မြန်မာနိုင်ငံရဲ့ပထမဆုံး မြန်မာနိုင်ငံသားများပိုင်ဆိုင်တဲ့ ပုဂ္ဂလိကဘဏ်တွေထဲကတစ်အခုအဖြစ် ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ ဘဏ်သက်တမ်း နှစ်ပေါင်း ၃၀ ရှိပြီဖြစ်တဲ့ ပထမပုဂ္ဂလိကဘဏ်လီမိတက်ရဲ့ ပုလဲရတုအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှာ ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Lotte Hotel Yangon မှာ ပြုလုပ်ခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ တည်ထောင်သူ ဒေါက်တာစိန်မောင်နှင့်အတူ Founder Driector ၁၅ ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့တဲ့ ပထမပုဂ္ဂလိကဘဏ်လီမိတက်ဟာ လက်ရှိမှာ ဘဏ်ခွဲပေါင်း ၃၄ ခု၊ ရန်ကုန်နှင့်မန္တလေးတို့တွင် ရုံးချုပ်များ ဖွင့်လှစ်ထားရှိလုပ်ကိုင်နေပါတယ်။ ဘဏ်မှ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုး၊ ချေးငွေအမျိုးမျိုး၊ CORE Banking … စသဖြင့် ဝန်ဆောင်မှုပေးနေပြီး ရှေ့ဆက်ပြီးလည်း ၂၀၂၅ ခုနှစ်အထိ ဘဏ်ခွဲပေါင်း ၈၀ အထိ တိုးချဲ့ဖွင့်လှစ်သွားနိုင်ဖို့၊ ဒစ်ဂျစ်တယ်နည်းအရ ပေးသွားနိုင်ဖို့ … စသဖြင့် ရည်မှန်းချက်များချမှတ်လုပ်ကိုင်နေကြောင်းသိရပါတယ်။
အခမ်းအနားမှာ ပထမပုဂ္ဂလိကဘဏ်လီမိတက်ရဲ့ Chairman ဒေါက်တာတင်ဝင်းမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ Founding Director ၁၅ ဦးထဲမှာ နှစ်ဦးဖြစ်တဲ့ ဦးအောင်(မြင်းခြံ)၊ ဦးစိန်မောင်(မုံရွာ)တို့ရဲ့ မုဒိတာစကား Video များပြသခဲ့ပြီး၊ ဒေါ်ခင်နိုင်ဦး (ဒါရိုက်တာအဖွဲ့ဝင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်)၊ ဒေါ်ခင်စောဦး(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘဏ်များအသင်း)၊ ဦးမင်းစိန်(ဒါရိုက်တာဟောင်း၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်) တို့မှလည်း အသီးသီးဂုဏ်ပြုစကားများပြောကြားခဲ့ကြပါတယ်။
ဘဏ်စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့တဲ့ Founding Director ဦးအောင်(မြင်းခြံ) အား ဂုဏ်ပြုချီးမြှင့်ငွေနဲ့ဂုဏ်ပြုမှတ်တမ်းလွှာပေးခဲ့သလို၊ နှစ် ၃၀ အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒါရိုက်တာဟောင်းများ ဖြစ်ကြတဲ့ ဦးစိန်ကြည်၊ ဦးကောင်း၊ ဦးကျော်လွင်လှ၊ ဦးမင်းစိန်၊ ဦးခင်ဟန်၊ ဦးထွန်းဝင်းနိုင်၊ ဒေါက်တာအောင်မင်းတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးခြင်း၊ အစုရှယ်ယာဝင် စာရင်းစစ်ကော်မတီဝင်များဖြစ်ကြတဲ့ ဒေါ်လှမြင့်၊ ဒေါ်ခင်ဌေးယူ၊ ဒေါ်ခင်သီတာတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ဦးမြင့်ဇော်၊ ဦးအောင်မျိုးထွတ်၊ ဒေါ်စိုးစိုးဝင်းတို့အား ဘဏ်တွင် တာဝန်ထမ်းဆောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုချီးမြှင့်ငွေနဲ့ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ပါတယ်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမြင့်ဇော်ကတော့ Stakeholder အသီးသီးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဘဏ်တည်ထောင်သူများနှင့် Customer များအား ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။
အဆုံးသတ်အနေနဲ့ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားမှာ ပထမပုဂ္ဂလိကဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်များ၊ သီးခြားလွတ်လပ်သောဒါရိုက်တာများ၊ ဘဏ်အမှုဆောင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဒါရိုက်တာဟောင်းများ၊ ရှယ်ယာရှင်များနှင့် လုပ်ငန်းမိတ်ဖက်များ စသဖြင့်တက်ရောက်ခဲ့ကြပါတယ်။






































