The Pizza Company ရဲ့ General Manager Victor Raj ကို တွေ့ဆုံခိုက်မှာ သူတို့လက်ရှိလုပ်နေတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ The Pizza Company နဲ့ Swensens ကို စတင်လုပ်ကိုင်ခဲ့တာကစပြီး ဝန်ထမ်းအနေအထားတွေ၊ အရည်အသွေးထိန်းသိမ်းပုံတွေနဲ့ အနာဂတ်အစီအစဉ် စတဲ့ အကြောင်းအရာတွေကို မေးမြန်းခဲ့တာပါ။
စတင် Franchise လုပ်ခဲ့ပုံ ကျွန်တော်တို့က The Pizza နဲ့ Swensens ကို ထိုင်းနိုင်ငံကကုမ္ပဏီကနေ Franchise ယူထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ EFG (Express Food Group) ကုမ္ပဏီက The Pizza နဲ့ Swensens ကို Franchise ယူပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး စီးပွားရေးလာလုပ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ The Pizza ဖြန့်ချိခွင့်ကို တစ်ဦးတည်းမူပိုင်ခွင့် ရယူပြီး ၂၀၁၃ခုနှစ် မေလမှာ လုပ်ငန်းစတင်ခဲ့ပါတယ်။
ဝန်ထမ်းအနေအထားနဲ့ ဆိုင်ခွဲတွေ ဒီမှာ ဆိုင်မဖွင့်ခင် မြန်မာပြည်က ဝန်ထမ်းတွေအားလုံးကို ထိုင်းနိုင်ငံကို ခေါ်ယူပြီး training ပေးပါတယ်။ ဝန်ထမ်းတွေကို အနည်းဆုံး ၄၅ရက် လေ့ကျင့်ပေးပေမဲ့ သူတို့တွေရဲ့ အရည်အချင်းမပြည့်ဝသေးဘူးယူဆရရင် သူတို့ကို အရည်အချင်းပြည့်ဝတဲ့ အထိ အနည်းဆုံး ၁ရက်ကို ၁၀နာရီလောက်လေ့ ကျင့်ပေးပါတယ်။ သူတို့ အရည်အချင်းပြည့်ဝတော့မှ ကျွန်တော်တို့က မြန်မာပြည်ကို ပြန်လာပြီး နောက်ထပ် ဝန်ထမ်းအသစ်တွေကို Train လုပ်တဲ့သူဖြစ်တဲ့လုပ်ပေးပါတယ်။ ဒါကမြန်မာပြည်မှာ ပထမဦးဆုံး လုပ်တာဖြစ်တဲ့ အတွက်ကြောင့် သူတို့အတွက် နည်းနည်းတော့ ဆန်းနေပါ တယ်။ ပထမဦးဆုံးအခေါက်သူတို့ကို လေ့ကျင့်ပေးတုန်းက ဘာသာစကားအခက်အခဲ အနည်းငယ် ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေသွားခဲ့ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှာ လက်ရှိဝန်ထမ်းပေါင်း ၂၅၀ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပထဦးဆုံး The Pizza အရောင်းဆိုင်ကို ရန်ကုန်မြို့မှာရှိတဲ့ ဒဂုံ စင်တာမှာ ၂၀၁၄ မတ်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယတစ်ခုကိုတော့ ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ Ocean Shwegonedine မှာဖွင့်လှစ်ခဲ့ပါတယ်။ ဒါအပြင် Swensens ကိုလည်း ဒဂုံစင်တာမှာ စတင်ဖွင့်လှစ်ခဲ့ပြီး Junction Mawtin နဲ့ Ocean Shwegonetine တို့မှာ ဆက်လက်ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာပြည်တွင်းမှာ Franchise ပြန်ပေးဖို့ အစီအစဉ် ကျွန်တော်တို့ ကုမ္ပဏီက Franchise ယူထားတဲ့ The Pizza Company နဲ့ Swensens ကို နိုင်ငံတနိုင်ငံရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ကို ယူထားတဲ့ အတွက်ကြောင့် သူများကို Franchise ပြန်ပေးလို့ရတဲ့ အခွင့်အရေးရှိပေမယ့် ကျွန်တော်တို့က သူများကို Franchise ပြန်ပေးဖို့ အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းရဲ့ အရေးကြီးဆုံးက အရည်အသွေးကို