CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းမှ ကြီးမှူးစီစဉ်တဲ့ Family to Corporate Governance ဆွေးနွေးဟောပြောပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ TODAY မှ Executive Director ဦးစောရန်နိုင်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ပွဲမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ Keynote Speech အနေနဲ့ Family Business တွေအနေနဲ့ ကောင်းမွန်တဲ့ Corporate Governance အသွင်ကူးပြောင်းရာမှာ လိုက်နာကျင့်သုံးရမယ့်နည်းနာများ၊ Process & Procedures များ၊ Founder တွေအနေနဲ့ စဉ်းစားစီစဉ်ထားသင့်တဲ့အချက်တွေကို ရှင်းလင်းဟောပြောခဲ့ပါတယ်။
ဒုတိယပိုင်းအနေနဲ့ Panel Discussion ပြုလုပ်ခဲ့ပြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ Moderator အဖြစ် ဦးဆောင်ကာ Family Business တွေမှာ ကိုယ်တိုင်ဦးဆောင်နေကြသူတွေဖြစ်တဲ့ ဒေါက်တာမောင်မောင်လေး (Ni Lay Naing Co Ltd) ၊ ဦးစိုးညီညီ (Feel Myanmar Restaurant) နဲ့ ဒေါ်ချောခင်ခင် (MCC Group) တို့က Corporate Governance နဲ့ ပတ်သက်ပြီး မိမိတို့ကုမ္ပဏီတွေမှာ လက်ရှိလုပ်ကိုင်နေတဲ့ Procedure တွေ၊ မိသားစုလုပ်ငန်းတွေမှာ တွေ့ကြုံနေရသည့်အခက်အခဲတွေကို ဖြေရှင်းနည်းတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ယခု ဆွေးနွေးပွဲကို CEO မဂ္ဂဇင်းနဲ့အတူ AYA Bank ၊ City Mart Holding Co Ltd ၊ Grand Royal Special Reserve ၊ iKBZ Insurance ၊ United Paints Group Co Ltd နှင့် YKKO Group တို့မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းခွင်တွေက Top Level Executive တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒေါက်တာအောင်ထွန်းသက်ရှင်းလင်းတင်ပြခဲ့တဲ့ Powerpoint ကို အောက်ပါ Link ကနေ Download ရယူနိုင်ပါတယ် . . . . .
http://www.ceo-myanmar.com/wp-content/uploads/2017/02/MEF2017.pdf