GE Healthcare Lifecare Solutions ကို ဦးဆောင်နေသူ Thierry Leclercq

စွမ်းအင်နယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ အိမ်သုံးပစ္စည်းနယ်ပယ်၊ သယ်ယူပို့ဆောင်ရေးနယ်ပယ်နဲ့ ဘဏ္ဍရေးနယ်ပယ်တို့မှာ Building ၊ Powering ၊ Moving နဲ့ Curing ဆိုတဲ့ ကဏ္ဍလေးရပ်နဲ့ လုပ်ကိုင်ဆောင် ရွက်နေတဲ့  အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့    General Electric(GE) ဟာ မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး  GE ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့GE Healthcare ဟာ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စက်ကိရိယာတွေကို ဖြန့်ချိလျက်ရှိပါတယ်။ GE Healthcare  ၊Lifecare Solutions  ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr Thierry Leclercq  နဲ့ တွေ့ဆုံးမေးမြန်းဖြစ်ခဲ့တာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။   article landscape wartermark final2  

ကိုယ်ရေးအကျဉ်း

Thierry Leclercq ဟာ GE Healthcare ၊  Life Support Solutions  ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ်အဖြစ် ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့တာဖြစ်ပြီး နည်းပညာအမျိုးမျိုး ဖွံ့ဖြိုးတိုး တက်ရေး၊  မေ့ဆေး၊ မွေးကင်းစကလေး ဂရုတစိုက်စောင့်ရှောက်မှု၊ မီးဖွားမှု၊ မျက်ခြေမပြတ် ဂရုစိုက် စောင့်ရှောက်မှု (Critical Care) ၊ အိမ်တွင်းလေဝင်လေထွက်စနစ် စတာတွေနဲ့သက် ဆိုင်တဲ့လုပ်ငန်းပိုင်းတွေကို တာဝန်ယူရပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ Life Care Solutions လုပ်ငန်းကို တည်ထောင်ခဲ့တဲ့အချိန်မှာတော့ Thierry ဟာ ရောဂါရှာဖွေရေးဆိုင်ရာ နှလုံးရောဂါကုထုံး (ီDiagnostic Cardiology) နဲ့ စောင့်ကြည့်ထိန်းချုပ်ရေးစနစ် (Monitoring Systems) ဆိုင်ရာလုပ်ငန်ပိုင်းတွေကိုပါ တိုးချဲ့တာဝန်ယူလုပ်ကိုင်လာရပါတယ်။ Thierry ဟာ ၁၉၈၉ ခုနှစ်မှာ ပြင်သစ်အခြေစိုက် Vascular Product Manager  မှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နှစ်နှစ်အကြာမှာ Vascular  Global Product Manager  အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အာရှပစိဖိတ်ဒေသရဲ့ Marketing Manager  အနေနဲ့ စင်ကာပူကို ပြောင်းရွှေ့ခဲ့ပြီး  ၁၉၉၆ ခုနှစ်မှာတော့ တိုကျိုအခြေစိုက် X-ray Modality  ရဲ့ General Manager  အဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပြင်သစ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး Computer Tomography (CT)  လုပ်ငန်းပိုင်းရဲ့General Manager  အဖြစ်တာဝန်ယူခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဥရောပ၊ အရှေ့ အလယ်ပိုင်းဒေသနဲ့ အာဖရိကဒေသဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းပိုင်းရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက ဒေသဆိုင်ရာClinical Systems လုပ်ငန်းပိုင်းရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အမေရိကန် နိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။ Thierry ဟာ ပြင်သစ်နိုင်ငံက တက္ကသိုလ်တစ်ခုဖြစ်တဲ့ Université de Technologie de Compiègne ကနေ Biomedical Engineering ဘွဲ့ရရှိခဲ့ပြီးTemple University  ကနေ MBA ဘွဲ့ကို ရရှိခဲ့ပါတယ်။  

