ပထမဆုံးအကြိမ် အမေရိကန်-မြန်မာ ကုန်စည်ပြပွဲကြီး

usammexpo1

Myanmar Promotional Services Co Ltd က စီစဉ်ကျင်းပတဲ့ ပထမအကြိမ် အမေရိကန်-မြန်မာ ကုန်စည်ပြပွဲကြီးကို ၂၀၁၇ ခုနှစ်၊ ဇွန် ၂ ရက်ကနေ ၄ ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ Main Sponsor ဖြစ်တဲ့ Ford ကားကုမ္ပဏီ (Capital Automotive Co Ltd) ၊ Gold Sponsors တွေဖြစ်တဲ့ Gandamar Office Solutions နဲ့ All Nippons Airways (ANA) တို့က အဓိကပံ့ပိုးပြီး တခြားအမေရိကန် ထုတ်ကုန်ပစ္စည်းတွေနဲ့အတူ မြန်မာနိုင်ငံထုတ်ကုန်တွေလည်း စည်စည်ကားကား ပါဝင်ပြသခဲ့ပါတယ်။ ပြပွဲကာလအတွင်းမှာ ပြသတဲ့ကုမ္ပဏီတွေက အရည်အသွေးကောင်းမွန်တဲ့ အမေရိကန် ထုတ်ကုန်ပစ္စည်းတွေကို အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးခဲ့ပါတယ်။ ဒါအပြင် ပြပွဲကို လာရောက်တဲ့ ပရိသတ်တွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ တင်ဆက်ခဲ့ပါတယ်။ ဒီပြပွဲကို Capital Automotive Ltd ၊ All Nippons Airways ၊ Gandamar Office Solutions ၊ Nanoskin ၊ Shwe Taw Win ၊ USA Store ၊ Caterpiller ၊ Spraying Systems ၊ Green Dynamics ၊ VIP Myanmar ၊ Pan Thu Co Ltd ၊ San Lwin Trading ၊ Myanmar Hendrix ၊ Lin Mahar Myanmar ၊ VIMAL Co Ltd ၊ Aung Thein Than Co Ltd ၊ Amigos International Co Ltd ၊ Myanmar Arts and Crafts Association ၊ Ministry of Commerce (Myantrade) ၊ Shwe Kyein Yeik Co Ltd ၊ Mya Ayer Co Ltd နဲ့ တခြားကုမ္ပဏီတွေက ပြခန်းပေါင်းတစ်ရာကျော်နဲ့ ခင်းကျင်းပြသခဲ့ကြပါတယ်။

usammexpo6

ပွဲမှာ ဝင်ရောက်ပြသတဲ့ကုမ္ပဏီတချို့က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ပြန်လည်တင်ပြလိုက်ပါတယ်။

usammexpo2

ဒေါ်ယမုံဦး

Marketing Manager

Ford Myanmar

International Brand တစ်ခုအနေနဲ့ မြန်မာပြည်ကို ဝင်ရောက်လာတဲ့ အဓိကရည်ရွယ်ချက် . . .

Ford ကုမ္ပဏီအနေနဲ့ မြန်မာပြည်ကို ဝင်ရောက်လာတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသားတွေကို စက်ပိုင်းဆိုင်ရာ အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့ပဲ ဖြစ်ပါတယ်။ Ford Brand ကတော့ သိတဲ့အတိုင်းပဲ စက်ပိုင်းဆိုင်ရာ ခိုင်ခံ့မှုကို ပေးစွမ်းနေတာ ဖြစ်ပါတယ်။

ပွဲမှာ ဝင်ရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက် . . .

ဒါက မြန်မာပြည်မှာ ပထမဆုံးလုပ်တဲ့ အမေရိကန်-မြန်မာ Expo ပွဲဆိုတော့ Ford ကလည်း American Brand တစ်ခုအနေနဲ့ဝင်ပြီး Supporting လုပ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမျိုးပွဲတွေ ပိုပြီးကျင်းပဖြစ်အောင် Supporting ပေးတဲ့ သဘောပါ။

Ford Myanmar ရဲ့ အနာဂတ်အစီအစဉ် . . .

