News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာနိုင်ငံရဲ့ လက်ရှိမော်တော်ကားတင်သွင်းမှု အခြေအနေ
Editorial
October 24, 2013
Article
Feature
Top Story
အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပြည်ပကနေ ကားတင်သွင်းခွင့်တွေကို အရင်နဲ့မတူ လုပ်ကိုင်ခွင့်ရလာတဲ့အတွက် မြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ နိစ္စဓူဝကားတွေ ပြည့်သိပ်ကျပ်ညပ်နေတာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Ford၊ Nissan နဲ့ Mercedes တို့လို နိုင်ငံတကာ ကားကုမ္ပဏီတွေ လည်း မြန်မာနိုင်ငံကို ဝင်ရောက်လာနေပြီဖြစ်တဲ့အတွက် Authorized Dealer မဟုတ်တဲ့ မြန်မာနိုင်ငံက ကားတင်သွင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ရပ်တည်မှု အနေအထား ဘယ်လိုရှိတယ်ဆိုတာဟာလည်း စိတ်ဝင်စားစရာအချက် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လက်ရှိကားတင်သွင်းနေတဲ့အနေအထား၊ ယာဉ်မောင်း စနစ်၊ မူဝါဒနဲ့ အာဆီယံနိုင်ငံတွေရဲ့ ကားတင်သွင်းရောင်းချမှုပုံစံတွေနဲ့ ပတ်သက်ပြီး Sakura Trade Centre Co Ltd ရဲ့ ဥက္ကဋ္ဌ ဦးဌေးအောင် နဲ့တွေ့ဆုံမေးမြန်းဖြစ်ခဲ့ တာကို ဖော်ပြလိုက်ပါတယ်။
လက်ရှိကားသွင်းတဲ့ အနေအထားကတော့ တဖြည်းဖြည်းကျလာပါတယ်။။ သွင်းတဲ့အားကျလာရတဲ့ အကြောင်းရင်းက Buying Power နည်းလာလို့ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကားတင်သွင်းတာကို ၂၀၁၁ ခုနှစ်က စလိုက်တာ အခုဆို တင်သွင်းတဲ့ကားအစီးရေ နှစ်သိန်းကျော်သွားပြီ ဖြစ်တယ်။ မြန်မာပြည်မှာ မူလက ကားအစီး သုံးသိန်းကျော်ရှိပြီး ဖျက် သိမ်းလိုက်တဲ့ကားက တစ်သိန်းလောက်ရှိတာဆိုတော့ စုစု ပေါင်း အစီးရေ လေးသိန်းလောက်ဖြစ်လာတယ်။ ကားတိုး လာတဲ့နှုန်းက ရန်ကုန်မြို့တစ်ခုတည်းမှာ ၅၀ ရာခိုင်နှုန်းတိုး လာတယ်။ လက်ရှိ ရှိတဲ့လမ်းရဲ့အကျယ်အဝန်း၊ လမ်းအရှည် က တိုးလာတဲ့ကားပမာဏကိုလက်မခံနိုင်တာကြောင့် နေရာ တိုင်းမှာ ကားတွေကျပ်တယ်။ နယ်မှာကျတော့လည်း သိန်း တစ်ရာလောက်တန်ဖိုးရှိတဲ့ကားကို ဝယ်နိုင်တဲ့အင်အားက နည်းတယ်။ သိန်းတစ်ရာကျော်တန်ကားလေးတွေလည်း သွင်းလာတာ အစီးရှစ်သောင်းကျော်ပြီ။ အခုဝယ်တဲ့သူက တဖြည်းဖြည်းနည်းလာတယ်။ မီဒီယာလောကက ကားဈေး တွေကျမယ့်အကြောင်း၊ AFTA ဖြစ်လာလို့ရှိရင် Duty တွေ က