GUSTO Institute of Information Technology ရဲ့ Graduation Ceremony

article landscape wartermark final20 ၂၀၁၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က GUSTO Institute of Information Technology ကျောင်းမှ  Graduation Ceremony ကို ရန်ကုန်မြို့၊ ကန်တော်ကြီးပန်းခြံအတွင်းရှိ ကရဝိတ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ GUSTO Institute of Information Technology ရဲ့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းထိန်ဝင်း က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဆုရကျောင်းသူကျောင်းသားများနဲ့ သင်တန်းတက်ရောက်အောင်မြင်တဲ့ ကျောင်းသူ ကျောင်းသားတွေကို Certificate များပေးအပ်ချီးမြင့်ခဲ့ပါတယ်။ GUSTO နည်းပညာကျောင်း တည်ထောင်ရတဲ့ရည်ရွယ် ချက်နဲ့ပတ်သက်လို့ ဦးဝင်းထိန်းဝင်း က Gusto ကို ၂၀၀၆ ခုနှစ်က စတင် တည်ထောင် ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်ဝင်နိုင်မယ့် International Courses တွေကိုသာသင်ကြားပို့ချခဲ့တာဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှာတော့ UK က Edexcel (Higher National Diploma in Computing) နဲ့ပူးပေါင်းပြီး  ပြည်တွင်း ပြည်ပ IT နည်းပညာလိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့နဲ့ ကွန်ပျူတာပညာရှင်တွေကို မွေးထုတ်နိုင်ဖို့အတွက် စတင် ပြုလုပ်ခဲ့ကြောင်း၊ ဒီနေ့ ပေးအပ်တဲ့ Diploma ဟာဆိုရင် မြန်မာနိုင်ငံက တက္ကသိုလ်တွေရဲ့ ဒုတိယနှစ်နဲ့ ညီမျှကြောင်း၊ HND Diploma ပေးအပ်တာက ယခုအကြိမ်နဲ့ဆိုရင် လေးကြိမ်ရှိပြီဖြစ်ကာ ကျောင်းသားဦးရေ ၁၀၀ ကျော်လောက်မွေးထုတ်ပြီးဖြစ်ကြောင်း၊  မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းတွေထဲမှာ Gusto ကျောင်းတစ်ခုတည်းကသာ IT နည်းပညာတစ်မျိုးတည်းကိုပဲ သင်ကြားပို့ချတာဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။ HND Foundation Batch 7 မှ ဆုရရှိသွားတဲ့ကျောင်းသူကျောင်းသားတွေကတော့ ပထမဆု မောင်ဇန်ရဲလင်း၊ ဒုတိယဆု မောင်အောင်ဇော်ဇော် နဲ့ တတိယဆု မောင်အောင်သူအောင် တို့ဖြစ်ပြီး ကျောင်းတက်မှန်ကန်မှု၊ စည်းကမ်းလိုက်နာမှု၊ Communication ကောင်းမှု စတဲ့ အဘက်ဘက်မှ ထူးချွန်တဲ့ကျောင်းသူကျောင်းသား  ၃ ဦးကိုလည်း Principal Award ချီးမြှင့်ပေးခဲ့ပါတယ်။   article landscape wartermark final12 article landscape wartermark final7 article landscape wartermark final5 people portrait water mark final4 people portrait water mark final3