အခု လက်ရှိ Ford ကားတွေကို မြန်မာနိုင်ငံမှာ ရန်ကုန်လိုင်စင်နဲ့ ရနေပါပြီ။ နောက်ပိုင်းမှာလည်း နှစ်စဉ်နှစ်တိုင်း Ford ကားအသစ်တွေကို International နည်းတူ ၊ American က ထုတ်လိုက်တဲ့ကားတွေ မြန်မာပြည်ကို ရောက်နေအောင်၊ တစ်ကမ္ဘာလုံးနဲ့ တန်းတူဖြစ်အောင် Ford ကို ဆက်လက်ပြီး လုပ်ဆောင်သွားမှာပါ။ ပြီးတော့ အသက်သာဆုံးဈေးတွေနဲ့ မြန်မာနိုင်ငံသားတွေ စီးနိုင်အောင် ရည်ရွယ်ပြီး ထုတ်လုပ်သွားမှာပါ။


usammexpo3

ဒေါ်ဆုမွန်

Business Director

Green Dynamics Company Limited

ပွဲမှာ ပါဝင်ပြသဖြစ်တဲ့ အဓိကရည်ရွယ်ချက် . . .

ကျွန်မတို့ ကုမ္ပဏီက အဓိက Indoor Air Quality (IAQ) နဲ့ ပတ်သက်ပြီးတော့ Specialize လုပ်နေပါတယ်။ အခုဆိုရင် မြန်မာပြည်မှာ လေထုညစ်ညမ်းမှုတွေ တဖြည်းဖြည်းနဲ့များလာတာကို တွေ့ရတယ်။ အိမ်၊ ရုံးခန်းတွေနဲ့ အလုံပိတ်အခန်းတွေ မရှိတဲ့လေရဲ့ Quality ကောင်းလာဖို့အတွက်၊ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း နေ့စဉ်ရှူနေရတဲ့ လေတွေက သန့်ရှင်းစင်ကြယ်ဖို့ လိုတယ်။ လေနဲ့ပတ်သက်ပြီး ပြည်သူတွေ ကြုံတွေ့နေရတဲ့ဒုက္ခတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့ ပစ္စည်းတွေ၊ Technology တွေ ရှိတယ်ဆိုတာကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့  ပါဝင်တာဖြစ်ပါတယ်။

မြန်မာပြည် ကိုယ်စားလှယ်အနေနဲ့ စတင်လုပ်ဆောင်ခဲ့တဲ့အချိန် . . .

၂၀၁၄ ခုနှစ် အကုန်ပိုင်းလောက်မှာ မြန်မာပြည်ကို Local Company အနေနဲ့ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ အစတုန်းက ကျွန်မတို့ Managing Director က စင်ကာပူမှာ Indoor Air Quality နဲ့ပတ်သက်ပြီး ရှစ်နှစ်ကြာ လေ့လာပြီး အလုပ်လုပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ဒီလိုလုပ်ငန်းမျိုး ဝန်ဆောင်မှုပေးတာ မရှိသေးတဲ့အတွက် စတင်လုပ်ဆောင်ဖြစ်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ အမေရိကန်၊ သြစတြေးလျ၊ တရုတ်နိုင်ငံတွေရဲ့ Technology တွေကို Distributor အနေနဲ့ယူပြီး ရောင်းပေးတယ်။ ၂၀၁၇ ခုနှစ်မှာတော့ မြန်မာ့ဈေးကွက်အရ Technology ကို ကြိုက်ပေမယ့် ဈေးမြင့်တယ်ဆိုတာမျိုးတွေ ရှိလာတယ်။ အဲဒါကြောင့် Affordable ဖြစ်မယ့်၊ Technology အားဖြင့်လည်း သိပ်မကွာမယ့် ပစ္စည်းတွေကို ကိုယ်ပိုင် Brand အနေနဲ့ ၂၀၁၇ ခုနှစ်မှာ စတင်ဖြန့်ချိလာတယ်။ ကိုယ်ပိုင် Brand သုံးခုထဲမှာမှ A-Clean ဆိုတဲ့ လေသန့်စက်ရှိမယ်။ D-Air လေသန့်စင်စက် ရှိမယ်။ နောက်ပြီးတော့ Gold အသီးအနှံ၊ အသားငါး ဆေးတဲ့စက်တွေကို မြန်မာပြည်မှာ စတင်ဖြန့်ချိနေပါပြီ။ Distributor အနေနဲ့ တခြား Brand တွေကိုရောင်းသလို ကိုယ့်ရဲ့ကိုယ်ပိုင် Brand ကိုလည်း ရောင်းချနေတာ ဖြစ်ပါတယ်။ လေထုထဲမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ဖို့ ကိုယ့်ရဲ့ ရုံးခန်း၊ အိမ်ခန်းမှာ ကိုယ့်ကို အန္တရာယ်မဖြစ်စေတဲ့ ကောင်းမွန်တဲ့ Air Quality ကို ပေးစွမ်းနိုင်တဲ့ Technology ကို မြန်မာပြည်မှာ သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနေပါပြီ။


usammexpo4

ဒေါ်အေးသီတာလှိုင်

Managing Director

Nanoskin Professional Car Care Service

ပွဲမှာ ဝင်ရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက် . . .

