စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ စားသောက်ဆိုင်တွေ တဖြည်းဖြည်းနဲ့တိုးပွားလာတာကို တွေ့ရပါတယ်။ ပြည်တွင်းက စားသောက်ဆိုင်တွေ များပြားလာသလိုပဲ The Pizza Company ၊ Manhattan Fish Market ၊ Lotteria စတဲ့ နိုင်ငံတကာစားသောက်ဆိုင်လုပ်ငန်းတွေလည်း ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ပြည်တွင်းစားသောက်ဆိုင်လုပ်ငန်းတွေထဲ မှာ Feel စားသောက်ဆိုင်ဟာ နာမည်တစ်ခုရယူထားနိုင်တဲ့ Brand တစ်ခုဖြစ်ပါတယ်။ လက်ရှိဆိုင်ခွဲပေါင်း ၁၅ ဆိုင်ဖွင့်လှစ်ထားပြီး ပြည်တွင်းစားသုံးသူတွေသာမက ပြည်ပက စားသုံးသူတွေကိုပါ ဆွဲဆောင်နိုင်တဲ့ Feel ရဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ ပတ်သက်ပြီး Managing Director ဦးစိုးညီညီနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
စတင်တည်ထောင်ဖြစ်ခဲ့ပုံနှင့်ရည်ရွယ်ချက်
၁၉၉၂ ခုနှစ်လောက်မှာ Dream Hamburger & Snack ကို စဖွင့်ခဲ့ပါတယ်။ ကျွန်တော့်အစ်ကိုအကြီးဆုံးက သြစတြေးလျက ပြန်လာတဲ့အခါမှာ Hamburger ကို ဘယ်လို လုပ်ရမလဲဆိုတာ သိလာတယ်။ နောက်ပြီး အိမ်မှာလုပ်ကျွေး ရင်း သူ့ Hamburger က စားကောင်းတဲ့အတွက်ကြောင့် အ ရင်းအနှီးရှိရင်ဖွင့်မယ်ဆိုတဲ့ အတွေးနဲ့စခဲ့တာပါ။ ဆိုင်ဖွင့်ဖြစ် တော့ အစ်ကိုရဲ့ Burger ရယ်၊ Barbecue နဲ့ Milk Shake ပါ။ အဲဒါလေးတွေနဲ့ စဖြစ်တာပါ။
နာမည်ပေးဖြစ်ပုံ
အဲဒီဆိုင်ကနေ ခွဲထွက်ကြပြီး ကိုယ်ပိုင်ဆိုင်တွေ ဖွင့်တဲ့အခါ ကျွန်တော်ကတော့ နာမည်ပေးတဲ့အခါမှာ Dream ဆိုပြီး သုံးချင်ပေမဲ့ သူလည်းမသုံးဘူး ကိုယ်လည်းမသုံးတဲ့အခါမှာ Feel ဆိုတဲ့နာမည်ကို ပေးဖြစ်တာပါ။ Feel ဆိုတာ အ စားအသောက်အရသာကောင်းမွန်မှု၊ ဝန်ဆောင်မှု၊ သန့်ရှင်း မှု၊ အခန်းအပြင်အဆင် စတာတွေအတွက် ခံစားမှုကောင်း စေရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်း က ဗန်းစကားကလည်း ဘာပဲလုပ်လုပ် တစ်ခုခုလုပ်လိုက်လို့ ကောင်းသွားရင်ပဲဖြစ်ဖြစ်၊ ကြိုက်သွားရင်ပဲ ဖြစ်ဖြစ် Feel ရှိတယ်၊ Feel လာတယ်၊ Feeling ပဲဆိုပြီး ဖြစ်တာကြောင့် လည်း ဒီနာမည်ပေးဖြစ်သွားတာပါ။
ဟင်းအမယ်တွေနဲ့ပတ်သက်ပြီး Quality Control ပိုင်းကို ထိန်းသိမ်းဖြစ်ပုံ
ပထမတော့ ဟင်းအမည်တွေကို ပုံမှန်စားသောက်ဆိုင်မှာ ရောင်းတဲ့ပုံစံဟင်းမျိုးတွေထက် ကိုယ့်ဘာသာကိုယ်ထွင်တဲ့ ဟင်းအမည်သစ်တွေနဲ့ Feel 3 က ထုတ်ပြီးရောင်းတာပါ။ အဲဒီအချိန်တုန်းကဆို တစ်လ၊ နှစ်လလောက်ဆို ဟင်းအ သစ်မထုတ်သေးဘူးလား၊ ဟင်းအသစ် လေးထုတ်ပေးပါဦးဆို ပြီး Customer တွေက Feel ဆီကနေ Menu အသစ်အဆန်း တွေ မျော်လင့်လာကြတဲ့အခါ အဲဒီလို ဟင်းအသစ်အဆန်း တွေ ချက်ဖြစ်တာပါ။ ကျွန်တော်တို့ အလုပ်စတင်စဉ်က ငွေအရင်းအနှီးသိပ်မများတဲ့အခါ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို သိပ်မသုံးဖြစ်ဘူး။ နောက်ပိုင်း အဆင်ပြေလာ တဲ့အခါမှာ အရည်အသွေးကောင်းတဲ့ပစ္စည်း (နိုင်ငံတကာက နေ လက်ခံသုံးစွဲနေတဲ့ ပစ္စည်း)တွေကို သုံးခဲ့ပါတယ်။ အ သားချိန်တဲ့နေရာကအစ ဟင်းသီးဟင်းရွက်တွေဆိုရင် ဘယ် လောက်ပမာဏ၊ ပါဝင်ပစ္စည်းတွေကိုလည်း ဘယ်လောက်အ ချိုးအစားစသဖြင့် အတိုင်းအတာတွေနဲ့ သေချာချိန်ပြီးလုပ် လိုက်တာကလည်း ပုံမှန်အရသာဖြစ်အောင် Consistency ကိုယူခဲ့တာပါ။ ဒါကြောင့် QC နဲ့ပတ်သက်လို့ အဲဒီနည်း အတိုင်း ထိန်းသိမ်းခဲ့ပါတယ်။
ဝန်ဆောင်မှုပိုင်းနဲ့ Hygiene ပိုင်းကို လုပ်ကိုင်ဆောင်ရွက်နေမှု
Hygiene ပိုင်းနဲ့ပတ်သက်ပြီး လက်ရှိအနေအထားက Unilever ကုမ္ပဏီနဲ့ Brand Ambassador ယူထားတော့ လုပ်သက်ကြာနေတဲ့ဝန်ထမ်းတချို့ကို နိုင်ငံခြားခေါ်သွားပြီး Unilever ကုမ္ပဏီက အစားအသောက် Hygiene ပိုင်းနဲ့ ပတ်သက်ပြီးသင်တန်းတွေ၊ ဟင်းအသစ်ချက်ပြုတ်တဲ့သင် တန်းတွေကို ကျွန်တော်တို့ဆီက စားဖိုမှူးတွေကို သေသေ ချာချာသင်ပေးတာကြောင့် Hygiene ပိုင်းတွေမှာ ပိုကောင်း မွန်လာပါတယ်။ ကျွန်တော်တို့ ဒီနေ့လုပ်နေတာကအကောင်း မွန်ဆုံးရာနှုန်းပြည့်တော့ မဟုတ်သေးပါဘူး။ အဲဒီလိုဖြစ်ဖို့ အတွက် နိုင်ငံခြားကကုမ္ပဏီတစ်ခုကို Franchise ယူပြီး အဲဒီကုမ္ပဏီရဲ့နာမည်ယူပြီး တွဲဖွင့်တဲ့အခါ သူတို့ဆီက အစားအသောက်ပိုင်းနဲ့ပတ်သက်တဲ့နည်းပညာတွေ ဥပမာ- အစားအသောက်ကို ဘယ်လို ဒီဂရီနဲ့ထားရလဲ၊ သန့်ရှင်း အောင် ဘယ်လိုထားသင့်သလဲ၊ ဘယ်လိုထားရင်တော့ Spoil ဖြစ်တယ်၊ ဝမ်းလျောရောဂါပိုးတွေ ဘယ်လိုဆိုရင် သေတယ်၊ ဝမ်းကိုက်ပိုးဆိုရင် ဘယ်အချိန်မှာသေတယ် စသဖြင့် အသေး စိတ်တွေကို မကြာခင်မှာ သေချာလုပ်ပြီးသွားရင်တော့ ကျွန်တော်တို့ Perfect ဖြစ်သွားမှာပါ။
အစားအသောက်ပိုင်းမှာ တီထွင်ဆန်းသစ်မှု
