စပိန်နိုင်ငံရဲ့ သတင်းအချက်အလက် ကာကွယ်ရေး Agency က နိုင်ငံရဲ့ ဥပဒေသ ၃ ခုကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုနဲ့ပတ်သက်ပြီး Search Engine Giant Google ကို ယူရို ကိုးသိန်း (ဒေါ်လာ ၁.၂ သန်း) ဒဏ်ငွေတပ်လိုက်တယ်လို့ ပြောပါတယ်။ Agency ရဲ့ ကြေငြာစာတမ်းမှာ ဥပဒေသ တစ်ခုကို ချိုးဖောက်မှုအတွက် ယူရို သုံးသိန်းစီ ဒဏ်တပ်ကာ ဥပဒေနဲ့အညီ နှောင့်နှေးခြင်းမရှိ ပြန်လည်ပြင်ဆင်ဖို့လည်း Google ကို တောင်းဆိုထားပါသေးတယ်။ အဲဒီ စာတမ်းမှာ Google က ကိုယ်ရေးအချက်အလက်တွေကို တရားမဝင် စုဆောင်း၊ သုံးစွဲတယ်လို့ပြောထားပါတယ်။ ဆိုလိုတာကတော့ Google အနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ရှင်းလင်းသေချာစွာဖော်မပြထားတဲ့ ရည်ရွယ်ချက်တွေအတွက် စုပေါင်းသုံးဆွဲတယ်၊ ကိုယ်ရေးအချက်အလက်တွေကို အတိအကျသတ်မှတ်ထားတဲ့ အချိန်ကာလအတိုင်းအတာတစ်ခုအထိ သိမ်းဆည်းထိန်းသိမ်းထားတယ်ဆိုတာပါပဲ။ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နဲ့ စပိန်နိုင်ငံတွေမှာရှိတဲ့ သတင်းအချက်အလက်စောင့်ကြည့်ရေးအဖွဲ့တွေက ဒီနိုင်ငံအသီးသီးက ပြဌာန်းထားတဲ့ ကိုယ်ရေးအချက်အလက်ကာကွယ်ရေး ဥပဒေသတွေနဲ့ ကိုက်ညီစေဖို့ Google အနေနဲ့ အာမခံပေးမှုတွေထပ်မံပြုလုပ်ဖို့ လိုနေတယ်ဆိုပြီး ပြောထားပါသေးတယ်။ စပိန်နိုင်ငံက Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Marisa Toro ကတော့ ကုမ္ပဏီအနေနဲ့ အဲဒီ ကြေငြာစာတမ်းကို လေ့လာနေတယ်လို့ ဆိုထားပါတယ်။
Ref : AP