သက်သာသွားမယ်ဆိုတဲ့အကြောင်းပြောလာတော့ တချို့ တွေက အဲဒီအချိန်ကို မျော်နေကြတယ်။ AFTA ဆိုတာက လာမယ့် ၂၀၁၅ ခုနှစ်မှဖြစ်မှာဖြစ်တဲ့အတွက် လိုသေးတယ်။။ တကယ်တမ်းဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာကလည်း အာဆီယံ Summit အစည်းအဝေးတိုင်းမှာ မပြတ်သေးဘူး။ ပြီးခဲ့တဲ့အစည်းအဝေးတိုင်းမှာလည်း တကယ်လို့ AFTA ကို ကျင့်သုံးမယ်ဆိုရင် သူတို့နိုင်ငံတွေက နစ်နာမယ်လို့ ဖွံ့ဖြိုး ပြီးနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်းတို့၊ စင်ကာပူတို့က အကြီးအကဲ တွေကိုယ်တိုင် ပြောခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူ တို့က နဂိုကတည်းက တိုးတက်ပြီးသားဖြစ်ပေမယ့် မဖွံ့ဖြိုး သေးတဲ့မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေနဲ့ ယှဉ်ပြီးကျင့်သုံးမယ်ဆိုလို့ရှိရင် အဲဒီမဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေ နစ်နာတယ်။ အခွန်တွေကိုလျော့ချပြီးသွင်းလာတော့ ပြည်သူ လူထုအတွက် ကောင်းပေမဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာရေးအတွက် တော့ မကောင်းဘူး။ ဒါကြောင့် ဒီနိုင်ငံတွေက အဆင်သင့် မဖြစ်သေးခင်မှာ အာဆီယံဆယ်နိုင်ငံက တစ်ပြေးညီကျင့်သုံး မယ်ဆိုရင်မဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံက အချိန်ပေးပါဦးလို့ တောင်းဆိုထားတယ်လို့ သိရတယ်။ ဘယ်အချိန်လောက်ထိ တောင်းဆိုထားလဲအတိအကျမသိပေမဲ့ ၂၀၁၇ ခုနှစ်ထိလို့တော့ ကြားမိတယ်။ လာအိုတို့၊ ကမ္ဘောဒီးယားတို့လည်း အတူတူပဲ ဆိုတော့ သူတို့လည်း အချိန်ထပ်တိုးချင်တဲ့ဆန္ဒရှိတယ်လို့ သိရတယ်။ AFTA အကောင်အထည်ပေါ်လာရင် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက် ဥရောပနိုင်ငံတွေမှာတော့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက သိပ်မကွာဘူး။ အာဆီယံနိုင်ငံတွေမှာကျတော့ ဖွံ့ဖြိုးတိုးတက် မှုနှုန်းက အတန်းစားသုံးခုလောက် ကွဲပြားနေတယ်။ ဒီတော့ AFTA (ASEAN Free Trade Area) ကို ကျင့်သုံးလိုက်တာ နဲ့ သုံးခုက ဘယ်လိုမှ မျတမှုရှိတော့မှာမဟုတ်တဲ့အတွက် ပြဿနာရှိတယ်။ မော်တော်ကားက ပိုဆိုးလာတယ်။ အခု မော်တော်ကားက ၁၆၅ ရာခိုင်နှုန်း Duty ကောက်နေတာ ဖြစ်တယ်။ အကောက်ခွန်ဌာနက ၆၅ ရာခိုင်နှုန်း၊ ကညနက ၁၀၀ ရာခိုင်နှုန်း၊ အဲဒီအပေါ်မှာမှ ကားရဲ့ဆီစားနှုန်းအပေါ် မူတည်ပြီး