ကျွန်တော်ကိုယ်တိုင်ကလည်း အမြဲတီထွင်ဆန်းသစ်နေရတာ ကို ကြိုက်ပါတယ်။ ရှေးရိုးကြီးအတိုင်းသွားနေရတာကို သဘောမကျပါဘူး။ ကျွန်တော်တို့ဆိုင်မှာ မုန့်ဟင်းခါးဆိုရင် ဘယ်မုန့်ဟင်းခါးစားချင်တာလဲ ဥပမာ- တင်တင်အေးမုန့်ဟင်းခါးလား၊ မြောင်းမြဒေါ်ချိုလား စသဖြင့် ချက်တဲ့ဖော်မြူ လာတွေက Feel ရဲ့ Library မှာ အမြဲရှိနေတယ်။ ကျွန် တော် မုန့်ဟင်းခါးစရောင်းတော့ လပွတ္တာ၊ ဟင်္သာတ၊ မြောင်း မြရယ်ဆိုပြီး တစ်ဆိုင်တည်းမှာ သုံးမျိုးတွဲပြီးရောင်းတာပါ။ အမြဲတမ်းကိုယ့်ကိုယ်ကိုယ် Motivate ဖြစ်အောင် နေပါ တယ်။ Research and Development ကို အမြဲလုပ်ပါတယ်။ နာမည် ကြီးတဲ့ဆိုင်မှာ နာမည်ကြီးတယ်ဆိုတဲ့ အစားအစာ တွေကို သွားစားကြည့်ပါတယ်။ ကျွန်တော်တို့ဆိုင်မှာ ကိုယ့် ရဲ့ အစားအသောက်တွေကိုလည်း အမြဲထိပ်တန်း မဟုတ်ရင် တောင် ထိပ်တန်းနားနီးနေတဲ့ အစားအသောက်မျိုးဖြစ်မှ ရောင်းပါတယ်။ ကျွန်တော့်ကို Motivate ဖြစ်အောင် ဘယ် သူမှ Incentive ပေးတာမဟုတ်ပါဘူး။ ကိုယ်တိုင်က R& D လုပ်ရတာကို သဘောကျတာပါ။
ဈေးနှုန်းပိုင်း
ပေးရတဲ့ဈေးနှုန်းနဲ့အဆင်ပြေတဲ့ဝန်ဆောင်မှု၊ အစားအစာ၊ Hygiene ရှိမှုတွေကို ရရှိမှာပါ။ ဈေးလည်း မပေါသလို အမြတ်များကြီးတင်ရောင်းမှာလည်း မဟုတ်ပါဘူး။
Feel မှာ လာစားတဲ့ နိုင်ငံခြားသား Customer အတွက် ဝန်ဆောင်မှု
တကယ်လုပ်သင့်တာက နိုင်ငံခြားသားလာစားတဲ့အခါ အင်္ဂလိပ်စာ ကျွမ်းကျင်ဝန်ထမ်းတွေဆိုရင် ဟင်းအမည်တွေကို အသေး စိတ်ရှင်းပြနိုင်ရင်တော့ နိုင်ငံခြားသားတွေအတွက် ပိုပြီးအဆင်ပြေတာပေါ့။ အဲဒီအဆင့်ရောက်အောင်တော့ ကျွန်တော်ကြိုးစားမှာပါ။ အခုတော့ မဖြစ်သေးဘူး။ နိုင်ငံ ခြားသား Customer တွေအတွက် အခုပြောနိုင်တာက ဆီ သန့်တယ်၊ ဝမ်းမလျောအောင် သန့်သန့်ရှင်းရှင်း ဆောင် ရွက် ပေးပါတယ်။ နိုင်ငံခြားသားဆိုပြီး ဈေးနှုန်းကွာခြားမှုလည်း မရှိပါဘူး။
Feel ရဲ့ အဓိကအစားအစာတွေ
နိုင်ငံခြားသားတွေ ကြိုက်တဲ့ဟင်းတွေကတော့ မြန်မာအစား အစာတွေထဲမှာဆိုရင် ပုစွန်ထုပ်၊ ငါးသလောက်ပေါင်းပါ။ မြန်မာတွေကတော့ အကုန်စားကြပါတယ်။ နယ်သွားတဲ့ လမ်း (အမြန်လမ်း) တွေမှာရှိတဲ့ ဆိုင်တွေမှာဆိုရင် ဆုရ ထားတဲ့ ဟင်းဖြစ်တဲ့ ကြက်ကြော်နဲ့ဆီဆမ်းထမင်း၊ နန်းပြား သုတ်ကို အစားများကြပါတယ်။ Main Cuisine အနေနဲ့ က ဆိုင်ပေါ်မှာ မူတည်ပါတယ်။ ထိုင်းအစားအစာဘက် ကို သွားတာရှိသလို ကိုရီးယားအစားအစာနဲ့ ရောထားတာ လည်း ရှိပါတယ်။မြန်မာအစားအစာကိုပဲ အဓိကထားတာ များပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေရဲ့ Market Trend အပေါ်သုံးသပ်ချက်
