပြီ။ သင့်ရဲ့အားလပ်ချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးရင်း အလုပ်မှာလည်း ထိပ်ဆုံးနေရာမှာ ရပ်တည်မြဲရပ် တည်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလပ်ရက်တွေရဲ့ အချိန်အတော်များများကို အီးမေးလ်စစ်တာ၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ ဆက်သွယ်တာ၊ အလုပ်က စာရွက်စာတမ်းတွေရေးနေ၊ ဖတ်နေရတာတွေနဲ့ ကုန်ဆုံးသွားတယ်ဆိုရင်တော့ ဘာကြောင့်လဲဆိုတာကို အဖြေရှာဖို့ လိုနေပါတယ်။ အိမ်မှာ အနားယူဖို့ ခွင့်ယူတဲ့တစ်ရက်မှာတောင် အလုပ်နဲ့ အဆက်ပြတ်လို့ မရတာမျိုး၊ အားလပ်ရက်နိုင်ငံရပ်ခြား ခရီးစဉ်သွားတာမျိုးတွေမှာပါ အလုပ်တွေက သင်နဲ့အတူ ကပ်ပါလာရတဲ့အကြောင်းရင်းတွေကို ဆန်းစစ်ကြည့်ပါ။ သင့်ရဲ့အဖွဲ့က သင့်ရဲ့ထောက်ခံချက်မရရင် ဘာမှဆက်လုပ်လို့မရတဲ့ အခြေအနေမျိုး၊ သင့်နေရာမှာ အစားထိုးလုပ်ပေးနိုင်တဲ့သူ မရှိတာမျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ အလုပ်တွေများတဲ့အပြင် သင့်အလုပ်တွေကိုကိုယ်စားလွှဲထားနိုင် တဲ့ ယုံကြည်ရလောက်တဲ့သူ သင့်အဖွဲ့ထဲမှာမရှိဘူးလို့ တစ်သမတ်တည်း ထင်ထားတာကလည်း အကြောင်းရင်းတစ်ခုပါ။   စစ်မှန်တဲ့ဘဝနဲ့ အလုပ်ဟန်ချက်ညီမှု စိတ်ချမ်းသာမှုကို ဦးစားပေးနေရာမှာထားပါ အားလပ်ရက်မှာ စိတ်ချမ်းသာပျော်ရွှင်မှုကို ခံစားရတာ ကိုယ်ပိုင်ရွေးချယ်မှုတစ်ခုပါ။ စိတ်ချမ်းသာမှုကို ဦးစားပေးဖို့ ဆုံးဖြတ်ထားရင် သင်နဲ့အတူရှိနေတဲ့မိသားစုဝင်၊ မိတ်ဆွေ အပေါင်းအသင်းတွေကိုအချိန်ပေးဖို့ စပြီးစဉ်းစားပါ။ တစ် ယောက်တည်းအနားယူမယ့်အချိန်၊ ချစ်တဲ့သူတွေနဲ့ အနားယူမယ့်အချိန်တွေက အားလပ်ရက် အသုံးပြုမယ့်စာရင်းရဲ့ထိပ်ဆုံးမှာ ရှိသင့်ပါတယ်။   တိကျသေချာတဲ့စည်းတစ်ခု သတ်မှတ်ပါ အားလပ်ရက်မတိုင်ခင်ကတည်းက ဘောစ့်နဲ့လုပ်ဖော်ကိုင် ဖက်တွေကို ဘယ်အလုပ်ကတော့ အရေးတကြီး ကိုယ့်ကို ဆက်သွယ်ဖို့ လိုအပ်တယ်၊ ဘယ်အလုပ်ကတော့ဆက်သွယ်ဖို့ မလိုအပ်ဘူးဆိုတာကို အတိအကျ သတ်မှတ်ပြီး အသိပေးထားခဲ့ပါ။ အလုပ်လွှဲတဲ့အချိန်မှာလည်း ဘယ်အလုပ်တွေက ပြီးစီးအောင်လုပ်ထားဖို့ လိုတယ်ဆိုတာကို အသေအချာ ပြောခဲ့ပါ။   ကောင်းမွန်တဲ့အလုပ်ချိန်တစ်ခု ရွေးချယ်ပါ အလုပ်အီးမေးလ်တွေစစ်ဖို့၊ ဖောက်သည်တွေနဲ့ ဆက်သွယ်ဖို့၊ အလုပ်မှာဘာတွေ ဖြစ်နေလဲဆိုတာ သိရဖို့ ကိုတော့ မနက်အိပ်ရာနိုးချိန် တစ်နာရီလောက် အချိန်ပေးနိုင်ပါတယ်။ ဒီအချိန်ကို ဘော့စ်နဲ့လုပ်ဖော်ကိုင်ဖက် တွေကိုလည်း အသိပေးထားပါ။ မနက်ပိုင်း တစ်နာရီအတွင်းမှာ အလုပ်တွေကို ဖြတ်လိုက်တာက တစ်နေ့ တာရဲ့ကျန်ရှိတဲ့အချိန်တွေကို စိတ်အေးချမ်းသာစွာနဲ့ ကုန်ဆုံးစေမှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက နိုင်ငံ ရပ်ခြားသွားရင် အချိန်ကွာဟချက်ရှိတာကြောင့် အလုပ်ချိန် သတ်မှတ်တဲ့အရာမှာ အခက်အခဲအနည်းငယ် ရှိနိုင်ပေမယ့် ခရီးသွားဖော်တွေနဲ့ အတူရှိမယ့်အချိန်တွေကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။   အလုပ်မှာ မရှိမဖြစ် လိုအပ်နေတဲ့သူမဖြစ်ပါစေနဲ့ အလုပ်ထဲမှာ တာဝန်ယူနိုင်တဲ့စိတ်ချယုံကြည်ရတဲ့ အဖွဲ့ရှိသင့်ပြီး တစ်ဦးတစ်ယောက်ကိုမှ အလုပ်မှာမရှိမဖြစ်လိုအပ်နေတဲ့သူဆိုပြီး မခံစားစေသင့်ပါဘူး။ အကျိုးဆက်အနေနဲ့အားလပ်ရက်မှာ သင်ဟာအလုပ်ကိစ္စအတွက်မရှိမဖြစ်လိုအပ်တဲ့ တစ်ဦးတည်းသောသူဆိုတာမျိုးနဲ့ စိတ်မပူပန်ရတော့ပါဘူး။ တစ်စုံတစ်ခုအတွက် ကိုယ့်ရဲ့ Attention လိုအပ်လို့ လုပ်ဖော်ကိုင်ဖက်က အသိပေးစာပို့တယ်ဆိုရင်တောင်    ဒါဟာနောက်ဆုံးနည်းလမ်း ဖြစ်နေလို့ပါ။   အီးမေးလ်ကို စနစ်တကျ စီစဉ်ထားပါ Microsoft Outlook က အီးမေးလ်တွေကို အုပ်စုလိုက်ရွေး ထုတ်ပေးပြီး စနစ်တကျ ထားရှိပေးမှာဖြစ်တဲ့အပြင် လိုအပ်ရင် ရုံးကဝန်ထမ်းတွေဆီကိုပါ   Forward  လုပ်ပေးမှာဖြစ်ပါတယ်။ သင့်ရဲ့ဘော့စ်နဲ့ အကြီးစားဖောက် သည်တွေလို အရေးကြီးတဲ့သူတွေဆီကပဲ တစ်ကိုယ်ရေသုံးအီးမေးလ် အကောင့်ဆီကို ပို့နိုင်အောင် လုပ်ထားနိုင်ပါတယ်။

အယ်ဒီတာအဖွဲ့