မြန်မာနိုင်ငံကို လာရောက်ဖြစ်တဲ့အကြောင်းအရင်းကို   သိချင်ပါတယ်။

မြန်မာနိုင်ငံကိုလာရောက်ဖြစ်တဲ့ အဓိကအကြောင်းအရင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ စက်ကိရိယာပေါင်းရှစ်ရာကျော် တပ်ဆင် ပံ့ပိုးပေးခဲ့ပြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆိုင်ရာ စက် ကိရိယာအမြောက်အမြား ပါဝင်ပါတယ်။ ဒါကြောင့် ဒီမှာ ရှိတဲ့ ဖောက်သည်တချို့ဆီကို သွားရောက်လည်ပတ်ပြီး  ကျွန်တော်တို့ရဲ့ ပစ္စည်းကိရိယာတွေကို ကြည့်ရှုဖို့နဲ့ အသုံး ပြုသူတွေရဲ့ စိတ်ကျေနပ်မှုအနေအထားကို လေ့လာဆန်း စစ်ဖို့အတွက် လာရောက်တာဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ကြီးထွားလာနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ GE Healthcare  ရဲ့ အထွေထွေကျန်းမာရေးစောင့်ရှောက်မှု (Primarycare) ဆိုင်ရာ ဖြေရှင်းမှုနည်းလမ်းတွေနဲ့ ဘယ် လိုပါဝင်အကျိုးပြုနိုင်မလဲဆိုတာကို ဝေမျချင်လို့ဖြစ်ပါတယ်။  အထူးသဖြင့် ကျေးလက်ဒေသတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှုစနစ်အတွက်ဖြစ်ပါတယ်။ GE Healthcare ရဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုနိုင် ဖို့အတွက် Training ပေးတဲ့အပိုင်းကို သိချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပစ္စည်းကိရိယာတွေကိုအသုံးပြုသူတွေဟာ သူတို့အသုံးပြုနေကျ နည်းပညာတွေအား လုံးကနေ နည်း ပညာအသစ် ကို ပြောင်းလဲအသုံးပြုနိုင်ဖို့အတွက် ဘယ်လို ပြင်ဆင်မလဲဆိုတာနဲ့ အဲဒါကိုဘယ်လိုထောက်ပံ့ပေးလဲဆိုတာ က အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ Partner ဖြစ်တဲ့ Sea Lion Co Ltd  ဟာ ကျွန်တော်တို့ရဲ့ ပစ္စည်းကိရိယာ အသုံးပြုမှုနဲ့ပတ်သက်ပြီး သုံးစွဲသူတွေ Training  ပေးတာတွေ အများကြီးလုပ်ခဲ့ပြီးပါပြီ။ ကျွန်တော် တို့က အသုံးပြုမှုဆိုင်ရာအထောက်အပံ့တွေ (Application Supports) ပေးပါတယ်။ Training က ရေရှည်တည်တံ့မှု (Sustainability) ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ GE Healthcare   ဟာ နိုင်ငံတစ်နိုင်ငံမှာ စက်ကိရိယာတွေကို ရောင်း ချပြီး ပြန်ထွက်သွား တာမျိုး လုပ်တဲ့ကုမ္ပဏီမျိုး မဟုတ် ပါဘူး။ ကျွန်တော်တို့က ရေရှည်တည်တံ့မှုကို ဘယ်လိုဖော် ဆောင်ပေးသလဲ၊ စက်ကိရိယာတွေကို ဘယ်လိုပံ့ပိုးသလဲ၊ သုံးစွဲသူတွေကို ဘယ်လို Training ပေးသလဲ၊ စက်ကိရိယာ တွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းသ လဲဆိုတာနဲ့ အဲဒီစက် ကိရိယာတွေကို တစ်နှစ်၊ နှစ်နှစ်အတွက် မဟုတ်ဘဲ နောက် ဆယ်နှစ်လောက်အထိ နေ့တိုင်းအသုံးပြုနိုင်ဖို့အတွက် ဘယ် လိုသေချာစေနိုင်မလဲ စတာတွေကို အလေးထားပြီး လုပ်ဆောင် တာဖြစ်ပါတယ်။  ဒါဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ နာမည်ဂုဏ်သတင်းအတွက် အရေးပါသလို လူတွေရဲ့ ဘ၀ အတွက် အရေးပါတဲ့အရာတွေကို ကျွန်တော်တို့အနေနဲ့ လုပ် ဆောင်နေတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။  