အခုလက်ရှိမှာ Supply နဲ့ Demand မမှ ျဘူးဖြစ်နေတယ်။ Tourist တွေ အများကြီးဝင်လာတဲ့အချိန်မှာ Demand က များလာပြီးတော့ Supply က မလိုက်နိုင်ဘူးဖြစ်နေ ပါတယ်။ အနာဂတ်မှာ ကျွန်တော့်အမြင် ကတော့ ဝင်လာတဲ့ နိုင်ငံခြားသားတွေက အီတလီစာကြိုက်ရင် အီတလီစာတွေ သီးသန့်ရနိုင်တဲ့ ဆိုင်မျိုးကိုပဲ သွားမှာပါ။ မြန်မာလူမျိုးတွေရော၊ ဝင်လာတဲ့ နိုင်ငံခြားသားတွေရော မရှိမဖြစ် လာစား ကြမှာကတော့ မြန်မာ အစားအစာတွေပါ။ ကျွန်တော့်အနေ နဲ့ မြင်တာက စားသောက်ဆိုင်ဖွင့်တာချင်းအတူတူ မြန်မာ အစားအစာဖွင့်တဲ့ဆိုင်က ပိုပြီး အလားအလာကောင်းလိမ့် မယ်လို့ထင်ပါတယ်။ ထိုင်းလူမျိုးတွေလည်း အများကြီး ဝင်ရောက်လာတာလည်း တွေ့ရပါတယ်။ တဖြည်းဖြည်း စားလာကြရင်း တစ်ယောက်ကိုတစ်ယောက်ပြောကြရင်း မြန်မာ အစားအစာကို လူသိများတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီလို ဖြစ်လာရင် မြန်မာအစားအစာကို အဓိကဇောင်းပေးပြီး လုပ် ကိုင်နေတဲ့ဆိုင်တွေ ပိုပြီးအလားအလာကောင်းလာမယ်လို့ ထင်ပါတယ်။
Trip Adviser နဲ့ MYANMORE တို့က ချီးမြှင့်ခဲ့တဲ့ဆုတွေ အကြောင်း
Trip Adviser က ချီးမြှင့်တဲ့ဆုက မြန်မာအစားအစာအတွက် Certificate of Excellence(2014 Winner) ဖြစ်ပြီး ကျွန် တော်တို့ဆိုင်တွေမှာ လာစားဖူးတဲ့ နိုင်ငံခြားသားဧည့်သည် တွေကTrip Adviser Website မှာ သဘောထားမှတ်ချက် တွေနဲ့ အမှတ်ပေးတာတွေကိုယူပြီး Feel Myanmar ကို ဒီဆုချီးမြှင့်တာပါ။ MYANMORE ကတော့ မြန်မာပြည် အခြေစိုက်အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံကိုအလည်လာ တဲ့၊ မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်တဲ့ နိုင်ငံခြားသား တွေက Fine Dining ဆိုရင် ဘယ်ဆိုင်ကောင်းတယ်၊ အီတလီဆိုရင် ဘယ်ဆိုင်ကြိုက်တယ်၊ တရုတ်အစားအစာဆို ရင် ဘယ်ဆိုင်စသဖြင့် ရွေးချယ်အမှတ်ပေးတဲ့အခါမှာ Feel Myanmar က Best Myanmar Restaurant 2014 ဆု ရရှိခဲ့တာဖြစ်ပါတယ်။
ဝန်ထမ်းတွေအတွက် Training ပိုင်း
