မိမိရဲ့ကုန်ပစ္စည်းကို ဘာကြောင့် ဝယ်သင့်တယ်ဆိုတဲ့ အ ကြောင်း လူတွေသိအောင် ပြောပြရုံမျသာမကဘဲ မိမိပစ္စည်း ကို သူတို့စိတ်ချလက်ချဝယ်ယူသုံးစွဲလာအောင် ဆွဲဆောင်နိုင် တဲ့နည်းတွေ သုံးသပ်ပါတယ်။ အယူအဆ ကုန်ပစ္စည်းထုတ်လုပ်ကြသူတွေဟာ မိမိတို့ ပစ္စည်းတွေကို ကြော်ငြာတဲ့အခါ ဘာကြောင့်ဒီပစ္စည်းတွေ အရည်အသွေးမြင့် ကြောင်းပြောပြဖို့နဲ့ ဝယ်ချင်လာအောင် ဘယ်လိုပြောဆို သိမ်းသွင်းရတယ်ဆိုတာကိုပဲ အာရုံစိုက်ချင်တဲ့စိတ်ဆန္ဒပေါ် လေ့ရှိကြတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ ဒီကြော်ငြာ မျိုးတွေက ကျော်အောင်ညာနေကြတာပဲလို့ လူတွေထင်ကြမှာ ပဲ။ ဒါအပြင် သူတို့ဟာ တခြားကုမ္ပဏီတွေရဲ့ ကြော်ငြာတွေနဲ့ လည်း တနင့်တပိုးကြီး ဖြစ်နေကြမှာပဲ။ ဒါကြောင့်လည်း ဒီလိုကြော်ငြာမျိုးတွေကို သူတို့စိတ်မဝင်စားကြဘူး။ ဒီတော့ သူတို့လက်ခံလာအောင် တစ်နည်းတစ်ဖုံပြောင်းပြီး ပြောပြဖို့ လိုလာတယ်။ အဲဒီနည်းကတော့ လူတွေစိတ်ကြည်နူးပျော်ရွှင်စေမယ့်နည်းဖြစ်ဖို့လိုတယ်။ အဲဒီနည်းနဲ့သာကြော်ငြာ လိုက်ရင် ကြော်ငြာတွေကို အီလည်လည်ဖြစ်နေကြသူတွေ တောင် စိတ်ဝင်တစားဖြစ်လာနိုင်တယ်။ ဆဲလ်ဖုန်းကုမ္ပဏီ (Orange) ဟာ သူ့ရဲ့ဖောက် သည်တွေကို ရုပ်ရှင်အလကားကြည့်ဖို့ မေတ္တာလက်ဆောင် လက်မှတ်တွေ ပေးတယ်။ ဒီလက်မှတ်ရသူတွေဟာ ဗြိတိန် နိုင်ငံ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကားကြီးမပြမီ သူ့ကြော်ငြာကား တွေကိုပြတယ်။ ဒီကားတွေက ရုပ်ရှင်လုပ်ငန်းကိုရော ကြော် ငြာလုပ်ငန်းတွေကိုပါ သရော်ထားတဲ့ကားတွေဖြစ်တယ်။ ဒီကြော်ငြာကားတွေထဲမှာ ရုပ်ရှင်မင်းသား၊ မင်းသမီးအဖြစ် သရုပ်ဆောင်ကြသူတွေက (Orange Film Commission) ဆိုတဲ့အဖွဲ့ကို အကြံဉာဏ်တွေ ပေးတယ်။ ဒါပေမဲ့ ဒီလူတွေ ဟာ သေနတ်နဲ့ အပစ်ခံကြရတယ်။ ဘာကြောင့်လဲဆိုတော့ Orange Cellphone အကြောင်း ကြော်ငြာကောင်းကောင်း မပေးနိုင်လို့ဖြစ်တယ်။ ဒါကတော့ Orange Cellphone ကုမ္ပဏီက ကြော်ငြာဇာတ်လမ်းပါပဲ။ ရုပ်ရှင် ရိုက်ကူးထုတ် လုပ်လိုသူတွေကိုလည်း Lord of the Ringsဆိုတဲ့ ရုပ်ရှင် ကားကို အတုယူပြီး Lord of the Ring Tone