ဟိုတယ်တွေရဲ့ အတွင်းပိုင်းပြင်ဆင်ပုံကို ပြသပေးနိုင်ဖို့ Street View လို လုပ်ဆောင်ချက်တစ်မျိုးကို Google တီထွင်နေ

်   Google maps မှာတွေ့ရတဲ့ Street View လုပ်ဆောင်ချက်နဲ့ ဆင်တူတဲ့ မြင်ကွင်းကျယ် အရည်အသွေးမြင့်ဓာတ်ပုံတွေကို စုပေါင်းပြီး ၃၆၀ ဒီဂရီ တွေ့မြင်နိုင်မယ့်ပုံစံ ပြုလုပ်မယ့် အပြောင်းအလဲက ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ Best Western ကတော့ သူ့ရဲ့ North American Properties 2200   လုံးရဲ့ ဓာတ်ပုံတွေကို ဒီနှစ်ကုန်မှာ online ပေါ်တင်နိုင်လောက်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ Radisson ရဲ့ Radisson Blu နဲ့ Park Inn hotel အကုန်လုံးက Google Hotel Finder ကို အသုံးပြုထားပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတုန်းကတော့ Radisson ၁၀၀ နဲ့ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံထဲမှာရှိတဲ့ Country Inn တွေ Suite hotel တွေ ဒီ program ကို ပါဝင်စမ်းသပ်ခဲ့ကြပါသေးတယ်။ Google Wallet (online payment application တစ်မျိုးဖြစ်ပြီး သူက သတင်းအချက်အလက်တွေကိုလည်း သိမ်းထားပေးနိုင်ပါတယ်) ဟာ ဟိုတယ်လောကထဲကိုဝင်လာတဲ့ Google ရဲ့နောက်ဆုံးလှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ Google Wallet app နဲ့ပူးပေါင်းဖို့ Omni hotel နဲ့ resort တွေနဲ့ Marriott International တို့သာ ကျန်တော့တာပါ။ ခရီးသွားလာရေးလုပ်ငန်းတွေထဲမှာ Avis ကား အငှားလုပ်ငန်း၊ Amtrak ၊ Alaska လေကြောင်းလိုင်းတွေနဲ့ Orbitz တို့ကတော့ Google Wallet ကတစ်ဆင့် ဝန်ဆောင်မှုပေးဖို့ ကျန်နေသေးတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။

Ref : AP