News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ကုမ္ပဏီလုပ်ငန်းများ တိုးချဲ့သွားနိုင်ဖို့ FMI Co Ltd မှ ကျပ် ၂၅ ဘီလီယံတန်ဖိုး ရှယ်ယာများရောင်းချ
Editorial
December 4, 2013
Highlight
trade&investment
မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ First Myanmar Investment Co., Ltd. ("FMI") က ကုမ္ပဏီရဲ့ လက်ရှိရှယ်ယာရှင်တွေအတွက် ကျပ် ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅.၆ သန်း) တန်ဖိုးရှိတဲ့ rights issue တွေကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် က စတင်ရောင်းချခဲ့ပါတယ်။ အဲဒီလို ရောင်းချရ တဲ့ ငွေကြေးတွေကို ကုမ္ပဏီလုပ်ငန်းအသစ်တွေ တိုးချဲ့ဖို့နဲ့ လက်ရှိလုပ်ငန်းတွေကို ထပ်မံတိုးချဲ့နိုင်ဖို့ ငွေကြေး အထောက်အပံ့အဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Right issues တွေကို ရောင်းချတဲ့အတွက် ရိုးရိုးရှယ်ယာ (ordinary shares) ၂,၅၀၀,၀၀၀ ကို တစ်စုလျှင် ကျပ် ၁၀,၀၀၀ နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး ဒီဈေးနှုန်းဟာ လက်ရှိ FMI ရှယ်ယာဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်း လျှော့ချပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုရှယ်ယာရောင်းချမှုမှာ ရှယ်ယာရှင်တွေကို ဦးစားပေးရောင်းချသွားမှာဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ ပုဒ်မ ၁၀၅ (ဂ) အရ၊ နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ရောင်းချခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ အရောင်းပိတ်မယ်လို့ သိရပါတယ်။ ရှယ်ယာရှင်တွေဟာ လက်ရှိပိုင်ဆိုင်ထားရှိတဲ့ ရှယ်ယာ ၆ စု တိုင်းအတွက် ရှယ်ယာအသစ်တစ်စု ဝယ်ယူပိုင်ခွင့်ရှိပြီး၊ ရှယ်ယာအပိုတွေလည်း ထပ်မံဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ဝယ်ယူသူမရှိတဲ့ ရှယ်ယာတွေ ကျန်ရှိနေခဲ့မယ်ဆိုရင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က စပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ၊ ပုဒ်မ ၉၃ (၃) နဲ့အညီ၊ အများပြည်သူကို ရောင်းချပေးသွားဖို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ ရှယ်ယာအသစ်တွေ နေရာချထားရေးကို ရှယ်ယာတွေရောင်းချပြီးတဲ့အချိန်ကနေ တစ်ပတ်အတွင်း ပြုလုပ်သွားဖို့ မျှော်မှန်းထားပြီး ရှယ်ယာရှင်တွေဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ခွဲဝေပေးမယ့် အမြတ်ဝေစု ကို ရရှိမှာ ဖြစ်ပါတယ်။ အခုရှယ်ယာအသစ်တွေ ရောင်းချမှုဟာ မြန်မာနိုင်ငံသားတွေအတွက်သက်သက် ဖြစ်တယ်လို့ သိရပါတယ်။ "ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဟာသိသာထင်ရှားစွာဖွံ့ဖြိုးတိုးတက်လာဖို့ တာဆူနေပြီး၊ ဒီလိုတိုးတက်မှု အဆနှုန်းမြင့်တဲ့ ကာလမျိုးကိုနောင်လာမယ့် ဆယ်စုနှစ်တွေ မှာထပ်မံကြုံတွေ့ရဖို့ မလွယ်ကူလောက်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီရဲ့ နည်းဗျူဟာအနေနဲ့ လုပ်ငန်းအသစ် တည်ထောင်တာတွေကို လာမယ့် နှစ်နှစ်၊ သုံးနှစ် အတွင်းဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အခြေကိုတိုးပွားစေဖို့နဲ့ ကျွန်တော်တို့ရဲ့ war chest ကို မြန်မြန်ဖြည့်တင်းဖို့ လိုအပ်နေပါတယ်" လို့ FMI ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားခဲ့ပါတယ်။
အစုရှယ်ယာ (၂,၅၀၀,၀၀၀) စုအားလုံးရဲ့ ရောင်းချမှုတစ်ရပ်လုံးကို SPA Myanmar ကုမ္ပဏီက စတိအခကြေး ငွေ ၂ ရာခိုင်နှုန်းနဲ့ ဝယ်ယူပေးသွားမယ်လို့ အာမခံချက်ပေးထားပါတယ်။ "အခုငွေအရင်းအနှီး အာမခံချက်ဟာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မဟာဗျူဟာစီမံကိန်းတွေကိုသတ်မှတ်ထားတဲ့ အချိန်အတွင်းအကောင်အထည် ဖော်နိုင်ဖို့ အာမခံချက်ပေးပါတယ်" လို့ SPA Myanmar ကုမ္ပဏီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးသိမ်းဝေကပဲ ထပ်မံ ပြောကြားခဲ့ပါတယ်။ Rights issue က ရရှိတဲ့ ငွေကြေးအရင်းအနှီးကို FMI ကုမ္ပဏီက မြန်မာယာယီပူးပေါင်းအဖွဲ့အစည်း (consortium) ရဲ့ ၅ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ ပါဝင်ရင်းနှီးမြှုပ်နှံသွားမယ့် သီလဝါအထူးစီးပွားရေးဇုန် (Thilawa SEZ) အပါအဝင် ကုမ္ပဏီရဲ့ လုပ်ငန်းစီမံကိန်းတွေကို ငွေကြေးအထောက်အပံ့ပေးနိုင်ဖို့ အသုံးပြုသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ သီလဝါ SEZ ဟာ သန်လျင်က သီလဝါဆိပ်ကမ်းနဲ့ ကပ်လျက်ရှိတဲ့ ဟက်တာ ၂,၄၀၀ အကျယ် မြေနေရာဖြစ်ပါတယ်။ အခြားစီမံကိန်းတွေဖြစ်တဲ့ ခရီးသွားလုပ်ငန်းနဲ့ မော်တော်ယာဉ်လုပ်ငန်း တွေနဲ့ ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုတိုးချဲ့သွားဖို့၊ လေကြောင်းလိုင်းပျံသန်းမှု ယာယီလက်မှတ် ရရှိထားတဲ့ FMI Air ကုမ္ပဏီကို ပိုမိုကြီးထွားလာအောင် ဆောင်ရွက်ဖို့နဲ့ ရန်ကုန်မြို့လယ်က ၁၀ ဧက အကျယ် မြေနေရာမှာ ဟိုတယ် နှစ်ခု၊ ရုံးခန်းအဆောက်အဦး နှစ်ခု၊ shopping mall တစ်ခု ၊ service apartment တစ်ခုနဲ့ အဆင့်မြင့် ကွန်ဒိုမီနီယံ တစ်ခုတို့ ပါဝင်တဲ့ တည်ဆောက်မှုစီမံကိန်းတစ်ခုဖြစ်တဲ့ Meeyahta International Hotel Ltd. မှာ ရင်းနှှီးမြှုပ်နှံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရိုးမဘဏ်ရဲ့ paid-up capital ကို မြန်မာကျပ် ဆယ်ဘီလီယံကနေ ကျပ် ၁၅ ဘီလီယံ အထိတိုးမြှင့်သွားစေဖို့ ၎င်းရင်းနှီးမတည်ငွေတွေကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ FMI ကုမ္ပဏီဟာ ရိုးမဘဏ်ရဲ့ ၃၅.၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာဖြစ်လို့ ကျပ် သုံးဘီလီယံကနေ ငါးဘီလီယံကြား ရင်းနှီးမြှုပ်နှံသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း