News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အကောင်းဆုံးလုပ်ဆောင်တတ်သူများ တိုးပွားလာလှ ျင် မည်သည့်အဖွဲ့အစည်းမဆို ရေရှည်အောင်မြင်မှုကို ရယူထိန်းသိမ်းနိုင်မည်
Editorial
August 29, 2014
Editor's Letter
Opinion
အားကစားနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ် စသည့် မည်သည့်နယ်ပယ်၌မဆို အဖွဲ့အစည်း၏ အောင်မြင်မှုကို တိုင်းတာရာတွင် အခရာကျသည်က ရေရှည်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သည့်အ ချက်ဖြစ် သည်။ သြဂုတ်လ စီအီးအို မဂ္ဂဇင်း၏မျက်နှာဖုံးဆောင်းပါးအဖြစ် နိုင်ငံတကာဘောလုံးလောကတွင် အအောင်မြင်ဆုံး မန်နေဂျာများထဲက တစ်ဦးဖြစ်သည့် ဆာအဲလက်စ်ဖာဂူဆန်၏စီမံခန့်ခွဲမှုအကြောင်းကို တင်ဆက်ထားပါသည်။ ဖာဂူဆန်၏စီမံခန့်ခွဲမှုနည်းလမ်းများထဲမှ အချို့ကို ထုတ်နုတ်သုံးသပ်ရမည်ဆိုလျင် ၁။ လူငယ်မျိုးဆက် (Young Generations) ကို နေရာပေးပြုစုပျိုးထောင်ခြင်းဖြစ်သည်။ မန်ယူအသင်းကို သူကိုယ်တွယ်ခဲ့သည့် ၂၆ နှစ်တာ ကာလအတွင်း လူငယ်မျိုးဆက်များကို ပြုစုပျိုးထောင်ပေးခဲ့ခြင်းက မန်ယူအသင်းရရှိခဲ့သည့် မြောက်များစွာသော အောင်မြင်မှုများနှင့် ကမ္ဘာ့ဘောလုံးပရိသတ်အပေါ် လွှမ်းမိုးနိုင်မှု အရှိန်အဝါတို့၏အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ လူငယ်ကစားသမားများ တစ်သင်းထဲ၌ အတူတကွ ကြီးပြင်းလာကာ အသင်းအဖွဲ့စိတ်ဓာတ်၊ အချင်းချင်း စည်းလုံး ချစ်ခင်မှု၊ အောင်မြင်မှုကို ဆာလောင်စိတ် စသည့် အသင်း၏ထူးခြားသည့် Culture ကို ဖာဂူဆန်ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာဘောလုံးပရိသတ်အများစုက မန်ယူပရိသတ်များဖြစ်နေသည်ကို ကြည့်မည်ဆိုလျင် ဖာဂူဆန်၏အမှတ်တံဆိပ်တည်ဆောက်မှု (Brand Building) နှင့် ဈေးကွက်ထိုးဖောက်မှု (Market Penetration) တို့၏အောင်မြင်မှုအတိုင်းအတာကို ခန့်မှန်းကြည့်နိုင်သည်။စီးပွားရေးရှုထောင့်ကကြည့်မည်ဆိုလျင် Forbes မဂ္ဂဇင်းမှ ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်သည့်စာရင်းဇယားအရ မန်ယူသည် ကမ္ဘာပေါ်တွင် တတိယတန်ဖိုးအကြီးဆုံး (ဒေါ်လာ ၂.၈၁ ဘီလီယံ) ဘောလုံးအသင်းအဖြစ် ရပ်တည်နေပါသည်။ ၂။ အသင်းအောင်မြင်မှုအတွက် အထောက် အကူဖြစ်ရန် အောင်မြင်မှုရရှိပြီးသား နာမည်ကျော်ဘောလုံးကစားသမားများကို ဝယ်ယူသည်။ စီးပွားရေးနယ်ပယ်ကို ကြည့်မည်ဆိုလျင် ကိုယ်တိုင်က အင်အားကြီးကုမ္ပဏီများ(Global Players) ဖြစ်သည့် Facebook ၏ Instagram နှင့် WhatsApp တို့အား ဝယ်ယူမှု၊ Google ၏ You Tube အား ဝယ်ယူမှု စသည့် သာဓကများသည် မိမိအဖွဲ့အစည်း၏ရေရှည်အောင်မြင်မှုအတွက် လိုအပ်သည့်အရာများကို ကြိုတင်တွေးဆလုပ်ကိုင်နိုင်စွမ်းရှိသောထူးချွန်ထက်မြက်သည့်ခေါင်းဆောင်တို့၏ အနာဂတ်အမြော်အမြင်ရှိမှု (Vision) ကို ထင်ဟပ်နေပါသည်။ ဖာဂူဆန်သည် ဤကဲ့သို့ ခေါင်းဆောင်မျိုးဖြစ်သည်။ ၃။ အနိုင်ရလဒ်အတွက်သာ အာရုံ ထားပြီး တိုက်ပွဲဝင်သူဖြစ်သည်။ သရေရလဒ်ရအောင် ရည်ရွယ်ပြီး ဘယ်တော့မှ ဘောလုံးပွဲကို မကစားဘူးဟု ဖာဂူဆန်က ဆိုသည်။ ဤအချက်က လုပ်သမျကို အကောင်းဆုံးလုပ်ဆောင်တတ်သည့်စိတ်ထား (Spirit of Excellence) ကို ရည်ညွှန်းသည်။ မန်ယူအသင်း၏ ပွဲပြီး ခရာမမှုတ်မချင်း နောက်ဆုံးမိနစ်အထိ ရေကုန်ရေခန်း တိုက်ပွဲဝင်ပြီး အောင်ပွဲများ ရယူခဲ့သည့်ရလဒ်များကို ကြည့်လျင် ဤစိတ်နေသဘောထားကို တွေ့နိုင်ပါသည်။ လုပ်ငန်းအဖွဲ့အစည်းတိုင်းတွင် မိမိတို့၏ထုတ်ကုန်၊ ဝန်ဆောင်မှု စသည်တို့ကို မိမိတို့၏ Customer အတွက်၊ မိမိတို့၏အဖွဲ့အစည်းနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် လုပ်သမျကို အကောင်းဆုံးလုပ်ဆောင်တတ်သူများ တိုးပွား လာလျင် မည်သည့်အဖွဲ့အစည်းမဆို ရေရှည်အောင်မြင်မှုကို ရယူထိန်းသိမ်းနိုင်မည်ဖြစ်သည်။ စီအီးအို စာဖတ် ပရိသတ်အတွက် အကျိုးတစ်စုံတစ်ရာရမည်ဟု မျော်လင့်လျက် ဆာအဲလက်ဖာဂူဆန်၏စီမံခန့်ခွဲမှုနည်းလမ်းများစွာထဲက တချို့ကို မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြခဲ့ဖြင်းဖြစ်ပါသည်။
Facebook
Twitter
LinkedIn
RELATED POSTS
နှစ်သစ်မျော်လင့်ချက် ရောင်ခြည်
Posted On December 30, 2020, By CEO Editors
အကျိုးလိုလို့ညောင်ရေလောင်းသော်
Posted On December 4, 2020, By CEO Editors
Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း
Posted On September 7, 2020, By CEO Editors
ဘဏ္ဍာရေးကုစားမှု၏ စိန်ခေါ်မှုများ
Posted On September 7, 2020, By CEO Editors
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း