ပြင်သစ်အခြေစိုက် Havas ကုမ္ပဏီဟာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ Communication Agency လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့အတွက် Riverorchid ကုမ္ပဏီနဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းတုန်းက ပူးပေါင်းခဲ့ပါတယ်။ Havas Riverorchid အနေနဲ့ အနာဂတ်မှာ လုပ်ငန်းတွေ ဘယ်လိုဆက်လက်လုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး Riverorchid Group ရဲ့ CEO and Founder Santiphong Pimolsaengsuriya (Pick) ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
HAVAS နဲ့ Riverorchid ပူးပေါင်းပြီး ဖွဲ့စည်းပုံ၊ ဘယ်လိုနည်းစနစ်တွေ၊ ညှိနိုင်းမှုတွေနဲ့ လုပ်ဆောင်သွားမှာပါလဲ . . .
ကျွန်တော်တို့နှစ်ဖွဲ့မှာရှိထားတဲ့ နိုင်ငံတကာအတွေ့အကြုံတွေ၊ ပြည်တွင်းအတွေ့အကြုံတွေကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်သွားမှာပါ။ Riverorchid က အင်ဒိုချိုင်းနားဒေသတစ်ဝန်းမှာ အချိတ်အဆက်ကောင်းကောင်းနဲ့ အဆင့်မြင့်တဲ့အဖွဲ့ပါ။ Brand တစ်ခုဖြစ်ဖို့ အမြဲတမ်းရည်မှန်းထားပါတယ်။ Havas နဲ့အတူ ကျွန်တော်တို့ ဒီလိုဖြစ်အောင် ဆက်လက်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ Riverorchid က ငယ်ရွယ်နုပျိုပြီး အင်ဒိုချိုင်းနားဒေသမှာ အောင်မြင်ချင်တဲ့ အဖွဲ့အစည်းဖြစ်သလို ကမ္ဘာမှာကွန်ရက်ကောင်းတွေ ရှိထားပြီး တိုးတက်မှုမြန်နေတဲ့ HAVAS ကလည်း အင်ဒိုချိုင်းနားဒေသအတွက် ခိုင်မာတဲ့ယုံကြည်မျော်လင့်ချက်တွေ ရှိထားတဲ့အဖွဲ့အစည်းပါ။ ဒါကြောင့် ဒီပူးပေါင်းမှုက ပြီးပြည့်စုံပြီး ဒီပူးပေါင်းညှိနှိုင်းမှုကနေ အကျိုးကျေးဇူးတွေ အများကြီးရမယ်လို့ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံဈေးကွက် ချိတ်ဆက်မှုလုပ်ငန်းနယ်ပယ် (Marketing Communication Industry) အပေါ် အမြင် . . .
မြန်မာနိုင်ငံရဲ့ လုပ်ငန်းနယ်ပယ်တိုင်းလိုလိုဟာ ပြောင်းလဲတိုးတက်မှုတွေ အလွန်မြန်ဆန်ပါတယ်။ Marketing Communication ကလည်း ဒီထဲမှာ အပါအဝင်ပေါ့။ စားသုံးသူပရိသတ်တွေရဲ့ အမူအကျင့်တွေ မြန်မြန်ဆန်ဆန်ကြီး ပြောင်းလဲလာတာကြောင့် ကျန်အမှတ်တံဆိပ်တွေအနေနဲ့ အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင် လေ့လာသိရှိအောင်လုပ်ရမယ်။ Customer တွေရဲ့ လျင်မြန်တဲ့ပြောင်းလဲမှုကို နားလည်နိုင်လောက်တဲ့ နည်းပညာတွေ၊ Tool ကောင်းကောင်းတွေကို မဖြစ်မနေသုံးရတော့မယ်။ Havas Riverorchid က ကျွန်တော်တို့ Client တွေရဲ့အနေအထားကို နက်နက်ရှိုင်းရှိုင်းသိရှိပြီး ပြိုင်ဘက်တွေထက် ရှေ့ရောက်အောင်၊ ပိုပြီးလျင်လျင်မြန်မြန် ဆောင်ရွက်နိုင်အောင် ဒီမှာ ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပါတယ်။
Havas Riverorchid အတွက် စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ . . .
ကျွန်တော်တို့ Team အနေနဲ့ လက်ရှိ ကျွန်တော်တို့အသုံးပြုမယ့် Tool အသစ်တွေနဲ့ အကျွမ်းတဝင်ဖြစ်ဖို့ လိုပါတယ်။ ဒါမှလည်း Client တွေကို မှန်ကန်တဲ့ထိတွေ့မှု၊ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အခုသိရှိထားတဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံကျွမ်းကျင်မှုတွေနဲ့ Class Tool တွေအပေါ် အခွင့်အရေးကောင်းရယူချင်တဲ့ Client တွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် လုပ်ငန်းကြီးထွားလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှု Service နဲ့ Product ကို အရည်အသွေးနဲ့ပတ်သက်ရင် အထိခိုက်ခံမှာမဟုတ်ဘူးဆိုတာ Client တွေကို အာမခံပေးဖို့ လိုပါတယ်။
လက်ရှိ Client တွေကို သိပါရစေ . . .
