ဦးအောင်ထွန်း
Managing Director
Myanmar Investments International Ltd
ဥပဒေအသစ်ဖြစ်တဲ့ MIL (Myanmar Investment Law) က ရှိပြီးသား ဥပဒေနှစ်ခုဖြစ်တဲ့ မြန်မာအမျိုးသားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေ (FIL - Foreign Investment Law) တို့ရဲ့ နေရာမှာအစားထိုး ထွက်ပေါ်လာတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးပါပြီ။ ဒါပေမဲ့ MIL ရဲ့ နည်းဥပဒေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒီဇင်ဘာလထဲမှာ ထွက်ပေါ်လာမယ်လို့တော့ သိထားပါတယ်။ ဒါကြောင့် MIC မှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင် လုပ်ငန်းလုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ဥပဒေအဟောင်းအောက်မှာရှိနေမှာဖြစ်ပြီး တကယ်လို့ ၂၀၁၇ ခုနှစ်မှ လျှောက်ထားမယ်ဆိုရင် ဥပဒေအသစ်နဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး သိရသလောက်ကတော့ အခုဥပဒေအသစ်က ဥပဒေအဟောင်းနဲ့ နည်းနည်းတော့ဆင်ပါတယ်။ ဒါပေမယ့် ပိုပြီးလွယ်ကူအောင် အမျိုးအစားနှစ်မျိုးခွဲထားပါတယ်။ ပထမတစ်မျိုးဖြစ်တဲ့ ကုမ္ပဏီတွေ လုပ်ငန်းပါမစ်လျှောက်တာကတော့ အရင်ပုံစံနဲ့ တော်တော်တူပါတယ်။ အခွန်ကင်းလွတ်ခွင့်ပုံစံတွေ စသဖြင့်ပေါ့။ ဒုတိယအမျိုးအစားကတော့ Endorsement (ထောက်ခံချက်) ဖြစ်ပါတယ်။ ကုမ္ပဏီအသေးတွေဆိုရင် အပြည့်မလိုဘဲ ထောက်ခံချက်ယူနိုင်ပါတယ်။ အခုချိန်မှာ အသေးစိတ်ကို မသိရသေးတဲ့အတွက် ထောက်ခံချက်ရဖို့ ဘယ်လိုလျှောက်ရမလဲဆိုတဲ့ လျှောက်ထားမှုပုံစံကို မသိသေးပါဘူး။ လမ်းညွှန်ချက် လိုအပ်နေပါတယ်။
နည်းနည်းစိုးရိမ်စရာရှိတာကတော့ ဥပဒေအဟောင်းအောက်မှာတုန်းက အစိုးရက လုပ်ငန်းကို ပြည်သူပိုင်အဖြစ် သိမ်းယူတာမျိုးမလုပ်ဘူးလို့ အာမခံပေးတယ်။ ရှင်းရှင်းလင်းလင်း ရှိတယ်။ ဒါကြောင့် ခင်ဗျားက MIC ရဲ့ ဥပဒေအဟောင်းအောက်မှာ ကုမ္ပဏီထောင်မယ်ဆိုရင် အစိုးရက အာမခံတယ်။ ဥပဒေအသစ်ကိုတော့ ကျွန်တော်မြန်မာလိုရေးထားတာတော့ မဖတ်ရသေးပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ဥပဒေမှာ တွေ့ရတဲ့ စကားလုံးအရတော့ သိပ်ဘဝမကျစရာလေးတွေ တွေ့ရပါတယ်။ ဒါက ဘာလဲဆိုရင် The government nationalize without compensation or without having good reason ဆိုတာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ စိတ်ပူနိုင်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်က Power Plant တစ်ခု ရောင်းမယ်ဆိုရင် ဒါကိုပြည်သူပိုင်အဖြစ် ယူဆမယ်။ ဒီလိုလုပ်လို့တော့ရပေမဲ့ ကျွန်တော့်ကို လျော်ကြေးတော့ ပေးရမှာဖြစ်ပါတယ်။ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုကတည်းက အကျိုးအမြတ်ကို မျှော်ကိုးပါတယ်။ အကျိုးအမြတ်ကို လျော်ကြေးနဲ့တော့ မလဲချင်ကြပါဘူး။ ဒါကြောင့် အသေးစိတ်အချက်အလက်တွေ မသိရဘူးဆိုရင်တော့ သိပ်မကောင်းပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေက လုပ်ငန်းကြီးတွေဆိုရင် ရေရှည်အတွက် ရည်ရွယ်လုပ်ရတာဖြစ်ပါတယ်။
လုပ်ငန်းပေါ်မူတည်ပြီးတော့လည်း အခွန်ကင်းလွတ်ခွင့်တွေရှိတာ တွေ့ရပါတယ်။ နောက်ပြီး အစိုးရက Promote လုပ်ချင်တဲ့ ဒေသတွေမှာ လုပ်ငန်းလုပ်ရင်လည်း အခွန်ပိုင်းဆိုင်ရာ သက်သာမှုတွေ ရှိပါတယ်။ ကျွန်တော်မတွေ့တဲ့ အကြောင်းအရာလည်း ရှိပါတယ်။ ဒါက အစိုးရအနေနဲ့ High Tech လုပ်ငန်းတွေ၊ Computer Programming လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စဉ်းစားပေးသင့်ပါတယ်။ ဒါတွေက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် သိပ်လိုအပ်တဲ့ Skill ပိုင်းဆိုင်ရာလုပ်ငန်းတွေ ဖြစ်ပါတယ်။ နောက်ပြီး MIC အနေနဲ့ အစိုးရရဲ့ပေါ်လစီပေါ်မူတည်ပြီး ဦးစားပေးကဏ္ဍတွေကို Promote လုပ်သင့်ပါတယ်။ ဥပမာဆိုရရင် သက်မွေးမှုဆိုင်ရာကောလိပ်မျိုးဖွင့်မယ်ဆိုရင် ပိုပြီးအားပေးသင့်ပါတယ်။ ဒါက တိုင်းပြည်အတွက်လည်း ရေရှည်အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ထင်တာကတော့ ဒါမျိုးတွေကို ပြန်ကြည့်သင့်တယ်။ ဒါကြောင့် Geographical Areas ပေါ်မူတည်ပြီး လုပ်ခွင့်ပေးတာထက် Sector အလိုက်စဉ်းစားရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအတွက် စဉ်းစားပြီး အထည်စက်ရုံလုပ်ကိုင်ခွင့်ပေးတာလည်း မှန်ပါတယ်။ ဒါပေမဲ့ နောက်ထပ်နှစ်နှစ်ဆယ်လောက်ကြာတဲ့အချိန်မှာ ဒီစက်ရုံဟာ ပိုပြီးတော့ လုပ်အားခသက်သာတဲ့ နိုင်ငံကို ပြောင်းသွားမှာဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ Big Pictureကို ကြည့်ဖို့လိုပါတယ်။ နိုင်ငံအတွက် Vision ရှိဖို့လိုပါတယ်။ ဒါကြောင့် MIC မှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနဲ့ ပတ်သက်ပြီး Holistic Approach ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်အမြင်မှာတော့ ဒီဥပဒေသစ်က တချို့အပိုင်းတွေမှာ ပိုကောင်းလာပြီးတော့ တချို့အပိုင်းတွေမှာတော့ နည်းနည်းအားနည်းသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပိုပြီးအသေးစိတ်သိရဖို့ လိုနေပါတယ်။