မြန်မာနိုင်ငံမှာ GE Healthare  အနေနဲ့  ရောင်းချတပ်ဆင် ပြီးတဲ့ ပစ္စည်းကိရိယာတွေအကြောင်းနဲ့ ဆက်လက်ပြု လုပ်မယ့် အစီအစဉ်တွေအကြောင်း သိချင်ပါတယ်။

ကလေးအနွေးပေးစက်ဖြစ်တဲ့ Lullaby Warmer  ယူနစ်သုံး ရာ၊ Giraffe Incubator    ယူနစ်နှစ်ရာနဲ့ Lullaby LED Phototherapy System ယူနစ် ၂၅၀ ကို တပ်ဆင်ပြီးဖြစ်ပါ တယ်။ တင်ဒါအသစ်လည်းရှိနေပြီး  အဲဒီတင်ဒါမှာ ကျွန် တော်တို့က Partner အနေနဲ့ ဘယ်လို ပါဝင်နိုင်မလဲဆိုတာ ကို စဉ်းစားနေပါတယ်။ နောက်ပြီး ဈေးကွက်ထဲက ကျွန် တော်တို့ရဲ့ Partner တွေကို ကူညီထောက်ပံ့ပေးဖို့နဲ့ Clin- ical Training တွေ ပြုလုပ်ပေးဖို့အစီအစဉ်တွေ ရှိပါတယ်။ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့မှာ အလုပ်လုပ် ခဲ့တဲ့အတွေ့အကြုံတွေအရ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘယ်လို အကြံပေးချင်ပါသလဲ။ အဲဒါနဲ့ပတ်သက်ပြီး မြန်မာအစိုးအရအနေနဲ့ သူတို့ရဲ့ ကိုယ် ပိုင်ဖြေရှင်းမှုနည်းလမ်းကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ကျွန် တော် ယုံကြည်ပါတယ်။ ဥရောပနည်လမ်း၊ အာဖရိကနည်း လမ်းဆိုတာမျိုး မရှိပါဘူး။  ဒီမှာ ကျွန်တော် ဆုံတွေ့ခဲ့ရတဲ့ ငယ်ရွယ်တဲ့ဆရာဝန်တွေဟာ တော်တော့်ကို  ထက်မြက်ကြပါ တယ်။ သူတို့မှာ စိတ်အားထက်သန်မှုတွေ၊ စူးစမ်းလေ့လာလို စိတ်တွေရှိတာကို တွေ့ခဲ့ရပါတယ်။ ကျန်းမာရေးစောင့်ရှောက် မှုနဲ့ပတ်သက်ပြီး ပထမအရေးကြီးတဲ့အချက်ကတော့ ပညာ ရေးပိုင်းဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ စက်ကိရိယာတွေ အတွက် စံနှုန်းသတ်မှတ်ချက်(ှStandardization of the Equipments) ဖြစ်တယ်။ တကယ်လို့ ခင်ဗျားမှာ နည်း ပညာအသစ်ငါးခုရှိတယ်ဆိုရင် စက်ပစ္စည်းတစ်ခုကနေ တစ် ခုကို ပြောင်းလဲအသုံးပြုဖို့ အခက်အခဲတွေ့လာမှာဖြစ်တယ်။ ဒါကြောင့် သုံးစွဲသူတွေအတွက် စက်ကိရိယာနဲ့ ပတ်သက်ပြီး စံနှုန်းသတ်မှတ်ချက်ထားရှိဖို့ အရေးကြီးပါတယ်။ တတိယ အရေးကြီးတဲ့အချက်ကတော့ မှန်ကန်တဲ့စက်ကိရိယာနဲ့ မှန် ကန်တဲ့နေရာဒေသဖြစ်ပါတယ်။ တကယ်လို့ မြို့ထဲမှာ    အဆင့်မြင့်ဆေးရုံတည်ဆောက်ချင် တယ်ဆိုရင် အဆင့်မြင့် ပစ္စည်းတွေကို ဝယ်ယူရမှာဖြစ်တယ်။တကယ်လို့ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒါမှမဟုတ် ကျေးလက်ဒေသ အတွက်ဆိုရင်တော့ နည်းပညာတအားမမြင့်တဲ့ စက်ကိရိယာ တွေကို လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာဒေသနဲ့ လူ ထုအတွက် အမှန်တကယ်လိုအပ်တဲ့ စက်ကိရိယာတွေဖြစ်ဖို့ လိုအပ်ပါတယ်။  

