News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
GUSTO Institute of Information Technology ရဲ့ Graduation Ceremony
Editorial
July 2, 2014
IT
Local News
News
၂၀၁၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က GUSTO Institute of Information Technology ကျောင်းမှ Graduation Ceremony ကို ရန်ကုန်မြို့၊ ကန်တော်ကြီးပန်းခြံအတွင်းရှိ ကရဝိတ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ GUSTO Institute of Information Technology ရဲ့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းထိန်ဝင်း က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဆုရကျောင်းသူကျောင်းသားများနဲ့ သင်တန်းတက်ရောက်အောင်မြင်တဲ့ ကျောင်းသူ ကျောင်းသားတွေကို Certificate များပေးအပ်ချီးမြင့်ခဲ့ပါတယ်။ GUSTO နည်းပညာကျောင်း တည်ထောင်ရတဲ့ရည်ရွယ် ချက်နဲ့ပတ်သက်လို့ ဦးဝင်းထိန်းဝင်း က Gusto ကို ၂၀၀၆ ခုနှစ်က စတင် တည်ထောင် ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်ဝင်နိုင်မယ့် International Courses တွေကိုသာသင်ကြားပို့ချခဲ့တာဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှာတော့ UK က Edexcel (Higher National Diploma in Computing) နဲ့ပူးပေါင်းပြီး ပြည်တွင်း ပြည်ပ IT နည်းပညာလိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့နဲ့ ကွန်ပျူတာပညာရှင်တွေကို မွေးထုတ်နိုင်ဖို့အတွက် စတင် ပြုလုပ်ခဲ့ကြောင်း၊ ဒီနေ့ ပေးအပ်တဲ့ Diploma ဟာဆိုရင် မြန်မာနိုင်ငံက တက္ကသိုလ်တွေရဲ့ ဒုတိယနှစ်နဲ့ ညီမျှကြောင်း၊ HND Diploma ပေးအပ်တာက ယခုအကြိမ်နဲ့ဆိုရင် လေးကြိမ်ရှိပြီဖြစ်ကာ ကျောင်းသားဦးရေ ၁၀၀ ကျော်လောက်မွေးထုတ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကကျောင်းတွေထဲမှာ Gusto ကျောင်းတစ်ခုတည်းကသာ IT နည်းပညာတစ်မျိုးတည်းကိုပဲ သင်ကြားပို့ချတာဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။ HND Foundation Batch 7 မှ ဆုရရှိသွားတဲ့ကျောင်းသူကျောင်းသားတွေကတော့ ပထမဆု မောင်ဇန်ရဲလင်း၊ ဒုတိယဆု မောင်အောင်ဇော်ဇော် နဲ့ တတိယဆု မောင်အောင်သူအောင် တို့ဖြစ်ပြီး ကျောင်းတက်မှန်ကန်မှု၊ စည်းကမ်းလိုက်နာမှု၊ Communication ကောင်းမှု စတဲ့ အဘက်ဘက်မှ ထူးချွန်တဲ့ကျောင်းသူကျောင်းသား ၃ ဦးကိုလည်း Principal Award ချီးမြှင့်ပေးခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း