အလျော့အတင်းရှိမှာဖြစ်တယ်။AFTA ဖြစ်တဲ့ အချိန်ကျရင် အကောက်ခွန်ဌာနက ကောက်နေတဲ့အခွန်နှုန်း က ၀ ကနေ ၅ ရာခိုင်နှုန်းကြားမှာပဲ ရှိတော့မယ်။ အခု လည်း အဲဒါကို ကျင့်သုံးနေပါတယ်။ တွင်တွင်ကျယ်ကျယ် မဖြစ်သေးတာဘဲရှိတယ်။ ဥပမာ- ထိုင်းနိုင်ငံရဲ့ အစိုးရအဖွဲ့ အစည်းက သူတို့နိုင်ငံကထုတ်တဲ့ကား နိုင်ငံခြားကို တင်ပို့ တယ်ဆိုရင် Form D ပေးတယ်။ Form D ကိုမှထပ်ပြီး တော့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက မှန်ကန်ပါ တယ်လို့ ထောက်ခံချက်ပေးရင် အကောက်ခွန်ဌာနမှာ ၅ ရာခိုင်နှုန်းပဲ ဆောင်ရတယ်။ ဒါကို ကုမ္ပဏီတိုင်းတော့ မရ ဘူး။ ဒီမှာရှိတဲ့ Authorized Dealer တွေပဲရတယ်။ ကျန် တဲ့နိုင်ငံတွေက သွင်းလာတဲ့ ကျွန်တော်တို့လိုလူတွေကျတော့ ၁၆၅ ရာခိုင်နှုန်းဆောင်ရတယ်။ Agent တွေကျတော့ Form D ရှိတော့ သက်သာတယ်။ ဒီတော့ ဈေးကွက်မှာ အများကြီးကွာဟသွားတယ်။ AFTA ကျရင် အားလုံးကိုခွင့်ပြုမလား၊ အခုလိုပဲ Form D ရှိမှ ခွင့်ပြုမှာလား ထိန်းချုပ်ထားဦးမှာလားဆိုတာ ကိုတော့ မပြောတတ်ဘူး။ အားလုံး Equal Chance ရမယ် ဆိုရင် ပြဿနာမရှိဘူး။ အဲဒီလိုမဟုတ်ရင်တော့ Dealer တွေလုပ်စားဖို့ဖြစ်လာတယ်လို့ဆိုရမယ်။Dealer တွေကို End User တွေက ဝကွက်အပ်လိုက်ရသလို ဖြစ်သွားမယ်။ နောက်ပြီးMarket ကBalance ဖြစ်တော့မှာ မဟုတ်ဘူး။ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောနေတဲ့ Equal Chance ၊ Equal Share ဆိုတာ ဒီနေရာမှာမဖြစ်နိုင်တော့ဘူး။ သွင်း ခွင့်ပေးမယ့်မူဝါဒထဲမှာကျတော Dealer တွေသာလျင် ဒီလို ကားတွေကို တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ ဘောင်တစ်ခုချုပ် ထားတာရှိတယ်။ အဲဒါကို ကျွန်တော်တို့က ကန့်ကွက်ထား တယ်။ ဘယ်နိုင်ငံမှာမဆို စင်ကာပူ၊ မလေးရှား၊ သြစ တြေးလျ၊ ထိုင်းတို့ကိုယ်တိုင်က သူတို့တိုင်းပြည်မှာလည်း ကားတွေ ထုတ်နေတယ်။ ဂျပန်ကလည်း ကားတွေသွင်းနေ တယ်။ Toyota ကိုယ်တိုင်က ကားတွေထုတ်ပြီးတော့ ဂျပန် ကနေလည်း သွင်းတာပဲ။ အဲဒီမှာရှိတဲ့ပုဂ္ဂလိကကုမ္ပဏီတွေက လည်း သူတို့နည်းသူတို့ဟန်နဲ့ ဂျပန်က ကားတွေ သွင်းပြီး ရောင်းတာပဲ။ သွင်းခွင့်ရှိတယ်၊ရောင်းခွင့်ရှိတယ်။ ဆိုင်းဘုတ် ချိတ်ပြီး Toyota လို့မတပ်ဘဲ Sakura လို့ တတ်ထားပြီး ရောင်းရင်ဖြစ်တယ်။ ဒါပေမဲ့ တလောက ဝန်ကြီးဌာနက