Online မှာ ကိုယ်ပိုင်သတင်းအချက်အလက် လုံခြုံရေးအတွက် အရေးအကြီးဆုံး Password

feb2017it1

ပထမဆုံးဥပဒေသကတော့ ကိုယ့် Password ကို လုံခြုံအောင်ထားပါ။ အဲဒီလုံခြုံအောင်ထားထားတဲ့ Password ကလည်း Strong ဖြစ်ဖို့တော့ လိုပါတယ်။

ကိုယ်ရေးကိုယ်တာအတွက်သုံးတဲ့ Social Network တွေကအစ၊ လုပ်ငန်းအတွက်သုံးရတဲ့ Email တွေ အပါအဝင်၊ လုပ်ငန်းခွင်အတွင်းက ကွန်ပျူတာစနစ်တွေနဲ့ ကိုယ့်ရဲ့ငွေရေးကြေးရေး အချက်အလက်တွေအတွက် ဘဏ်အကောင့်တွေ စသဖြင့် လူတစ်ယောက်မှာ ထိလွယ်ရှလွယ် ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါင်းများစွာ ရှိပါတယ်။

ဒါတွေအားလုံးကို အွန်လိုင်းမှာ လုံခြုံအောင် ထားဖို့ဆိုတာကတော့ ကိုယ့်မှာ Security နဲ့ ပတ်သက်တဲ့ Concern ကတော့ ရှိရပါလိမ့်မယ်။ ဥပမာ - အများသူငါက သိလောက်တဲ့ ကိုယ့်အတွက် အရေးကြီးနေ့စွဲကို Password အဖြစ်ထားတာမျိုး မလုပ်ရဘူးဆိုတာလောက်ကတော့ အခြေခံပါ။

Password နဲ့ ပတ်သက်လို့ . . .

- အက္ခရာ၊ ဂဏန်း၊ စာလုံးအကြီးအသေး၊ သင်္ကေတ စသဖြင့် ရောနှောထားတဲ့ ကိုယ့်အတွက် အဓိပ္ပာယ် တစ်ခုခုရှိနေတဲ့ Password ကိုသုံးပါ။

- အမြဲတမ်းသုံးသမျှ Site တွေအတွက် တူညီတဲ့ Password တစ်ခုတည်းကိုပဲ မထားပါနဲ့။

- ဖြစ်နိုင်ရင် Two Step Verification ကိုသုံးပါ။

Password Manager တွေသုံးပါ . . .

တကယ်လို့ ကိုယ်ကအလုပ်လည်းများပြီး ကိုယ်ပိုင် Password တွေလည်း သုံးရတာများတယ်ဆိုရင်တော့ Password Manager တွေ သုံးလို့ရပါတယ်။ အများစုက ကိုယ့်လိုအပ်ချက်နဲ့ ကိုယ်သုံးနိုင်တဲ့ ငွေကြေးပမာဏပေါ် မူတည်ပြီး ဝန်ဆောင်မှုတွေက ကွဲပြားသွားနိုင်ပါတယ်။ ဒါပေမဲ့ Password Manager တိုင်းလိုလိုက အခမဲ့ ဝန်ဆောင်မှုပေးတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ရွေးချယ်သုံးကြည့်ရင်း ကိုယ်နဲ့ကိုက်ညီတာ၊ ငွေကြေးသုံးပြီးရွေးချယ်ဖို့ ထိုက်တန်တာကို ရှာတွေ့နိုင်ပါလိမ့်မယ်။

၂၀၁၇ ခုနှစ်အတွင်း ရွေးချယ်စရာ Password Manager ၅ ခု . . . . .

feb2017it2

LastPass - အခမဲ့သုံးလို့ရသလို အခပေး Premium Version လည်း ရနိုင်ပါတယ်။ Online account တွေကိုလည်း အရေအတွက် အကန့်အသတ်မရှိ သိမ်းထားနိုင်သလို အဲဒါတွေအားလုံးကို Master Password တစ်ခုတည်းနဲ့ ထိန်းသိမ်းထားလို့ရပါတယ်။ ကိုယ့်အတွက် Online Form တွေ ဖြည့်ပေးနိုင်သလို Multifactor Authentication လည်း လုပ်ပေးနိုင်ပါတယ်။

feb2017it5

Dashlane - Password Security အတွက် အကောင်းဆုံး အလုပ်လုပ်ပေးနိုင်တဲ့ LastPass ရဲ့ အကြီးဆုံးပြိုင်ဘက်ပါ။ သူ့မှာလည်း အခမဲ့နဲ့ အခပေးနှစ်မျိုးစလုံးရှိပါတယ်။ လုံခြုံမှုအားကောင်းတဲ့ Password တွေ ထုတ်ပေးနိုင်သလို သုံးရလွယ်ကူပြီး အနာဂတ်မှာ ကိုယ်ပြန်မှတ်မိအောင် Note တွေ သိမ်းထားလို့ရတဲ့ လုပ်ဆောင်ချက်တွေလည်း ပါရှိပါတယ်။ RoboForm - Desktop Password Manager ဖြစ်ပါတယ်။ သူ့ရဲ့ အခမဲ့ Version က Login ဆယ်ခုပဲအတွက် လက်ခံသိမ်းဆည်းပေးပေမယ့် Mobile Apps တွေအတွက် ကတော့ Free ဖြစ်ပါတယ်။

feb2017it3

KeePass - ဒါက PC မှာ ထည့်သွင်းစရာမလိုဘဲ USB ကနေတစ်ဆင့်ပဲ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုပါ။ သူက Opensource ဖြစ်တဲ့အတွက် လုံခြုံရေးနဲ့ပတ်သက်လို့ အားနည်းချက်ကို လူအများက အမြဲတမ်းစမ်းသပ်နေပြီး အချိန်နဲ့တစ်ပြေးညီပြုပြင်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Password Manager ကို အခုမှစသုံးမယ့် လူတွေအတွက်တော့ အခက်အခဲ နည်းနည်းရှိနိုင်ပါတယ်။

feb2017it6

Sticky Password - AVG Antivirus Team က လူတွေ ပါဝင်ရေးဆွဲထားတဲ့ Password Manager ဖြစ်တာကြောင့် လုံခြုံရေးအားကောင်းမှုနဲ့ပတ်သက်လို့ ထွေထွေထူးထူး ပြောနေစရာမလိုတော့ပါဘူး။ Premium Version မှာကတော့ Cloud Syncing နဲ့ Backup လို ဝန်ဆောင်မှုတွေပါပါတယ်။