ဆိုတဲ့ရုပ်ရှင် ကားရိုက်ကြဖို့ ဟာသဆန်ဆန်အကြံပေးထားတယ်။ အဲသ လိုပျက်ရယ်ပြုတဲ့ သရော်တဲ့နည်းနဲ့ ကြော်ငြာလိုက်ရင် မိမိ ပစ္စည်းရဲ့နာမည်ကို မသိမသာ လူသိများလာအောင် လုပ်နိုင် တယ်။ Dove ဆိုတဲ့ အသားအရေနဲ့ဆံပင်ကောင်းမွန် လာရေးပစ္စည်းတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီဟာ ''တကယ့် အလှပိုင်ရှင်ဖြစ်ရေး'' ဆိုတဲ့ကြော်ငြာနဲ့ လူတွေကို သဘော ကျအောင် ဆွဲဆောင်နိုင်ခဲ့တယ်။ အလှကုန်ပစ္စည်းကုမ္ပဏီတွေ က ဆွဲဆောင်မှုရှိတဲ့မော်ဒယ်တွေကိုသုံးပြီး ကြော်ငြာတာ မျိုးမလုပ်ဘဲ သဘာဝအလှပိုင်ရှင်အဖြစ် စိတ်ချမ်းသာရအောင် သူ့ကြော်ငြာထဲက မော်ဒယ်တွေကို တကယ်သဘာဝအတိုင်း လှတဲ့ သွင်ပြင်တွေဖြစ်အောင် ကြော်ငြာထားတယ်။ အလှ အပနဲ့ပတ်သက်ပြီး အများက ဘယ်လိုစံတွေပဲ သတ်မှတ် ထားထား အမျိုးသမီးတွေဟာ မိမိတို့ရဲ့ပင်ကိုသဘာဝကိုယ် ခန္ဓာကို အကောင်းမြင်တဲ့အမြင်နဲ့ ရှုမြင်တတ်ဖို့Dove က အားပေးလိုက်တာဖြစ်တယ်။ ဒါကြောင့်လည်း ဗြိတိသျ သတင်းစာThe Timeက ''Dove ဟာ အလှကုန်ပစ္စည်းတွေ ကြောင့် စူပါမော်ဒယ်တွေရဲ့မိမိတို့ရူပါကို မိမိတို့တအား အထင်ကြီးနေမှုကို တိုက်ဖျက်တဲ့အနေနဲ့ အခုလို အများနဲ့မတူ တစ်မူထူးခြားစွာ စိတ်ဝင်စားဖွယ်ကြော်ငြာလိုက်ခြင်းဖြစ် ကြောင်း တွေ့ရပါတယ်'' လို့ မှတ်ချက်ချခဲ့တယ်။ Dove နဲ့ Orange ကုမ္ပဏီတွေဟာ အဲဒီလိုသမား ရိုးကျကြော်ငြာနည်းတွေကို စွန့်လွှတ်တော်လှန်ပြီး ကြော် ငြာနည်းသစ်တစ်မျိုးကို ပြောင်းလဲသုံးစွဲလိုက်တဲ့အတွက် ဖောက် သည်တွေအပေါ်ထားတဲ့စေတနာ ပေါ်လွင်လာပြီး ကုန်ပစ္စည်းရဲ့နာမည်တက်လာရုံသာမက ဝယ်မယ့်သူတွေကို လည်း သဘောကျနှစ်သက်မှုကို ပေးစွမ်းတယ်။ ဒါကြောင့် ပစ္စည်းထုတ်လုပ်ရောင်းချသူတွေဟာ မိမိတို့ပစ္စည်းတွေနဲ့ပတ်သက်ပြီး စိတ်ချမ်းသာသွား စေရုံမျသာမက သူတို့ကိုယ်သူတို့လည်း ကျေနပ်သ ဘောကျသွားဖို့ လိုပါတယ်။ လက်တွေ့ဆောင်ရွက်ရန် - ဟာသဉာဏ်ရှိဖို့လိုသလို လူတွေဟာ ဘာ တွေကို စိုးရိမ်နေကြသလဲ၊ ဘာတွေဖြစ်ချင် နေ ကြသလဲဆိုတာကိုလည်း နားလည်အောင်လုပ်ပါ။ ဒါအပြင် မိမိရောင်းချချင်တဲ့ သူတွေရဲ့စရိုက်တို့၊ အ ကြိုက်တို့ကိုလည်း နားလည်အောင်လုပ်ပါ။ - ကြော်ငြာရာမှာ ဖျော်ဖြေရေး အနုပညာသမား (ဥပမာ- လူရွှင်တော်) တွေကို ထည့်သုံးနိုင်ဖို့ စိတ်ကူးထားပါ။ ရယ်စရာ ပျော်ရွှင်စရာလေးတွေကို အမှတ်ရပြီး မိမိတို့ ရဲ့ရောင်းကုန်ပစ္စည်းအတွက် အကျိုးရှိလာနိုင်တယ်။ - လူမှုရေးနဲ့ပတ်သက်ပြီး အကူအညီပေးဖို့ အစီအစဉ်ရှိ ထားရင် အဲဒီအစီအစဉ်ကို ကုန်ပစ္စည်းကြော်ငြာထဲမှာ ထည့်ပေးပါ။ - အများနည်းတူ သမားရိုးကျ ကြော်ငြာမှပဲဖြစ်တော့မယ် လို့ အစွဲမထားပါနဲ့။ အကျိုးအကြောင်းဆီလျော်အောင် ဝေဖန်သုံးသပ်ပြီး ဝယ်မယ့်သူတွေကို အဓိကဦးတည် ကာ မြူးမြူးကြွကြွလေး ကြော်ငြာပေးပါ။ နေ့စဉ်သုံးပစ္စည်းတွေကို သုံးစွဲရပိုလွယ်သွားအောင် တီထွင် လူတွေဟာ နေ့စဉ်သုံးပစ္စည်းတွေနဲ့ပတ်သက်ပြီး အခက်အခဲ လေးတွေ ကြုံတွေ့ရလေ့ရှိတယ်။ ဒါကြောင့် နေ့စဉ်သုံးပစ္စည်း တွေ သုံးစွဲရပိုလွယ်သွားအောင် တီထွင်သင့်ပါတယ်။ အယူအဆ အဲဒီလို ပစ္စည်းလေးတွေကို ပထမဦးဆုံး စတင်တီထွင်လိုက် နိုင်ပြီဆိုရင် အဲဒီပစ္စည်းဟာ နေ့စဉ်လူအများသုံးပစ္စည်း ဖြစ် လာရုံသာမက တီထွင်သူအတွက်လည်း ငွေကြေးဆိုင်ရာ အကျိုးအမြတ်တွေ ဖြစ်ပေါ်လာနိုင်တယ်။ ဥပမာအားဖြင့် ၁၉၃၈ ခုနှစ်ကLazlo Biro ဆို တဲ့ပုဂ္ဂိုလ် တီထွင်လိုက်တဲ့ပစ္စည်းကိုကြည့်ပါ။ သူဟာ သ တင်းစာဆရာအဖြစ် လုပ်ကိုင်နေရင်း သတင်းစာရိုက်တဲ့ မင်တွေဟာ သိပ်အခြောက်မြန်နေတာကို သတိပြုမိတယ်။ ဒါနဲ့ သူဟာ ဓာတုပစ္စည်းနားလည်ကျွမ်းကျင်တဲ့ ညီအစ်ကို တော်သူ ွနသမါန ငြမသ နဲ့အတူ ဖောင်တိန်တစ်မျိုးကို တီ ထွင်လိုက်တယ်။ ရေးရင်းမင်ထွက်တဲ့အပေါက်က လည်လိုက် လာတဲ့ဖောင်တိန်ဖြစ်တယ်။ အဲဒါကိုBIC ဘောလ်ပင်အဖြစ် တစ်နည်းတစ်ဖုံပြောင်းလဲထုတ်လုပ်လိုက်တဲ့အခါ ဒီကနေ့ နိုင်ငံတကာမှာ တွေ့မြင်နေရတဲ့ဘောလ်ပင်တွေဖြစ်လာပြီး နေ့စဉ် အချောင်းရေ ၁၄ သန်း ရောင်းချနေပြီဖြစ်တယ်။ နောက်ဥပမာတစ်ခုကတော့BlackBerry က တီထွင်ထားတဲ့ပစ္စည်းလေးပါပဲ။ ဒီကုမ္ပဏီဟာ မိုဘိုင်းဆက် သွယ်ရေးဈေးကွက်ထဲကို စဝင်တုန်းက အလွယ်တကူ သယ် ယူသွားနိုင်ပြီး Email လည်း ပို့လို့ရတဲ့ ပစ္စည်းလေးနဲ့ စ တင်ခဲ့တာဖြစ်တယ်။ အခုအခါမှာတော့ အဲဒီပစ္စည်းလေးနဲ့ တွဲဖက်ပြီး Text Messaging ၊ Cellphone၊ Web browsingစတဲ့ ဝန်ဆောင်မှုတွေပါ ဖြည့်စွက်တီထွင်ထုတ်လုပ် ထားပြီ ဖြစ်တယ်။ ဒီကုမ္ပဏီဟာ ဒီကနေ့နည်းပညာလောကမှာ ဖြစ်ထွန်းနေတဲ့ပစ္စည်းတစ်ခုတည်းနဲ့ အမျိုးမျိုးသုံးလို့ရအောင် တီထွင်နေကြသူတွေထဲမှာ ထင်ရှားပေါ်လွင်စွာ ပါဝင်လုပ် ကိုင်နေတယ်။ ဒါကြောင့်လည်း အခုအခါ လူတိုင်းသိပြီး ကမ္ဘာတစ် လွှားစီးပွားရေးလုပ်ငန်းရှင်တွေက သဘောကျနေကြတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီဟာ တီထွင်နိုင်စွမ်းရှိသလောက် တီထွင် ခြင်းမလုပ်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းကို ဘယ်သူစတင်တီထွင်သလဲဆိုတဲ့ မေးခွန်းနဲ့ ပတ် သက်ပြီး တရားဥပဒေအရ အငြင်းပွားဖွယ်ရာတွေ အများ ကြီးရှိနေလို့ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် Biro နဲ့Black Berry တို့ဟာ စီးပွားရေးလောကအတွက် မှတ်သားနာယူ စရာအချက်တစ်ချက်ပေးပါတယ်။ အဲဒါကတော့ အတတ်နိုင် ဆုံးတီထွင်ပါ။ နေရာတကာမှာ လွယ်လွယ်ကူကူ အဆင်ပြေ ပြေသုံးစွဲနိုင်မယ့်နည်းလမ်းကို ဝယ်ယူသုံးစွဲသူတွေအတွက် ရှာပေးပါဆိုတဲ့အချက်ပဲ ဖြစ်တယ်။
ဘာသာပြန် : ညွန့်သောင်း
လက်တွေ့ဆောင်ရွက်ရန် - သုံးရတာလွယ်ကူမှုရှိရေးကို အဓိကထားပါ။ - အချိန်ကုန်သက်သာမယ့်နည်းကို အာရုံစိုက်ပါ။ - မိမိထုတ်လုပ်တဲ့ပစ္စည်းတွေကို ပိုမိုကောင်းဖို့၊ အရည် အသွေးကို စမ်းသပ်ကြည့်ဖို့အတွက် Deep Drive Prototyping ဆိုတဲ့ နည်းကိုသုံးပါ။ ဒီနည်းကတော့ အခက်အခဲတို့ ပြဿနာတို့ကို အားလုံးဝိုင်းဝန်းဖြေရှင်း တဲ့နည်းဖြစ်တယ် (အခန်း ၁၆ ကို ပြန်ကြည့်ပါ)။ - လုပ်မရနိုင်ဘူးလို့ မထင်ပါနဲ့။ ဘယ်လိုလုပ်ရင် ရနိုင် မလဲဆိုတာသာ စဉ်းစားပါ။ - ကိုယ့်ရဲ့နေ့စဉ်ဘဝအတွေ့အကြုံတွေကို ပြန်စဉ်းစား ကြည့်ပါ။ ဈေးကွက်ထဲကို ဘယ်လိုပစ္စည်းမျိုးတင်လိုက် ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားပါ။ - လက်ရှိကုန်ပစ္စည်းတွေကို သေသေချာချာ ကြည့်ရှုစမ်း သပ်ပြီး ဝယ်ယူသုံးစွဲသူတွေ ဒီထက်ပိုပြီး အဆင်ပြေပြေ သုံးစွဲနိုင်အောင် ကြံဆပါ။ - အဲဒီလိုပစ္စည်းမျိုး တီထွင်ထုတ်လုပ်ပြီးတာနဲ့ အမြန် ဆုံးမူပိုင်ခွင့်ရအောင် လျောက်ထားပါ။