မူတစ်ခု Draft ထွက်လာတဲ့အခါမှာAuthorized Dealer တွေပဲ Brand New သွင်းခွင့်ပြုမယ်ဆိုတာပါတယ်။ ဒါက မဖြစ်သင့်ဘူး။ End User တွေ နစ်နာတယ်။ သူတို့ကိုသာ လျင် သွင်းခွင့်ပေးလိုက်မယ်ဆိုရင် သူတို့ပဲသွင်းခွင့်ရတဲ့အ တွက်Monopoly ဖြစ်လာမယ်။ ကားဈေးကွက်ကြီးကို သူတို့ရဲ့လက်ထဲမှာ ပေးကိုင်ထားသလိုဖြစ်သွားမယ်။ ဈေး ကွက်မှာ ယှဉ်ပြိုင်မှုမရှိတော့ဘဲ သူတို့ရောင်းချင်တဲ့ဈေးနဲ့ ရောင်းလို့ရသွားမယ်။ အဲဒီအခါ ဝန်ကြီးဌာနက သူတို့ရောင်း ချင်တဲ့ဈေးနဲ့ ရောင်းလို့မရအောင် ၁၀ ရာခိုင်နှုန်းပဲတင် ရောင်းရမယ်ဆိုပြီး ထိန်းချုပ်တာတော့ လုပ်ထားတယ်လို့ ပြောတယ်။ ဒါက စာရွက်ပေါ်မှာပဲ ထိန်းချုပ်ထားတာမျိုးပါ။ အကောက်ခွန်ဌာနအနေနဲ့ မော်တော်ကားတစ်စီး ရောက်လာ တယ်၊ မော်တော်ကားရဲ့အနေအထားကို ကြည့်မယ်။ ဒီကား ကဘယ်ကဝယ်တာလဲ။ Auction ကဝယ်တာလား၊ Auction ဝယ်လာတယ်ဆိုရင် Auction Sheet ပြ၊Auction အောင် တဲ့လက်မှတ်ပြ၊ အဲဒီမှာဈေးနှုန်းပါပြီးသားဖြစ်တယ်။ ဒါဆို အကောက်ခွန်ဌာနက ဒီနှုန်းထားအတိုင်း လိုက်ကောက်ပေး ရမယ်။ ဒီလိုမဟုတ်ရင်လည်း အကောက်ခွန်ဌာနက တန်ဖိုး တစ်ခုဖြတ်မယ်။ ဖြတ်တဲ့အတိုင်း တင်သွင်းသူက ဆောင်ကို ဆောင်ရမယ်။ ဒါက ဖြစ်သင့်တဲ့အလုပ်ကို ပြောတာပါ။ အာဆီယံနိုင်ငံတွေရဲ့ ကားတင်သွင်းတဲ့မူဝါဒ အခုနောက်ပိုင်း တိုးတက်လာတဲ့ ဗီယက်နမ်၊ ထိုင်း၊ အင်ဒို နီးရှား၊ မလေးရှားတို့ဆို Parallel Importer ဆိုတာရှိတယ်။ Toyota တို့၊Nissan တို့တွေကလည်း သူ့ Showroom သူတို့ဖွင့်တာပါပဲ။ သူ့ Market မှာ ရောင်းကောင်းမယ့် ကားတွေတင်ရောင်းတာပဲ။ အပြင်က စီးပွားရေးသမားက လည်း သူ့ဟာသူကိုယ်ပိုင် Showroom ဖွင့်ပြီးတော့ ကား တွေကို သူ့နည်းသူ့ဟန်နဲ့ တင်ရောင်းတာပါပဲ။ အဲဒီလိုတင် ရောင်းတဲ့အခါကျတော့ အပြိုင်အဆိုင်ဈေးကွက် ဖြစ်လာ တယ်။ Toyota ဆို Toyota ကုမ္ပဏီကပဲ တင်ရောင်းတာ မဟုတ်ဘူး။ အပြင်စီးပွားရေးသမားတွေကလည်း တင်ရောင်း တဲ့အခါကျတော့ ဈေးကွက်မှာ အပြိုင်ဖြစ်လာတယ်။ အဲဒီ တော့ ကားဈေးကွက်ကို တစ်ဦးတည်းခြယ်လှယ်လို့မရတော့ ဘူး။ အပြိုင်ရောင်းကြရတဲ့အခါ End User တွေအတွက် ကောင်းပြီး ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ရနိုင်တယ်။ အင်မတန် ကောင်းတဲ့ သူတို့နိုင်ငံတွေရဲ့ Practice ပါပဲ။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း