ဝန်ထမ်းတွေကို အခုလက်ရှိမှာ ဂျပန်ကပြန်လာတဲ့ ကိုစိုး အောင်နဲ့ Training ပေးပါတယ်။ စားသုံးသူတွေနဲ့ ပတ် သက်တဲ့အခြေခံဝန်ဆောင်မှုပိုင်းဆိုင်ရာတွေ၊ ချက်ပြုတ်ရေး ဆိုင်ရာသန့်ရှင်းမှုအပိုင်းတွေ၊ ဝန်ထမ်းတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးပိုင်းတွေအပြင် Sun Institute က ဒေါ်အေး မြလှိုင်တို့ဆီမှာ Motivating Your Team ၊ Teamwork Building ၊Strategic Management ၊ Constitution စတာတွေကို ဝန်ထမ်းတွေအတွက် သင်ကြားပေးပါတယ်။ Knowledge တွေနဲ့ ဝေးမသွားရအောင်၊ Teamwork လုပ် တတ်အောင်လည်း သင်ကြားပေးနေတာဖြစ်တယ်။ English Speaking ကိုလည်း သင်ကြားပေးနေပါတယ်။
Feel ရဲ့ လာမယ့်ငါးနှစ်အတွင်းအစီအစဉ်
အခုလာမယ့်နှစ်အတွင်းမှာပဲ အနည်းဆုံးဆိုင်လေးဆိုင်ဖွင့် ဖို့ ရှိပါတယ်။ ပြီးရင် မြန်မာနိုင်ငံရဲ့နယ်တွေကို သွားတဲ့လမ်း တွေမှာရှိတဲ့ မြို့တွေမှာ Feel ကနေ ဆိုင်တွေဖွင့်မယ်။ နောက် တဖြည်းဖြည်းနဲ့ Plan တွေချပြီး လုပ်သွားမယ်လို့ စဉ်းစား ထားတာရှိပါတယ်။ အနာဂတ် ငါးနှစ်မှာ ကိုယ်ကျန်းမာ သရွေ့၊ လုပ်နိုင်သရွေ့ ပါတနာကောင်းတွေရှာပြီး ဖွင့်ချင်တဲ့ သူတွေလာဆက်သွယ်ပြီး သူတို့က နေရာရင်း ကိုယ်ကအ စားအသောက်တွေရင်းပြီး ရလာတဲ့အမြတ် ၆၀ ရာခိုင်နှုန်း ယူပြီး ကျန်တဲ့အမြတ် ၄၀ ရာခိုင်နှုန်းကို နေရာရင်းထား တဲ့ပါတနာကိုပေးမယ်။ ဆိုင်လေးကို တည်ပေးခဲ့မယ်။ ပြည် သူတွေလည်း အလုပ်အကိုင်ရမယ်။ အဲဒီဆိုင်ပေါင်းစုံက ငွေတွေကို ကျွန်တော်ကိုင် ထားပြီး ထပ်တိုးပွားအောင် လုပ်မယ်။ ပြီးရင် ဝန်ထမ်းတွေ ရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ ရှေ့ရေးအတွက် လုပ်ဆောင် သွားမယ်။ ဒီလုပ်ငန်းကငွေတွေကို မယူတော့ ဘဲနေတာ ရှစ်နှစ်လောက်ရှိပါပြီ။ ဝန်ထမ်းတွေကို လှူတာပါ။ နောက် လုပ်မယ့်လုပ်ငန်းကလည်း သူတို့ရဲ့ဝင်ငွေတွေပါ။ ဝန်ထမ်း တွေကိုလည်း ''ဒါမင်းတို့ရဲ့ဆိုင်၊ ဝန်ထမ်းစိတ်မထားဘဲ ကိုယ့်ဆိုင်ဆိုပြီး လုပ်ရင် ငါရှေ့ကနေ ဦးဆောင်ပေးမယ်'' ဆိုပြီး ပြောထားပါတယ်။ အခုလက်ရှိမှာ ဝန်ထမ်းပေါင်း ၂ç၅၀၀ ကျော်နဲ့ ဆိုင်ခွဲပေါင်း ၁၅ ဆိုင် ဖွင့်လှစ်ထားရှိပါတယ်။ မကြာခင်မှာ ဆိုင်ခွဲသုံးဆိုင်တိုးချဲ့ဖွင့်လှစ်သွားဖို့လည်း ရှိပါ တယ်။ ဝိတိုရိယဆေးရုံရှေ့မှာ Franchise ဆိုင်နှစ်ဆိုင်ဖွင့်မှာ ပါ။ Feel လည်း Local မှာ Franchise ပေးဖို့ အစီအစဉ် ရှိပါတယ်။ အချက်အပြုတ် မကျွမ်းကျင်တဲ့သူ (အထူးသဖြင့် ငွေကြေးမတတ်နိုင်တဲ့သူ) တွေကို သင်ကြားပေးဖို့ ရှိပါ တယ်။
