၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်မှာ မန္တလေးမြို့ ၊ Hotel Marvel Mandalay တွင် ကျင်းပခဲ့သော မိရိုးဖလာစီးပွားရေးမှ စနစ်ကျကျွမ်းကျင်သော အနာဂတ်သို့ ဟောပြောပွဲတွင် CEO Business And Management Magazine မှ အယ်ဒီတာချုပ် ဒေါက်တာသာထွန်းဦးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး Yathar Cho Industry Limited မှ Managing Director ဦးဝေဖြိုးမှ သူ၏လုပ်ငန်းများကို စနစ်ကျစွာပြောင်းလဲလုပ်ကိုင်လာမှုများကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်များအပေါ်အခြေခံပြီး ဆွေးနွေးခဲ့ပါတယ်။
V-Advisory Services Limited မှ Chairman ဦးကျော်တင့်မှ ပုံမှန်လုပ်ရိုးလုပ်စဉ်ပုံစံလုပ်ငန်းများမှ စနစ်ကျသော လုပ်ငန်းများအဖြစ်သို့ ဘာကြောင့်ပြောင်းလဲဖို့လိုအပ်သလဲဆိုတာကို နိုင်ငံတကာ Trend များ၊ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် နှိုင်းယှဉ်ပြီး ဟောပြောဆွေးနွေးခဲ့ပါတယ်။
AAT Business Center ရဲ့ Founder နှင့် Managing Director ဖြစ်သူ ဒေါ်အေးအေးသန့်မှ သမားရိုးကျလုပ်ငန်းများ စနစ်ကျခေတ်မီတဲ့ကုမ္ပဏီများအဖြစ် ပြောင်းလဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ၊ ပြောင်းလဲပုံ ပြောင်းလဲနည်းများ၊ လိုက်နာရမည့်နည်းနာများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပွဲကို တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါတယ်။
ဒီဟောပြောပွဲကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းနှင့်အတူ Aung Thamardi Gold & Jewllery ၊ CityMart Holding Co Ltd ၊ U Kar Ka Company တို့မှ Main Sponsor အဖြစ် ပါဝင်ပံ့ပိုးပေးခဲ့ကြပြီး Myat Mandalar Tun အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးနှင့် PAN Sportwears တို့မှ Co-Sponsor များအဖြစ် ပါဝင်ပံ့ပိုးပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပွဲနေ့တွင် အသုံးပြုသွားသော Powerpoint File များကို အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။
http://www.ceo-myanmar.com/wp-content/uploads/2017/03/1.Dr-Tha-Tun-Oo-PowerPoint.pdf
http://www.ceo-myanmar.com/wp-content/uploads/2017/03/2.U-Wai-Phyo-PowerPoint.pdf
http://www.ceo-myanmar.com/wp-content/uploads/2017/03/3.U-Kyaw-Tin-PowerPoint.pdf
http://www.ceo-myanmar.com/wp-content/uploads/2017/03/4.Daw-Aye-Aye-Thant-Power-Point.pdf