မြန်မာနိုင်ငံဈေးကွက်မှာ GE Healthcare အနေနဲ့  ဘယ် လို အခက်အခဲတွေနဲ့ ကြုံတွေ့ရပါသလဲ။

ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ၊ သုံးစွဲသူတွေဟာ ကျွန်တော်တို့ရဲ့ စက်ကိရိယာတွေကို    မှန်မှန်ကန်ကန် ဘယ်လိုကိုင်တွယ်အသုံးပြုနိုင်မလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကအခက် အခဲမဟုတ်ပါဘူး။ စိတ် လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုပါ။ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပံ့ပိုးဖန်တီးပေးနိုင်ဖို့ အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာက အရေးကြီးပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ ယခင် အသုံးပြုခဲ့တဲ့စက်ကိရိယာတွေကနေ GE Healthcare  ရဲ့ စက်ကိရိယာတွေကို ဘယ်လိုပြောင်းလဲအသုံးပြုနိုင်မလဲဆို တာက စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပြုလုပ်ထားပြီး စက်ကိရိယာတွေကို ကောင်းကောင်းအသုံးပြုပြီး အကျိုး အမြတ်ပြန်ရဖို့ မျော်လင့်မှာဖြစ်တဲ့အတွက် GE အနေနဲ့ ဒါကို ထောက်ပံ့ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါ ဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းက Partner အပါအဝင် ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုဖြစ်ပါ တယ်။ ပြည်တွင်းက  Partner  နဲ့ ပူးပေါင်းလုပ်ကိုင်တဲ့အခါမှာ သတိ ထားမိတဲ့ အဖွဲ့အစည်းဆိုင်ရာမတူညီမှုတွေနဲ့ GE ရဲ့ Organizational Culture  ကို ဘယ်လိုပြန်ညှိရ ပါသလဲ။ မတူညီတာတွေအများကြီးတော့ မတွေ့ရပါဘူး။ GE အ တွက်ကတော့ ပြည်တွင်းက Partner ကို Knowledge    ကို Transfer လုပ်ဖို့လိုပြီး Clinical Workshop  တွေ၊ ပညာပေး အစီအစဉ်တွေ၊ Training တွေ ပံ့ပိုးပေးနိုင်ဖို့ အရေးကြီး တယ်လို့ ယူဆထားပါတယ်။ ကျွန်တော်တို့ရဲ့ Partner နဲ့ ဆွေးနွေးတဲ့အခါမှာ အပြန်အလှန်နားလည်မှုရှိတယ်ဆိုတာ ကို တွေ့ရှိခဲ့ရပါတယ်။ ဖောက်သည်တွေကလည်း ကျွန် တော်တို့ရဲ့ Partner ကို နှစ်သက်မှုရှိတယ်ဆိုတာကို တွေ့ခဲ့ ရပါတယ်။ ကျွန်တော်တို့ Partner ကို နှစ်သက်တယ်ဆိုရင် GE ကို နှစ်သက်တာနဲ့အတူတူပါပဲ။  

