Microsoft ကို ပူးတွဲတည်ထောင်ခဲ့သူ Bill Gates သည်ကမာ့္ဘအချမ်းသာဆုံးပုဂိုလ်စာရင်းကို ရှေ့ဆုံးမှ ပြန်လည် ဦးဆောင် နိုင်ခဲ့ပြီဟု Forbes magazine က ယခုတစ်ပတ်တွင်ကြေညာခဲ့ပါသည်။ လွန်ခဲ့သော နှစ် ၂၀ ကျော်က ၁၅နှစ်တိုင်တိုင် ရှေ့ဆုံးမှ ဦးဆောင် နိုင်ခဲ့ရာမှ Mexican Telecom မှ Carlos Slim Helu ကိုလေးနှစ်ကြာအောင် နေရာဖယ်ပေးခဲ့ရသည်။ ယခုနှစ် တွင် မူရင်းနေရာ ကို Amercian Dollors 76 Billions ဖြင့်ပြန်လည် ရောက်ရှိခဲ့ပြီး Slim Helu က 72 Billions ဖြင့် ဒုတိယနေရာ ရောက်သွားခဲ့ရသည်။ တတိယ နေရာကို စပိန်မှ Zara Retail Chain မှ Amancio Ortega က ယမန်နှစ် နေရာအတိုင်း ထိန်းထားနိုင်ခဲ့ပြီး American နာမည်ကျော် investor Warren Buffett က စတုတ္ထ္ထ္ထနေရာ နှင့် Oracle မှ Larry Ellison က ပဉ္စမ နေရာတွင် ရှိနေပါသည်။ Forbes magazine ၏အဆိုရ ဘီလီယံနာ ၁၀၈၀ ဦးသည် ကိုယ်ထူးကိုယ်ချွန် တည်ဆောက်ခဲ့ရသူများ ဖြစ်ပြီး ၂၀၇ဦးမှာ အမွေဆက်ခံသူများဖြစ်ကာ ၃၅၂ ဦးမှာ အမွေဆက်ခံမှု တစ်စိတ်တစ်ဒေသနှင့် ကိုယ်တိုင်ကြိုးစား တည်ဆောက်မှု ပါဝင်သူူများ ဖြစ်သည်ဟု သိရှိရပါသည်။ facebook ဂုဂု Mark Zuckerberg မှာ ၂၁ နေရာတွင်ရှိသည်။ နိုင်ငံအလိုက် ဘီလီယံနာစာရင်းတွင်မူ အမေရိကန်က ၄၉၆ ဦး၊တရုတ်က ၁၅၂ ဦး နှင့် ရုရှှက ၁၁၁ ဦး ရှိသည်ဟု သိရှိရပါသည်။