Toyota Showroom ခြောက်ရာကျော်ရှိတယ်။ ပြည်တွင်းဖြစ်ကိုလည်း ရောင်းတယ်၊ ဂျပန်နိုင်ငံက သွင်း လာတာကိုလည်းရောင်းတယ်။ ပုဂ္ဂလိကShowroom တွေ မှာကျတော့ ပြည်တွင်းဖြစ်ကို တင်မရောင်းဘူး။ သူတို့က ပြည်တွင်းဖြစ်ထုတ်ပြီးတော့ ပြည်တွင်းဖြစ်ရောင်းတဲ့ Dealer လက်မှတ်မရှိဘူး။ Toyota ကလည်း ကန့်ကွက်လို့မရဘူး။ ဘာကြောင့်လဲဆိုတော Toyota ဆိုင်းဘုတ်တင်ရောင်းတာ မဟုတ်ဘဲ ကိုယ့်ကုမ္ပဏီနာမည်ကိုပဲ ဆိုင်းဘုတ်တင်ပြီး Brand New တွေကိုပဲ ရောင်းတယ်။Brand New တင် ရောင်းတဲ့အခါ မူဝါဒက Dealer တွေတင်ရောင်းသလိုပဲ Service ပေးရမယ်။ Warrenty ပေးရမယ်။ ဒါက ပြော စရာမလိုဘူး။ ဒါတွေ မပေးရင် Dealer ဆီမှာပဲ သွားဝယ် တော့မှာ အသေအချာပဲ။ ကျွန်တော်တို့လည်း Brand New ရောင်းတယ်၊ Warranty ပေးတယ်။ ဒီလိုမပေးရင် Toyota က Warranty ပေးရင် Toyota ပဲ သွားဝယ်တော့မှာပေါ့။ အခုဆိုရင် Second Hand တောင်ကျွန်တော်တို့က Service Warranty ကို Free ပေးတယ်။ တစ်နှစ်စာ ရေဆေးဆီထိုး Check Up ၊ အင်ဂျင်ဝိုင်လဲတာ၊ပစ္စည်းလဲတာတို့ဆို လက်ခ Free စတဲ့ ဝန်ဆောင်မှုပေးနေပါတယ်။ အပြိုင်အဆိုင်လုပ် ရတဲ့အခါကျတော့ Service Warranty ပေးကိုပေးရမယ် ဆိုတဲ့မူဝါဒက ထုတ်စရာတောင်မလိုဘူး။ အပြိုင်ပေးကြမှာပဲ။ ဒါက စီးပွားရေးသဘောသဘာဝပဲ။ Second Hand ကားဈေးကွက်နဲ့ ယာဉ်မောင်းစနစ် Second Hand ကားဈေးကွက် အခြေအနေကတော့ တက်လာနိုင်တယ်။ ဘာလို့တက်လာနိုင်လဲဆိုတော့ အခုမူဝါဒက ၂၀၀၈ ခုနှစ်အထက် ၂၀၁၁ ခုနှစ်အထိပဲ ညာကိုင်းသွင်း ရတော့မယ်။ ၂၀၁၂၊ ၂၀၁၃ ဆိုရင် ဘယ်ကိုင်းပဲသွင်းရတော့ မယ်။ ဒါလည်းမဟုတ်သေးဘူး။ ဘယ်ဆိုဘယ်ချည်းပဲ၊ ညာ ဆိုညာချည်းပဲ အကုန်လုပ်လိုက်တာမျိုးမဟုတ်ဘဲ ဟိုမရောက် ဒီမရောက် လုပ်ထားတယ်။ တစ်ဖက်မှာလည်း ဆယ်ယောက် စီးအထက်ဆိုရင် ဘယ်ကိုင်းပဲ သွင်းရမယ်ဆိုတဲ့အမိန့်က ထွက်ထားတယ်။ တကယ်တော့ မြန်မာနိုင်ငံက လက်ယာ မောင်းစနစ်ဆိုတော့ ဘယ်ကိုင်းမှ အဆင်ပြေမယ်။ ဗီယက် နမ်နိုင်ငံလည်း မြန်မာနိုင်ငံလို လက်ယာဘက်ကပ်မောင်းတဲ့ စနစ်ဆိုတော့ တစ်နိုင်ငံလုံးက ကားတွေဟာ ဘယ်မောင်း တွေချည်းပဲဖြစ်တယ်။ ညာမောင်းတွေ့ရတယ်ဆိုတဲ့ကားက လည်း သံတမန်တွေစီးတဲ့ကားမျိုးတွေပဲရှိတယ်။ အဲဒီတော့ ညာကိုင်းသွင်းလာတာနဲ့ သိမ်းတယ်။ အသိမ်းမခံချင်ရင် ကားကို ဘယ်ကိုင်းပြောင်း၊ ဒါမှ မှတ်ပုံတင်ခွင့် ပေးမယ်။ ဒီလိုမူဝါဒနဲ့သွားတာ။ ဒါတောင် လွန်ခဲ့တဲ့ဆယ်နှစ်လောက်က မူဝါဒပါ။ အခုဆိုဘယ်ကိုင်းပဲ သွင်းရမယ်။ Original ကို ပြောင်းထားတာကSafety မဖြစ်ဘူးဆိုပြီးတော့ လုံးဝကို တားမြစ်လိုက်တဲ့မူဝါဒဖြစ်သွားတယ်။ Second Hand လည်း Original Left-Hand Drive ပဲ။Brand New လည်း Original Left-Hand Drive ပဲ။ သူ့နိုင်ငံထဲမှာ ထုတ်တာ လည်းLeft-Hand Drive ပဲထုတ်တယ်။ အဲဒီတော့ သူ့ နိုင်ငံမှာ ယာဉ်ကြောစနစ်နဲ့ ယာဉ်မောင်းစနစ် Match ဖြစ် တာပေါ့။ Safety လည်း ဖြစ်တာပေါ့။ လာအိုနိုင်ငံလည်း အတူတူပဲ။ သူဟာ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ထိုင်းက ကားတွေကိုသွင်းရတယ်။ တခြားသွင်းစရာမရှိတဲ့ အခါ ထိုင်းက ညာမောင်းဖြစ်တာကြောင့် ညာမောင်းကားတွေ များတယ်။ ဒါကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက တင်းကျပ်လာတာဖြစ်ပြီး လမ်းပေါ်မှာကြည့်လိုက်ရင် ရာခိုင် နှုန်းတော်တော်များများ ဘယ်မောင်းတွေကိုပဲ တွေ့ရတယ်။ ကမ္ဘောဒီးယားကတော့ ၂၀၀၁ ခုနှစ်ကတည်းကစပြီးတော့ အမိန့်ထုတ်လိုက်တယ်။ လမ်းပေါ်မှာရှိတဲ့ ကားအစီးသုံး သောင်းကျော်ကို အားလုံးဘယ်မောင်းပြောင်းရမယ်။ အချိန် သုံးနှစ်ပေးမယ်။ သုံးနှစ်အတွင်း Convertion လုပ်ဖို့သွင်း လာတဲ့ Spare Parts ကို Duty Free ပေးမယ်ဆိုပြီးတော့ ခွင့်ပြုလိုက်တယ်။ သုံးနှစ်ပြည့်လို့ လမ်းပေါ်မှာ ဘယ်မောင်း တွေ့ရင်သိမ်းမယ်ဆိုပြီး အမိန့်ထုတ်တယ်။ အဲဒီလိုတစိုက် မတ်မတ် ကျင့်သုံးလာတဲ့အတွက် ကားတွေအကုန်လုံးက ဘယ်မောင်းတွေ ဖြစ်ကုန်တယ်။ ကားအစီးရေထိန်းချုပ်မှု မြန်မာနိုင်ငံမှာ Showroom တွေ ပေါ်လာတဲ့အခါ ကီလိုမိုင် ဘယ်လောက်ပြည့်ရင် Routine Service လာလုပ်ပါဆိုတာ မျိုးတွေလိုတယ်။ မလုပ်ဘူးဆိုရင် Warranty ဆက်ပေး စရာမလိုတော့ဘူး။ ဒီလိုတိတိကျကျမလုပ်ဘူးဆိုရင် မော် တော်ယာဉ်တွေများလာလေ အန္တရာယ်တွေ ပိုများလာလေပဲ။ ကားများလာတဲ့အတွက် Technically ထိန်းချုပ်တဲ့စနစ်တွေ အများကြီး လိုအပ်ပါတယ်။ ဒီမှာဆိုတာလည်း Qualified Mechanics မရှိသေးတော့ ပေါ်လာဖို့ကတော့ လိုပါသေး တယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ဥပဒေဆွဲနေတာ တော့ ရှိတယ်။ တစ်နှစ်ကို ကားအစီးရေ အကန့်အသတ်နဲ့ ဘယ်လာက်ပဲ သွင်းခွင့်ပြုသင့်တယ်။ မြန်မာနိုင်ငံမှာ ယာဉ် မောင်းနိုင်တဲ့ လမ်းကျယ်၊ လမ်းကျဉ်းနဲ့ချိန်ညှိပြီး ကားအစီး ရေ ဘယ်လောက်ပဲ ရှိသင့်တယ်ဆိုတာမျိုးတွေ ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးအနေနဲ့ တစ်နှစ်ကို Passenger ကားက ဘယ်လောက်သွင်းသင့်တယ်၊ Bus ကားက ဘယ် လောက်သွင်းသင့်တယ်၊ Truck ကားက ဘယ်လောက်သွင်း သင့်တယ်။ ပြည်တွင်းကကားတွေ ထုတ်လာနိုင်တဲ့အချိန်ကျရင် တင်သွင်းခွင့်ဘယ်လောက်ထိ လျော့ချသွားမယ်ဆိုတာတွေ ပါတယ်။ အကောက်ခွန်တွေ ဘယ်လိုသတ်မှတ်မယ်ဆိုတာ တွေပါတယ်။ ပြည်တွင်းက ကားတွေထုတ်လုပ်နိုင်တာနဲ့အမျ ပြည်ပက ကားတင်သွင်းတာကို အခွန်တိုးမြှင့်သွားရမယ်။ မလေးရှား၊ စင်ကာပူတွေမှာ ဒီလိုပဲလုပ်တယ်။ အင်ဂျင်ကြီး ရင်ကြီးသလို လမ်းခွန်တွေ တိုးကောက်တာတွေပါ လုပ်လာ တယ်။ ဒီလို ကားသုံးတဲ့ Expense တွေများလာတဲ့အခါ လူတွေက ကိုယ်ပိုင်တင်သွင်း၊ ဝယ်စီးတာတွေ လျော့လာပြီး Public Transportation ကို အားကိုးလာတယ်။ Public Transportation ကို သေချာလုပ်ပေးထားတယ်။ ဈေးသက် သာပြီး အချိန်ကုန် သက်သာအောင် လုပ်ပေးထားတယ်။ ဒီတော့ လူတွေက ကားနဲ့သွားတာထက် Public Transportation ကို အားကိုးလာတယ်။ ကားမသွင်းရဘူးဆိုတဲ့ဥပဒေမရှိဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ကားစီးရင် ကုန်ကျစရိတ်နဲ့ ထိန်း သိမ်းစရိတ်အတွက် အခက်အခဲတွေရှိမယ်။ ဒီလိုပုံစံနဲ့ထိန်း ချုပ်ထားပါတယ်။ နိုင်ငံတကာကားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စက်ရုံလာထောင်မယ့် အလားအလာ Toyota ကတော့ ချက်ချင်းလာမှာမဟုတ်ဘူး။ သူများနိုင်ငံ တွေဆိုလည်း Toyota ကMarket ကို နောက်ဆုံးမှဝင်တာ။ မြန်မာပြည်မှာဆို Toyota Market က ၈၅ ရာခိုင်နှုန်းလောက် ရှိပြီးသားဆိုတော့ နောက်ဆုံးမှ ဝင်မှာပဲ။ ဘာကြောင့်လဲ ဆိုတော့ စက်ရုံတစ်ခုဆောက်ပြီး Toyota ကားထုတ်ဖို့ဆိုQuality ရှိဖို့လိုတယ်။ Staff Quality ပေါ့။ လူတွေကို Skill ပြည့်ဖို့ Train လုပ်ရဦးမယ်။ အရင်ဆုံး Training Center တွေ ဖွင့်ရမယ်။ Parts စက်ရုံတွေကလည်း အစ ကနေစရမှာဆိုတော့ အခု ဒီမှာကဘာမှမရှိသေးဘူး။ ဒါတွေ ပြီးတော့မှပဲ စက်ရုံတည်လို့ ရမယ်။ Toyota ကရောင်းရုံပဲ ဆိုရင်တော့ သူ့Market ရှိပြီးသားမို့ အခုရောင်းအခုရပါ တယ်။Nissan ကလာတည်မယ်ဆိုပြီး Showroom ဖွင့် တယ်။ တကယ်တမ်းက သူ့ဆီမှာ ရှိပြီးသားစက်ရုံကြီးကို