GE  ရဲ့ ပါဝင်လာမှုက မြန်မာနိုင်ငံရဲ့ ပြည့်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ ဘယ်လိုအကျိုးသက်ရောက်မှု တွေရှိနိုင်တယ်လို့ ထင်ပါသလဲ။

လူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုပြီးရရှိလာဖို့က အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ GE က အလေးထားတဲ့အရာဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက် မှုကို လူတွေ ပိုမိုရရှိလာ ဖို့အတွက် လုပ်ဆောင်ဖို့ဆိုတာက အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာတွေကို ရောင်းချရုံ သက်သက် မဟုတ်ပါဘူး။ လက်တွေ့ဆေးဝါးကုသမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နည်းပညာအမျိုးအမျိုး၊ ဈေးနှုန်း အမျိုးမျိုးနဲ့ စက်ကိရိယာတွေကို ယူဆောင်လာပေးဖို့ဖြစ်ပါ တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံမှာ ကျန်းမာ ရေးစောင့်ရှောက်မှုတိုးမြှင့်ဖို့ရည်မှန်းချက်ကို GE က ကူညီ ထောက်ပံ့ပေးသွားမှာပါ။  

ADB နဲ့ ကမ္ဘာ့ဘဏ်တို့လို အခြားအဖွဲ့အစည်းတွေနဲ့  ပူးပေါင်း ဆောင်ရွက်ဖို့ရှိပါသလား။

ကျွန်တော်တို့မှာ GE Foundation ဆိုတာရှိပြီး မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ကူညီထောက်ပံ့မှုတွေ လုပ်ထားပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ပတ်သက် ပြီး ကမ္ဘာ့ဘဏ်တို့၊ WHO တို့နဲ့ အမြဲတမ်းပူးပေါင်းဆောင်ရွက် ဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို တင်သွင်းခဲ့တဲ့ ကလေးအနွေးပေးစက်ဆိုရင် ဈေးကွက်ထဲမှာဝယ်ယူဖို့ တတ်နိုင် (Affordable) တဲ့ ဈေးနှုန်း မျိုးနဲ့ရနိုင်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ပေးနိုင်တာက တော့ Affordable ဖြစ်တဲ့နည်းပညာနဲ့ ကမ္ဘာ့ဘဏ်နဲ့ WHO တို့လို အဖွဲ့အစည်းတွေရဲ့  ရည်မှန်းချက်တွေကို ထောက်ပံ့ ကူညီခြင်းဖြစ်ပါတယ်။ ဥပမာ- ပိုမိုလုံခြုံ အန္တရာယ်ကင်းတဲ့ ခွဲစိတ်ကုသမှုနဲ့ မွေးကင်းစကလေးသေဆုံးမှု လျော့ချရေး စတာတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဖြစ်တယ်။  

လာမယ့်နှစ်တွေမှာ GE အတွက် မြန်မာနိုင်ငံမှာ ဘယ်လို အခွင့်အလမ်းတွေ  ရလာနိုင်တယ်လို့ မြင်ပါသလဲ။

မြန်မာနိုင်ငံအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေ ကြေးပိုမိုသုံးစွဲဖို့ ဆန္ဒရှိနေတဲ့အတွက် GE အနေနဲ့ မြန်မာ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာ အောင် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက်အ ကျိုးရှိတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို တစ်ကြိမ်တစ်ခါ သဘောမျိုးနဲ့ ဝင်ရောက်လာတာမဟုတ်ဘဲ ရေရှည်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။ GE အနေ နဲ့ မြန်မာနိုင်ငံကို အခုအချိန်မှာ ဝင်ရောက်လာတာဟာအချိန် ကောင်းအခါကောင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။