နိုင်ငံတကာက Franchise ဆိုင်တွေ အများအပြားဝင်ရောက် လာတဲ့အခါ ရေရှည်ရပ်တည်နိုင်ဖို့ ပြင်ဆင်ထားမှုအပိုင်း
နိုင်ငံခြားက ဝင်လာတဲ့ကုမ္ပဏီတွေမှာ အချို့ဆိုရင် ကမ္ဘာ တစ်ဝန်းမှာ ဆိုင် ၁၅၀၊ နှစ်ရာနဲ့ အချို့ဆိုရင် ဆိုင်ပေါင်း ထောင်နဲ့ချီဖွင့်ထားကြတဲ့အတွက် သူတို့ရဲ့သက်တမ်း၊ အတွေ့ အကြုံ၊ Service ၊ Technology Know-how၊ Management စတာတွေကို ကျွန်တော်တို့က ဘယ်လိုမှယှဉ်ပြိုင်နိုင်မှာ မ ဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်က မြန်မာအစားအစာတွေ ကို အဓိကဦးစားပေးသွားဖို့ ရည်ရွယ်ပါတယ်။ နောက်တစ်ခု က ကျွန်တော်ကျွမ်းကျင်တဲ့ ထိုင်းအစားအစာတွေနဲ့သွားမယ်။ ဒါမှ စိတ်မချသေးရင် ယိုးဒယား Chef ငှားမယ်၊ နောက်ပြီး Franchise ယူမယ်။ Franchise ယူရင် ထိုင်းအစားအစာနဲ့ ပတ်သက်တဲ့နည်းပ ညာတွေ ရရင် ရေရှည်ကို မြန်မာအစား အစာ၊ ယိုးဒယားအစားအစာတွေနဲ့သွားဖို့ စဉ်းစားထားပါ တယ်။ Franchise ဆိုင်တွေ အများကြီးပေါ်လာပေမယ့် Feel မထိသေးဘူးဆိုတာက နိုင်ငံခြားသားတွေအတွက် Feel က Image ကောင်းတာ (ဝမ်းမပျက်ဘူး၊ ဝမ်းမလျောဘူး) တွေပါပါတယ်။ နောက်ပြီး Feel အနေနဲ့ Catering Service တွေကိုလည်း အဓိကထားဝန်ဆောင်မှုပေးပါတယ်။ နိုင်ငံ တော်ပွဲတွေ၊ ကုမ္ပဏီပွဲတွေ၊ မွေးနေ့ပွဲတွေ စတဲ့ပွဲတွေအတွက် Catering Service ကို ဝန်ဆောင်မှုပေးနေပြီး အဲဒီအပိုင်းမှာ လည်း နာမည်တော်တော်ရနေပါပြီ။ ဒါကြောင့် နောက်ပိုင်း မှာတော့ Catering Service ကို အဓိကထားလုပ်သွားဖို့ ရှိပါတယ်။
AEC အကောင်အထည်ပေါ်လာတဲ့အခါ ၤFeel Brand အနေနဲ့ ASEAN Market ကို ထိုးဖောက်ဖို့ အစီအစဉ်
ဆန္ဒရှိပေမယ့် အခုလောလောဆယ် လုပ်နိုင်မလားဆိုတာ စဉ်းစားရမှာပါ။ လုပ်နိုင်ဖို့ကလည်း အခုဆိုရင် ကုမ္ပဏီတွေက အပြိုင်အဆိုင် အများကြီးဖြစ်လာတဲ့အပြင် လစာတွေအပြိုင် ပေးပြီးခေါ်နေတာကြောင့် အရင်လို လွယ်လွယ်ကူကူ မဟုတ် ဘဲ ဝန်ထမ်းခေါ်ရတာ ခက်သွားပါတယ်။ အခု ကျွန်တော်က လူ ၂,၅၀၀ နဲ့ ဆိုင် ၁၅ ဆိုင် ဖွင့်ထားတာကလည်း နိုင်ငံ တကာမှာဆိုရင် အဲဒီလောက်လူအင်အားကို သုံးချင်မှသုံး မှာပါ။ နိုင်ငံတကာမှာက