မြန်မာနိုင်ငံ၏ နိုင်ငံခြားချေးငွေများ

foreigndebt

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားမှချေးယူထားတဲ့ ချေးငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံကျော် ရှိနေပြီး ယင်းချေးငွေစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ တရုတ်နိုင်ငံထံမှ ချေးယူတားတာဖြစ်တယ်လို့ Union Parliament Committee ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Joint Bill Committee ရဲ့ ထုတ်ပြန်ချက် အမှတ် (၁) ၂၀၁၈ အရ ချေးငွေစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၄.၂၇ ဘီလီယံဟာ ၁၉၈၈ ခုနှစ်မတိုင်မီက ချေးယူခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘဏ္ဍာနှစ် ၁၉၈၈-၈၉ ခုနှစ်မှာ နောက်ထပ် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံကို ချေးယူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ထပ်မံချေးယူခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းငါးခုနဲ့ ချေးငွေသဘော တူညီချက် ၁၄ ခုကို သဘောတူစာချုပ်ချုပ်ဆိုထားပါတယ်။ အကြွေးပြန်ဆပ်ကာလက နှစ် ၂၀ ကနေ နှစ် ၄၀ အတွင်းဖြစ်ပြီး အတိုးနှုန်းကတော့ ဝ.၀၁ ရာခိုင်နှုန်းကနေ ၁.၅ ရာခိုင်နှုန်းအတွင်းဖြစ်ပါတယ်။

 

တရုတ်

ချေးငွေပမာဏ

အမေရိကန်ဒေါ်လာ ၃.၈၇ ဘီလီယံ

အတိုးနှုန်း

သုညရာခိုင်နှုန်းမှ ၄.၅ ရာခိုင်နှုန်း

အကြွေးပြန်ဆပ်ကာလ

ပရောဂျက်အမျိုးအစားအပေါ်မူတည်

 

ဂျပန်

ချေးငွေပမာဏ

အမေရိကန်ဒေါ်လာ ၂.၁၃ ဘီလီယံ

အတိုးနှုန်း

ဝ.၀၁ ရာခိုင်နှုန်း

အကြွေးပြန်ဆပ်ကာလ

နှစ် ၄၀ ကျော်

 

International Development Association (IDA)

ချေးငွေပမာဏ

အမေရိကန်ဒေါ်လာ ၉၁၆.၈၄ သန်း

 

ဂျာမနီ

ချေးငွေပမာဏ

အမေရိကန်ဒေါ်လာ ၆၉၂.၇၂ သန်း

အတိုးနှုန်း

၃ ရာခိုင်နှုန်း

အကြွေးပြန်ဆပ်ကာလ

၁၅ နှစ်

 

Asian Development Bank (ADB)

ချေးငွေပမာဏ

အမေရိကန်ဒေါ်လာ ၅၂၂.၇၈ သန်း

 

ပြင်သစ်

ချေးငွေပမာဏ

အမေရိကန်ဒေါ်လာ ၄၆၂.၉၉ သန်း

အတိုးနှုန်း

ဝ.၅၅ ရာခိုင်နှုန်း

အကြွေးပြန်ဆပ်ကာလ

၁၅ နှစ်

 

အခြားနိုင်ငံများ

ချေးငွေပမာဏ

အမေရိကန်ဒေါ်လာ ၅၄၅.၅၄၆ သန်း

 

Ref :The Irrawaddy

https://www.irrawaddy.com/news/burma/myanmars-foreign-debt-big-picture.html