Nanoskin က အမေရိကန်ကနေ တိုက်ရိုက် Authorized Dealer ယူပြီးတော့ ဒီမှာ Service လုပ်ပေးနေတဲ့ Brand တစ်ခုအနေနဲ့ ပွဲမှာ ဝင်ရောက်ပြသဖြစ်တာပါ။

မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုစပေးတဲ့အချိန် . . .

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ စတာဆိုတော့ Nanoskin ဟာ မြန်မာပြည်မှာ သက်တမ်းငါးလလောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီ Brand ရဲ့ Service ပိုင်းကို သိပြီးသားလူတွေရှိနေတော့ Stable ဖြစ်နေပါပြီ။

အဓိကဝန်ဆောင်မှုတွေ . . .

အဓိကဝန်ဆောင်မှုတွေက Car Coding ၊ Car Body ၊ Glass Coding နဲ့ Detailing တွေ ဖြစ်ပါတယ်။ Interior Cleansing ပေါ့။ အဓိကကတော့ Car Coding လုပ်တယ်ဆိုတာက သာမန် Polish တိုက်တာမဟုတ်ဘဲနဲ့ ကားမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ Spider Web တွေ၊ Polish တိုက်ရာမှာ နည်းလမ်းမမှန်လို့ ၊ ကားကိုယ်ထည်ကို ရေဆေးတဲ့ အချိန်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့ မဆေးဖြစ်လို့ ၊ ဖုန်တွေကျန်ခဲ့လို့ အဝတ်တွေနဲ့ သုတ်ထားတဲ့ နေရာတွေက ကြာလာရင် အစင်းတွေ ဖြစ်လာတယ်။ နေဒဏ်၊ ရေဒဏ်တွေကြောင့် ပျက်စီးလာတဲ့ ကားဆေးသားတွေအတွက် ကားကို တောက်ပြောင်စိုလက်နေအောင် လုပ်ပေးမယ့် ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ အဲဒါက Protection ပါတဲ့အတွက် တမင်တကာ ကားကို ပျက်စီးအောင် လာလုပ်တာကလွဲပြီး တော်ရုံတန်ရုံဆို အကြမ်းခံပါတယ်။ အဓိကကတော့ အိမ်စီးကားတွေနဲ့ Showroom မှာ ပြန်ရောင်းချမယ့်ကားတွေကို ဝန်ဆောင်မှု ပေးနေပါတယ်။ Showroom မှာ ကားတွေ ထားထားတာကြာရင် ကားဆေးသားမှိန်သွားတာမျိုး၊ Interior ပိုင်းကိုလည်း ပိတ်ထားတာကြာတော့ အနံ့အသက်တွေ ရှိလာတာမျိုးတွေအတွက် Factory Format အတိုင်း တောက်ပြောင်နေအောင် အသေးစိတ် ပြန်လုပ်ပေးပါတယ်။ Customer တွေ စိတ်ကျေနပ်မှု အပြည့်အဝရအောင် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။


usammexpo5

ကိုထိုက်

ပိုင်ရှင်

ရိုးရာ-မြန်မာ့ရိုးရာ ပုတီးကုံးများ

ရိုးရာ ပုတီးကုံးတွေ စတင်ဖန်တီးထုတ်လုပ်ဖြစ်ပုံ . . .

