မြန်မာနိုင်ငံမှာ လုပ်ငန်းများဆောင်ရွက်နေတဲ့ စင်ကာပူနိုင်ငံ စတော့အိပ်ချိန်းစာရင်းဝင် Yoma Strategic Holdings Ltd ဟာ မြန်မာနိုင်ငံအတွင်း Hino အမှတ်တံဆိပ် ကုုန်တင်ယာဉ်များနဲ့ လူစီးဘတ်စ်ကားများ ဖြန့်ချိရေးနှ၊ ပြင်ဆင်ရေးလုုပ်ငန်းကိုု ဂျပန်နိုင်ငံမှ ထိပ်တန်းကုန်သွယ်မှုလုပ်ငန်းအဖွဲ
့အစည်းတစ်ခုဖြစ်တဲ့ Sumitomo Corporation နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အဆိုပြုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒီဖက်စပ်လုပ်ငန်းဟာ သက်ဆိုင်ရာအာဏာပိုင်တို့ထံမှ ခွင့်ပြုချက်အပေါ် မူတည်လျက်ရှိပြီး၊ ၆၀ ရာခိုင်နှုန်းကို Sumitomo Corporation ၊ ၂၀ ရာခိုင်နှုန်းကို Yoma Strategic ရဲ့ လက်အောက်ခံကုုမ္ပဏီ ဖြစ်တဲ့ Elite Matrix ၊ ကျန်တဲ့၂၀ ရာခိုင်နှုန်းကို Serge Pun & Associates အုုပ်စုုဝင်ကုုမ္ပဏီဖြစ်တဲ့ First Myanmar Investment Co Ltd. တို့မှ အသီးသီး ပိုင်ဆိုင်ကြမှာဖြစ်ပါတယ်။ ဒီဖက်စပ်လုပ်ငန်းမှာ Yoma Strategic က ရင်းနှီးမြှုပ်နှံလိုက်တာဟာ မြန်မာနိုုင်ငံမှာရှိတဲ့ ကုမ္ပဏီရဲ့ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍကို ပိုမိုကျယ်ပြန့်လာစေမှာဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်တာဟာ Sumitomo Corporation ၊ Yoma Strategic Holdings Ltd. နဲ့ First Myanmar Investment Co., Ltd. ပါဝင်တဲ့ SPA ကုမ္ပဏီအုပ်စုတို့အကြား မိတ်ဖက်ဆောင်ရွက်မှုတွေထဲမှာ နောက်ဆုံးဆောင်ရွက်မှုတစ်ခုပါ။ Hino Motors ဟာ Toyota Motor Corporation ရဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဂျပန်နိုုင်ငံမှ အကြီးစားနဲ့ အလတ်စား ကုုန်တင်ယာဉ်တွေ အများဆုံုးထုတ်လုပ်နေတဲ့ ကုုမ္ပဏီဖြစ်ပါတယ်။ အရှေ့တောင်အာရှနဲ့ သြစတြေးလျတို့မှာ အတော်အတန်ကြီးမားတဲ့ ဈေးကွက်ဝေစုကို ရရှိထားတဲ့ Hino အမှတ်တံဆိပ် မော်တော်ယာဉ်တွေဟာ အရည်အသွေးကောင်းမွန်မှု၊ တာရှည်ခံနိုင်မှုနဲ့ယုံကြည်စိတ်ချရမှုတို့ကြောင့် နာမည်ကျော်ပါတယ်။ Hino အမှတ်တံဆိပ် ယာဉ်တွေကို ကမ္ဘာတစ်ဝန်း နှစ်စဉ် ယာဉ်အစီးရေ၁၃၀,၀၀၀ ခန့် ရောင်းချလျက်ရှိပါတယ်။ဂျပန်နိုင်ငံမှာဆိုရင်တော့ Hino အမှတ်တံဆိပ် အကြီးစား၊ အလတ်စား ကုုန်တင်ယာဉ်တွေကိုပဲ လူကြိုက်များတာမဟုတ်ဘဲ အငယ်စားကုုန်တင်ယာဉ်တွေကိုလည်း တဖြည်းဖြည်း လူကြိုက်များလာပါပြီ။ ယခုတစ်ခေါက် Sumitomo Corporation နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး Yoma Strategic ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Andrew Rickards က “Hino အမှတ်တံဆိပ် ကုုန်တင်ယာဉ်တွေနဲ့ ဘတ်စ်ကားတွေကို မြန်မာနိုင်ငံမှာ ဖြန့်ချီဖို့နဲ့ ပြင်ဆင်ကြံ့ခိုင်မှုဆောင်ရွက်ပေး
နိုင်ဖို့ Sumitomo Corporation နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အလားအလာအပေါ် ကျွန်တော်တို့ အပြည့်အဝယုံကြည်မှုရှိပါတယ်။ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ အကြမ်းခံပြီး ဝန်စည်စလှယ်တင်နိုင်မှု အားကောင်းတဲ့ ကုုန်တင်ယာဉ်တွေ ဝယ်လိုအား တိုးတက်လာတာ တွေ့မြင်ရပါတယ်။ အဲဒီဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုလည်း ထိန်းထားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ မြို့ပြဖွံ့ဖြိုးမှု ဆက်လက်ဖြစ်ပေါ်ပြီး၊ ခရီးသွား လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးလာတာနဲ့အမျှ၊ အထူးသဖြင့် မြို့ကြီးများအကြား ကူးလူးသွားလာတဲ့အခါ၊ ခရီးဝေးသွား အဆင့်မြင့်ဘတ်စ်ကားကြီးတွေ ဝယ်လိုအားလည်းတက်လာမှာ ဖြစ်ပါတယ်။ မော်တော်ယာဉ်တွေ ဝယ်လိုအား တဟုန်ထိုး တိုးမြင့်လာတာရဲ့နောက်မှာ မော်တော်ယာဉ်ထုတ်လုပ်တဲ့ လုပ်ငန်းကြီးအများအပြားက မြန်မာနိုုင်ငံ ဈေးကွက်ကို မျက်စိကျနေကြပါတယ်။ မြန်မာနိုင်ငံရဲ့မော်တော်ယာဉ်လု
ပ်ငန်းမှာ ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ဖို့ ရေရှည်အစီအစဉ်တွေနဲ့အညီ ကျွန်တော်တို့ရဲ့ မော်တော်ယာဉ်လုပ်ငန်းဌာနကို ခိုင်မာ လာအောင်ကြိုးပမ်းရာမှာ အခုလိုပူးပေါင်း ဆောင်ရွက်မှုဟာ မှန်ကန်တဲ့ ခြေလှမ်းတစ်ရပ်စတင်လိုက်တာ ဖြစ်တယ်လို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။