ထိန်းသိမ်းထားဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ပီဇာတိုင်းကို တစ်ခုနဲ့ တစ်ခု အရည် အသွေး၊ အရသာ နဲ့ အလေးချိန် ညီနေအောင် သေသေချာချာကို ပြုလုပ်ထားရတဲ့အတွက်ကြောင့် တခြားလူတစ်ယောက်က ကျွန်တော်တို့ရဲ့ ပီဇာကို လိုက်လုပ်ဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တခြားလူတစ်ယောက်ကို Franchise ပေးမယ်ဆိုရင်လည်း အရည်အသွေးကို ထိန်းဖို့ခက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က အရည်အသွေးကို အဓိကထိန်းထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ပီဇာကို ဘယ်နိုင်ငံက ဘယ်ဆိုင်မှာပဲဝယ်ဝယ် အရသာ၊ အလေးချိန် အစရှိတာတွေက အတူတူပဲဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေအားလုံးကို မူလ Franchise ပေးသူဆီကပဲ ဝယ်ရပါတယ်။ ဒါက မြန်မာပြည်ရဲ့ စားသောက်ကုန်တွေက မကောင်းလို့မဟုတ်ပါဘူး။ Franchise လုပ်ငန်း လုပ်တဲ့သူတွေရဲ့ အဓိကသတိထားရတဲ့ အချက်ဖြစ်ပါတယ်။ Franchise ရဲ့အဓိက နာမည်ကျော်ရတဲ့ အကြောင်းက အရည်အသွေးကို ထိန်းနိုင်လို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စတုရန်းမီတာ၂၅၀ကျယ်တဲ့စတိုခန်းမှာ ဆိုရင် အနည်းဆုံး နောက်ထပ် ၂လလောက်သုံးလို့ရနိုင်တဲ့ စားသောက်ကုန်တွေကို အမြဲတမ်း သိုလှောင်ထားပါတယ်။ ဒါကြောင့် ကျွန်တော့် ဆီမှာ အခုလောလောဆယ် နိုဝင်ဘာလ ၁၅ရက် အထိသုံးလို့ရတဲ့ အစားအသောက်တွေ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ ရဲ့ ပစ္စည်းတွေ ကုန်သွားရင် အပြင်က စူပါမားကတ်တွေမှာ သွားဝယ်လို့မရတဲ့ အတွက် ကျွန်တော်တို့က တနေ့သုံးလိုက်တဲ့ ပစ္စည်းတွေကိုလည်း စနစ်တကျ နဲ့ စာရင်းမှတ်ထား ပါတယ်။
ကုမ္ပဏီရဲ့ အနာဂတ် အစီအစဉ် ... ကျွန်တော်တို့ ကုမ္ပဏီဟာ ၆လအတွင်းမှာ The Pizza နှစ်ဆိုင် နဲ့ Swensens ဆိုင်သုံးဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နောက်နှစ်မှာ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ၅ဆိုင်နဲ့ ၈ဆိုင်ကြားမှာ ဖွင့်နိုင်ဖို့ အစီအစဉ်ရှိပြီး နောက်၅နှစ်ကြာတဲ့ အခါမှာ ဆိုင်ခွဲပေါင်း ၅၀လောက်ဖွင့်နိုင်ဖို့အထိ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို အခုလောလောဆယ် ရန်ကုန်ဈေးကွက်မှာပဲ အဓိကထားလုပ်ဆောင်နေပေ မယ့် နေပြည်တော်နဲ့ မန္တလေးဈေးကွက်တွေကိုလည်း ထိုးဖောက်ဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပင်ရင်းကုမ္ပဏီဟာ RMA လို့ခေါ်တဲ့ ဂျပန်-အမေရိကန် ကုမ္ပဏီဖြစ်ပါတယ်။ EFG ဟာ RMA ရဲ့ စားသောက်ကုန် လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ EFG ကုမ္ပဏီဟာ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ စင်ကာပူတို့မှာ စားသောက်ဆိုင်တွေရှိပါတယ်။ ကျွန်တော်တို့ EFG ကုမ္ပဏီဟာ ကမ္ဘောဒီးယား မှာ စားသောက်ဆိုင် ၄၂ဆိုင်ဖွင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ စားသောက်ကုန်လုပ်ငန်းတွေအပြင် တခြား စီးပွားရေးလုပ်ငန်းတွေကိုလည်း မြန်မာပြည်မှာ လုပ်ကိုင်နေပါတယ်။