တိုင်းရင်းသားမျိုးဆက် လေးငါးဆက်လောက် ဆင့်ကဲဝတ်ဆင်လာတဲ့ ရိုးရာပုတီးဟောင်းမျိုး ဖြစ်ပါတယ်။ သူတို့ဆီမှာက ပုတီးတွေက အလှဆွဲတာရှိသလို မင်္ဂလာပွဲမှာ ဆွဲတာ ရှိတယ်။ သမီးအိမ်ထောင်ကျလို့ အမေက လက်ဆင့်ကမ်းပေးတာမျိုး ရှိတယ်။ အဲဒီလို ပုတီးမျိုးတွေက ခုချိန်မှာ တော်တော်လေးကို ရှားပါးလာတော့ ကျွန်တော်တို့က ဒီပစ္စည်းကို အသစ်ပြန်လည်ဖန်တီးတယ်။ အင်ကြင်းကျောက်ကို အသုံးပြုပြီး သဘာဝနည်းပညာတွေနဲ့ ပုတီးတွေကို ဖန်တီးထားတာဖြစ်ပါတယ်။ အင်ကြင်းကျောက်ကို နွားထိုးကြီး၊ ဘုရားကြီးကုန်းဒေသကနေ အဓိကယူတယ်။ ကလေး၊ တမူးဘက်မှာလည်း ထွက်ပေမယ့် နွားထိုးကြီးဘက်က ထွက်တဲ့ အင်ကြင်းကျောက်က အရည်အသွေးအကောင်းဆုံး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ဆရာတွေက ဒေသခံတွေဖြစ်တဲ့အတွက် မိရိုးဖလာလုပ်ငန်းအနေနဲ့ ဒီလုပ်ငန်းပဲ လုပ်ကြတယ်။ အဲအချိန်တုန်းက ဆေးရောင်က ကြာလာရင် ကျွတ်တာမျိုးတွေရှိတယ်။

ကျွန်တော်က ဆေးမကျွတ်အောင် ပြန်ချုပ်ပြီး ဆေးခိုင်လာတော့ ဈေးကွက်ထဲကို ပြန်ဝင်လာတယ်။ သူတို့က ဒီတစ်ကုံးလုံးမှ ရှစ်ထောင်၊ တစ်သောင်းကျပ်ပဲ ရှိတယ်။ ကျွန်တော်က ပြန်လည်ဖန်တီးရတဲ့ ကုန်ကျစရိတ်တွေရှိတော့ တစ်တောင့်ကို ၁၅,၀၀၀၊ သုံးသောင်းကျပ်ဖြစ်သွားတာ။ အဲဒါက ကျောက်သားအမာတွေပေါ့နော်။ ကျောက်သားအမာ၊ အပွတွေအပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားမှု ရှိပါတယ်။ ဒီပေါ်မှာရှိတဲ့ ဒီဇိုင်းလေးတွေက ချင်းတိုင်းရင်းသားတွေရဲ့ မိရိုးဖလာ ယဉ်ကျေးမှုဒီဇိုင်းတွေ ဖြစ်ပါတယ်။ ပျူလူမျိုးနဲ့ ချင်းလူမျိုးတွေရဲ့ ဒီဇိုင်းတွေက ဆင်ပေမယ့် သုံးတဲ့အောက်ခံကျောက်သားတွေက မတူညီကြပါဘူး။ ပျူလူမျိုးတွေရဲ့လက်ရာက ပိုကောင်းတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂,၂၀၀ လောက်ရှိတယ်။ ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုသက်တမ်းက နှစ်ပေါင်းလေးငါးရာပဲ ရှိသေးတယ်။ ပျူလူမျိုးတွေရဲ့ ယဉ်ကျေးမှုလက်ရာစစ်စစ်ကို နိုင်ငံတကာက နှစ်သက်ကြတယ်။ အဲဒီလက်ရာတွေ ရှားပါးလာတော့ ချင်းလူမျိုးတွေဘက်ကို လှည့်လာတယ်။ ပျူလက်ရာဟောင်း ပုတီးတစ်ကုံးကို ကျပ်ငါးသိန်း အထက်ရှိပါတယ်။ ကျွန်တော်ကတော့ လက်ရာအသစ်ကို သုံးသောင်းကျပ်ဝန်းကျင်နဲ့ ရောင်းနေပါတယ်။

စပြီး ထုတ်လုပ်ဖြစ်တာ သုံးနှစ်ကျော်လောက်ပဲ ရှိသေးတော့ သူများတွေကို ဖောက်သည်မပေးနိုင်သေးပါဘူး။

Customer တွေအတွက် ဝန်ဆောင်မှု . . .

Customer တွေအနေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်း၊ ကျောက်သား အရွယ်အစားတွေကို စိတ်တိုင်းကျ ရွေးချယ်မှာယူနိုင်ပါတယ်။ ကျောက်သားအရွယ်အစားအရ ဈေးနှုန်းကွဲပြားမှုရှိမှာ ဖြစ်ပါတယ်။

လင်းနေခြည်