ဒီရွှေ့လာမှာ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က မလေးရှားမှာ တည်ထားတဲ့စက်ရုံကြီးကို ဒီရွှေ့လာမှာ။ ဒီတော့ ဘာမှမထူး ဘူး။Nissan က ထိုင်းမှာထုတ်နေပြီဆိုတော့ ဒီမြန်မာနိုင်ငံ မှာ စက်ရုံတည်ဖို့လိုအပ်သလား။Market ဘယ်လောက် ရှိသလဲ။ သူတို့တွေက ကမ္ဘာပတ်ပြီး အလုပ်လုပ်နေတဲ့သူ တွေဖြစ်တဲ့အတွက် သူတို့ရဲ့ Survey က မြန်မာနိုင်ငံမှာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိမလဲဆိုတာကို သုံးသပ်ပြီးသား ဖြစ်တယ်။ Ford ကလည်း ထိုင်းမှာစက်ရုံ ရှိပြီးသားဆိုတော့ ဒီမှာ လာတည်ပါဦးမလား။ အစီးတစ်သောင်း ရောင်းရမှာမှမဟုတ်တာ။ ဟိုမှာတည်တာက တစ်ကမ္ဘာလုံး ကိုတင်ပို့တာဖြစ်တယ်။ ထိုင်းက ကမ္ဘာမှာ တတိယမြောက် Pick Up ကား အများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်တယ်။ တစ်နှစ် မှာ ဒေါ်လာ ၁၆ ဘီလီယံဖိုးလောက် တင်ပို့တယ်။ အင်ဒို နီးရှားကလည်း မော်တော်ကားထုတ်လုပ်မှုနဲ့ပတ်သက်လို့ အင်မတန်တိုးတက်နေတယ်။ ဒါကြောင့် ဒီမှာ စက်ရုံတည်ဖို့ အချိန်အများကြီး လိုပါသေးတယ်။ အိမ်နီးနားချင်းနိုင်ငံတွေမှာ ကားစက်ရုံတွေက အများကြီးရှိနေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာပါ ထပ်ထုတ် မယ်ဆိုရင် ဘယ်သူ့သွားရောင်းမှာလဲ။ ဒါကြောင့် ထုတ်မှာ လား၊ မထုတ်ဘူးလားဆိုတဲ့မေးခွန်းက အဖြေရှိပြီးသားဖြစ်ပါတယ်။ KIA လို ကားကုမ္ပဏီမျိုးကတော့ အစီအစဉ်ရှိပြီးသားဖြစ် တယ်။SSS စက်ရုံကို KIA က Agent ပေးတယ်။ သူ့ စက်ရုံမှာKIA ပစ္စည်းတွေယူလာပြီး ဒီမှာဆင်ပြီးတော့ ရောင်းမှာ။ အဲဒါက ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာ SKD စနစ်နဲ့တပ်ဆင်ရင် Duty သက်သာတယ်။ KIA က သူ့ပစ္စည်းကိုဆင်ခွင့်ပေးတယ်ဆိုရင် တစ်စစီဖြုတ် သယ်လာပြီး ဒီမှာပြန်ဆင်မှာပဲ။ ပြည်တွင်းထုတ်ဖြစ်သွားတဲ့ အတွက် Duty မပေးရတော့ဘူးလေ။ မြန်မာနိုင်ငံမှာ စက်မှု လက်မှုဖွံ့ဖြိုးရေးအတွက် Duty Free ပေးထားတယ်။ မှတ် ပုံတင်လုပ်တဲ့အခါဆိုရင်လည်း အခွန် ၁၀၀ ရာခိုင်နှုန်းမပေး ရတော့ဘူး။ ဝယ်တဲ့သူက သိန်းနှစ်ရာနဲ့ဝယ်ရင် ၁၅ သိန်းလောက်ပဲဆောင်ရမှာဖြစ်တယ်။ ဒီတော့ SKD စနစ်နဲ့ Custom Duty ရှောင်ပြီး ကားထုတ်တဲ့စက်ရုံတွေ မကြာခင် ပေါ်ပေါက်လာဦးမယ်လို့ သုံးသပ်မိပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း