Google တည်ထောင်သူ လူငယ်နှစ်ဦး

google

ရဲမြင့် (စွန့်ဦးတီထွင်) - မြန်မာပြန်

ဤစာအုပ်သည် စွန့်ဦးတီထွင်ကုမ္ပဏီများ၏အကြံပေးနှင့် စီလီကွန်တောင်ကြား (Silicon Valley) အကြောင်း နှစ်ပေါင်း ၂၀ ခန့်ရေးသားခဲ့သော ဆုတံဆိပ်ရသတင်းသမား တစ်ဦးဖြစ်သည့် Richard L.Brandt ရေးသားထားသော The Google Guys စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ အဆိုပါစာအုပ်တွင် ကွန်ပျူတာကို စွဲစွဲလမ်းလမ်းဝါသ နာပါတာချင်းလည်းတူ၊ နိုင်ငံရေးအရလက်ဝဲသမားစိတ်ဓာတ်ရှိတာချင်းလည်းတူ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်တာချင်း လည်းတူညီသည့် လူငယ်နှစ်ဦး စတင်းဖို့ဒ်တက္ကသိုလ်တွင်တွေ့ကြပြီး '' အင်တာနက်သည် လူတိုင်းအတွက် '' ဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆောင်ကာ တစ်ကမ္ဘာလုံးမှသတင်းအချက်အလက်များကို စုစည်းနိုင်ခဲ့သော Google ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သည့်အကြောင်းကို သူတို့၏ မိသားစုဘဝ၊ ကျောင်းသားဘဝ၊ ကုမ္ပဏီလုပ်ငန်းရှင်ဘ၀ ဇာတ်ကြောင်းတို့နှင့်အတူ ရေးသားဖော်ပြထားသည်။ ငွေအရင်းအနှီးလုံးဝမရှိပါဘဲ စီလီကွန်တောင်ကြားကုမ္ပဏီ တည်ထောင်နိုင်ရန် ငွေအရင်းအနှီးရှာပုံ၊ ကုမ္ပဏီလုပ်ငန်းအပေါ်ထားရှိသောသူတို့၏ ထူးဆန်းသည့်အမြင်များ၊ ခံယူချက်များ၊ နည်းပညာထုတ်လုပ်မှုအပေါ်ထားသည့် သူတို့၏မြင့်မားလှသောရည်မှန်းချက်စံနှုန်းများကို မူရင်းစာရေး ဆရာက သူ့ကဏ္ဍအလိုက် မီးမောင်းထိုးတင်ပြပုံများက ဤစာအုပ်၏အနှစ်သာရဖြစ်ကြောင်း ဘာသာပြန်သူက ညွှန်းထားပါသည်။ တူဒေးစာအုပ်တိုက်က ပထမအကြိမ်ထုတ်ဝေသည်။ တန်ဖိုး- ၃,၀၀၀ကျပ်။