နောက်ဆုံးပေါ် KitKat လို့ အမည်ပေးထားတဲ့ Android Operating System ပါဝင်တဲ့ Nexus 5 စမတ်ဖုန်းကို Google ကုမ္ပဏီက အောက်တိုဘာလ ၃၁ ရက်နေ့မှာ စတင်ဖြန့်ချိလိုက်ပါတယ်။ တောင်ကိုရီးယား အီလက်ထရွန်းနစ်ကုမ္ပဏီ LG က ဒီဖုန်းတွေကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ အခုဖုန်းသစ်အတွက် Memory ပါဝင်မှု 16 GB ကို ၃၄၉ ဒေါ်လာနဲ့ 32 G ကို ၃၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီစနစ်ပါဝင် တဲ့ဖုန်းနဲ့ဆိုရင် ရုပ်ရှင်ရုံနားရောက်တာနဲ့ ရုပ်ရှင်ပြသချိန်တွေကို အလိုအလျောက်ဖော်ပြပေးသလို၊ စီးပွားရေးလုပ်ငန်းတစ်ခုက ဖုန်းခေါ်ရင်လည်း အဲဒီလုပ်ငန်းရဲ့ဝက်ဘ်ဆိုက်က အချက်အလက်တွေကို ဖုန်းသံမြည် တာနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။