အားလုံးအဆင်သင့်ဆိုတော့ လူအင် အားအများကြီးမလိုပေမဲ့ ကျွန်တော်တို့ဆီမှာက ကြက်သွန်နွှာ တာကအစ အသားရေဆေးတာအဆုံးကို ကိုယ်တိုင်ပဲ လုပ် နေရတာပါ။ အခုဆိုရင် အသီးအရွက်မှာပါတဲ့ Chemical တွေနဲ့ ပိုးမွှားတွေကို ှသိငကာ Sodium Bicarbonate တွေနဲ့ ဆေး ရတဲ့အတွက် ကုန်ကျစရိတ်တွေ အလွန်များပါတယ်။ အခု လိုထိုးဖောက်တော့မယ်ဆိုရင် Central Kitchen ထားရမယ်။ Central Kitchen ကြီးတစ်ခုကနေ အကင်ဆိုရင် တုတ်ထိုး ပြီး နယ်ပြီးသားနှပ်ထားတာတွေနဲ့ ဆိုင်ခွဲတွေကို သွားပို့မယ် ဆိုရင် အရင်တုန်းက လူ ၃၀ လောက်ကနေ နောက်ပိုင်း မှာ ၁၅ ယောက်လောက် နဲ့ သွားနိုင်မှာပါ။ ကျွန်တော့်ဆီက မန်နေဂျာတစ်ယောက်ကို JRO ကနေဖိတ်တဲ့အတွက် အဲဒါ တွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရတယ်ဆိုတာတွေ ဂျပန်မှာ ၁၄ ရက်သွားတက်လာတယ်။ ကျွန်တော်တို့ အခုကတည်းက ပုံစံ စပြီးပြောင်းနေပါပြီ။ နောက်ဆိုရင် Feel က ဝန်ထမ်း ၂,၅၀၀ နဲ့ ဆိုင်ပေါင်း ၁၆ ဆိုင်၊ ၁၇ ဆိုင် တိုးချဲ့နိုင်မှသာ Asean Market ကို ထိုးဖောက်နိုင် မှာဖြစ်ပါတယ်။ လက်ရှိ Customer Target က Middle နဲ့ Upper Class ကို အဓိကထားပါတယ်။
စားသောက်ဆိုင်လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုရင် သတိပြုရမယ့် အချက်
စားသောက်ဆိုင်တစ်ဆိုင်ဖွင့်တယ်ဆိုရင် လူတော်တော်များ များက ထက်ဝက်မြတ်တယ်လို့ ပြောကြတယ်။ အမှန်တ ကယ်က အဲလိုမမြတ်ပါဘူး။ ဝန်ထမ်းတွေအတွက် နေစရိတ်၊ စားစရိတ်လည်း ရှိပါတယ်။ ဝန်ထမ်းတွေကို ကျွေးတဲ့နေ ရာမှာလည်း နေ့တိုင်းအသားဟင်းနဲ့ ကျွေးပါတယ်။ တချို့ဆို ရင်ဝန်ထမ်းကို အသားဟင်းနှစ်ရက်ပဲ ကျွေးတာတွေ ရှိတယ်။ သူတို့တွေကို Incentive ပေးပြီး Motivate ဖြစ်အောင် မလုပ်ဘဲနဲ့ ဘယ်လိုမှ Outcome က ကောင်းလာနိုင်စရာ မရှိပါဘူး။ အဲဒီတော့ သူတို့က အကျင့်စာရိတ္တပိုင်းဆိုင်ရာ တွေမှာ ဖောက်လာကြတော့မယ်။ အဲဒီအတွက်ကြောင့် ဘာ ပဲလုပ်လုပ် စေတနာထားပါ။ Customer ရော၊ ကိုယ့်ဝန်ထမ်း ကိုပါ စေတနာထားပါ။ ကိုယ်စားသလိုမျိုး ကျွေးစေချင်ပါ တယ်။ စားသုံးသူတွေကိုလည်း အမြတ်များများ ကျန်အောင် စားအုန်းဆီနဲ့ ချက်ရောင်းနေတယ်ဆိုတဲ့ ဆိုင်တွေလည်း ပိတ်ရမှာပါ။ အခုလို တိုင်းပြည်ပွင့်လာတဲ့အချိန်မှာ အဲလို တွေလုပ်မယ်ဆိုရင် အရှုံးတွေတွေ့ရမှာသေချာပါတယ်။ ဝန်ထမ်းတွေ Motivate ဖြစ်မှ Service ကောင်းမှာ ပါ။ Service ကောင်းမှလည်း စားသုံးသူကြိုက်မှာပါ။ အ တိုချုပ်ပြောရရင် စားသောက်ဆိုင်လုပ်ငန်းလုပ်မယ့်သူတွေကို အဓိကအနေနဲ့ စေတနာထားပါလို့ ပြောချင်ပါတယ်။ ဒါက ဘယ်လုပ်ငန်းမဆို ပြောတာပါ။
စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦး ထားရှိသင့်တဲ့ Ethics
စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့တော့ ကိုယ် မြတ်ရင်ပြီးရောဆိုတာမျိုး မလုပ်သင့်ပါဘူး။ အစားအသောက် ထဲမှာ မသုံးသင့်တဲ့ဆိုးဆေး၊ မသုံးသင့်တဲ့ Ingredient တွေကို လုပ်ငန်းရှင်တွေ မသုံးစွဲသင့်ဘူးလို့ မြင်ပါတယ်။ စားသုံးသူဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်ပါ။ စားသုံးသူတွေ ရှိ လို့လည်း ကိုယ့်ရဲ့ဆိုင်လုပ်ငန်းတွေက အောင်မြင်တာပါ။ ဗုဒ္ဓဘုရားက ဟောထားတာလည်း ရှိပါတယ်။ ကိုယ့်စေတနာက ကိုယ့်ကို အကျိုးပေးပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်မှ မဟုတ်ပါ ဘူး။ အကုသိုလ်စိတ်၊ မတော်လောဘစိတ်နဲ့ အလုပ်မလုပ် သင့်ပါဘူး။ ကုသိုလ်စိတ်နဲ့ပဲ အလုပ်လုပ်သင့်ပါတယ်။ စား သောက်ဆိုင်ပိုင်ရှင်ဆိုတာ လူတွေစားသုံးမယ့်အစားအစာ တွေကို ချက်ပြုတ်ရောင်းချနေတာဆိုတော့ ပိုပြီးတာဝန်ကြီး ပါတယ်။ အဲဒါကြောင့် Hygiene ပိုင်းကို ဧည့်သည်မြင် သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ပိုင်ရှင်ကအထူးသတိထား ဖို့လိုပါတယ်။ သန့်သန့်ရှင်းရှင်းနဲ့ ရောဂါပိုးမွှားကင်းမယ့်အစားအသောက်မျိုးဖြစ်ဖို့ Ethics ပိုင်းဆိုင်ရာကို စောင့်ထိန်းပြီး လုပ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီအတွက်ကြောင့် ပိုက်ဆံယူချင်ယူပါ။ အမြတ်ရဖို့အတွက် ကို ဈေးနှုန်းလျော့ယူပြီး စားသုံးသူတွေအတွက် ကျန်းမာရေး နဲ့ မညီညွတ်မယ့်ကိစ္စရပ်တွေကို မလုပ်သင့်ဘူး။ ဧည့်သည် စားသုံးမယ့်အခန်းမှာတော့ ယင်ကောင်မရှိအောင် လုပ်ထား ပေမဲ့ မီးဖိုချောင်ထဲမှာ ယင်ကောင်တွေနဲ့ဆိုတာမျိုး ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒါတွေကလည်း Ethics ပိုင်းဆိုင်ရာမှာ ပါပါတယ်။ လူသိသိမသိသိ ကိုယ်က သိက္ခာရှိဖို့လိုပါတယ်။ ဘုရားဟောအတိုင်းနေဖို့ပဲ တိုက်တွန်းချင်ပါတယ်။ သူများ ကို စေတနာကောင်းကောင်းထားကို ထားသင့်တယ်လို့ မြင် ပါတယ်။