
ဆိုင်တည်နေရာ
ဆိုင်တည်နေရာကတော့ ပြည်ထောင်စုလမ်းနဲ့ ပင်လုံလမ်းထောင့် (မဝတ မှတ်တိုင်အနီး)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ဖြစ် ပြီး Email လိပ်စာကတော့ [email protected] နဲ့ ဖုန်းနံပါတ် ၀၉-၄၃၁၀၉၈၆၁ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ဆိုင်စတင်ဖွင့်လှစ်ခဲ့တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန်
ဒီဆိုင်ကို စတင်ပြီးဖွင့်လှစ်ခဲ့တဲ့နေ့ကတော့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဖြစ်ပါတယ်။ ဆိုင်ကိုလည်း ၂၄ နာရီ ဖွင့်လှစ်ပေးထားပါတယ်။
ဆိုင်နာမည်ပေးဖြစ်ပုံ
မိသားစုတွေ လာရောက်အပန်းဖြေနိုင်အောင် ပန်းခြံ သဘောကို ပေါ်လွင်စေချင်တာလည်း ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာလူမျိုးတွေက ရွှေကိုတန်ဖိုးထား ကြပါတယ်။ ဒါကြောင့် ရွှေပန်းခြံဆိုပြီး နာမည်ပေးဖြစ် သွား တာပဲ ဖြစ်တယ်လို့ သိရပါတယ်။အသုံးပြုထားတဲ့ Product ဆိုင်အပြင်အဆင်
ဒီမှာသုံးထားတဲ့ Product အကုန်လုံးက ကိုရီးယားကနေ တင်သွင်းတဲ့ Product တွေပဲ ဖြစ်ပါတယ်။ ဆိုင်အပြင် အဆင်ပိုင်းကတော့ ပြည်တွင်းက ကုန်ကြမ်းတွေကို ကိုရီး ယားနည်းပညာနဲ့ ပေါင်းစပ်ပြီး ပြုလုပ်ထားပေးတယ်လို့ သိရပါတယ်။ ခေါင်းလျော်ရည်ကအစ ကိုရီးယားက တိုက်ရိုက်တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကိုပဲသုံးတယ်လို့ Marketing Manager ဖြစ်သူMr Ji Hoon Park က ပြောပြခဲ့ပါ တယ်။
ဝန်ဆောင်မှုအပိုင်း
ဝန်ဆောင်မှုတွေအနေနဲ့ကတော့ သီးသန့်ထားပေးတာမျိုး မရှိပါဘူး။ Customer စိတ်တိုင်းကျဖြစ်အောင်လို့ အစစ အရာရာ စီမံပေးထားပါတယ်။ နောက်တစ်ခုကလည်း ၂၀ ရာခိုင်နှုန်း Discount ကိုလည်း ပေးထားတာတွေရှိတယ် လို့ သိရပါတယ်။ဆိုင်ရဲ့ထူူးခြားမှု
ဒီ Spa က ရန်ကုန်မှာရှိတဲ့ တခြားသောဆိုင်တွေနဲ့ မတူတဲ့ အချက်တွေ ရှိပါတယ်။ ဘာတွေလဲဆိုတော့ အခုမြန်မာ နိုင်ငံမှာ ရှိနေကြတာက အလှအပကို အဓိကထားတဲ့ Spa တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာက ချွေးထုတ်ခန်းတွေ ရှိတယ်၊ ရေနွေးငွေ့ရေချိုးကန်တွေရှိတယ်။ ကိုရီးယားမှာရှိတဲ့ Spa ပုံစံမျိုး လုပ်ပေးထားတာပဲဖြစ်ပါတယ်။ ကျန်း မာရေးပိုင်းကို ပထမဦးစားပေးထားတယ်။ ပြီးတော့ မှ အလှအပဘက်ကို သွားတာဖြစ်တယ်လို့ ဆိုပါ တယ်။ ကလေးအရွယ်ကနေ လူကြီးတွေအထိ မိ သားစုလိုက်သုံးလို့အဆင်ပြေပါတယ်။ တစ်ယောက် တည်း လာရောက်တာမျိုးမဟုတ်ဘဲ အတူတကွ အား လုံးလာရောက်ပြီး ကျန်းမာရေးအတွက် လုပ်ဆောင် လို့ရပါတယ်လို့ Marketing Manager Mr Ji Hoon Park က ပြောပြခဲ့ပါတယ်။
အနာဂတ်အစီအစဉ်တွေ
မြန်မာနိုင်ငံမှာ ဒီလိုကိုရီးယား Spa က ပထမဦး ဆုံး ဖွင့်လှစ်တာပဲ ဖြစ်ပါတယ်။ လာရောက်သုံးစွဲ တဲ့သူတွေ ပိုပြီးသိလာမယ်ဆိုရင် နောက်ပိုင်းမှာ ဆိုင်သစ်တွေကိုလည်းထပ်ပြီးဖွင့်လှစ်သွားမယ့် အစီအစဉ်တွေ ရှိပါတယ်။ ဝန်ဆောင်မှုတွေကိုလည်း ကောင်းမွန်အောင် စီမံပေးသွားမှာဖြစ်တယ်လို့ သိရ ပါတယ်။