Heinken ၊ Ooredoo ၊ Jack N Jill ၊ Healthy Chef ၊ Equal ၊ Western Union ၊ Huawei ၊ Acer အပါအဝင် အခြားရှိပါသေးတယ်။
နောင်လာမယ့် ၃-၅ နှစ်အတွက် အစီအစဉ် . . .
အင်ဒိုချိုင်းနားဒေသမှာ အကောင်းဆုံး၊ အမြင့်ဆုံး Communication Network ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အမြဲတမ်းရည်မှန်းချက်ပန်းတိုင်ပါ။ ကျွန်တော်တို့အနေနဲ့ ၂၀၁၄ခုနှစ်မှာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံအတွက် ဖန်တီးမှုအကောင်းဆုံးနဲ့ အကောင်းဆုံး မီဒီယာအေဂျင်စီအဖြစ် အောင်မြင်မှုရရှိခဲ့တာကို အလွန်ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ အင်ဒိုချိုင်းနားဒေသအတွက် သတင်းအချက်အလက်တွေကို နက်နက်ရှိုင်းရှိုင်းပိုသိအောင်လုပ်ပြီး ပိုထိရောက်တဲ့ Tools တွေကို ဆောင်ကြဉ်းပေးမှာဖြစ်ပါတယ်။ အဲဒီဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံကလည်း အဓိကအစိတ်အပိုင်းကြီးတစ်ခုအဖြစ် ပါဝင်နေမှာဖြစ်ပါတယ်။
Client တွေအတွက် အဓိကဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေက ဘာတွေပါလဲ . . .
Havas Riverorchid က အပြည့်အဝဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုတွေကတော့ Research ၊ Brand Identity ၊ Ideation ၊ Media ၊ Prduction ၊ Activation ၊ PR ၊ Digital ၊ Shopper & Shop Keeper Marketing နဲ့ Database Management တို့ ဖြစ်ပါတယ်။ Client အများစုက နိုင်ငံတွင်းတစ်နေရာတည်းမှာပဲ Service အားလုံးအပြည့်အစုံရနိုင်တာကို နှစ်သက်ကြတယ်။ တချို့ကတော့ ကျွန်တော်တို့ရဲ့ ချိတ်ဆက်မှုကွန်ရက် အားကောင်းတာအပေါ် မူတည်ပြီး ပြည်ပတိုင်းပြည်တွေနဲ့ပါ ချိတ်ဆက်ပြီး အကောင်းဆုံးအသုံးချတတ်ကြပါတယ်။
ဒီ Industry ရဲ့ အလားအလာနဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုမြင်ပါသလဲ . . .
စိန်ခေါ်မှုကတော့ Brand တွေအနေနဲ့ လူ့အဖွဲ့အစည်းရဲ့လျင်မြန်တဲ့ပြောင်းလဲမှုကို လိုက်မီအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Industry နဲ့အတူ ကြော်ငြာ Industry ကလည်း တစ်ပြေးညီတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီအပြောင်းအလဲရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေရတဲ့အတွက် ကျေနပ်ပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကဏ္ဍတစ်ခုလုံးမှာ ပါဝင်ကူညီတည်ဆောက်သွားမှာပါ။
မြန်မာစားသုံးသူလူထုအပေါ် လက်ရှိအမြင်နဲ့ AEC ဝင်လာပြီးတဲ့နောက် အမြင် . . .
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီကနေ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာမယ်လို့ မြင်ပါတယ်။ ဒီအတွက် စီးပွားရေးတစ်ခုလုံး တိုးတက်လာပါလိမ့်မယ်။ မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း အင်ဒိုချိုင်းနားဒေသတစ်ခွင်ကို လုပ်ငန်းတွေတိုးချဲ့လာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ကို အဲဒီလိုဖြစ်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမှာ ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။
လက်ရှိ မီဒီယာအခင်းအကျင်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက် . . .
မီဒီယာမှာတော့ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်အသုံးပြုမှုက လွှမ်းမိုးချုပ်ကိုင်နေပါလိမ့်မယ်။ ကြီးကြီးမားမား မတိုးတက်နိုင်သေးပေမယ့် အဆင့်ဆင့်တိုးပွား မြင့်တက်သွားမှာပါ။ အနာဂတ်မှာ ဒစ်ဂျစ်တယ်မီဒီယာက ပိုပြီး ထင်ရှားတဲ့အခန်းကဏ္ဍမှာ ပါဝင်လာလိမ့်မယ်။ သူ့အချိန်ရောက်လာပါလိမ့်မယ်။
အယ်ဒီတာအဖွဲ့