News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Social Mobile Commerce Industry အနာဂတ်ကို ပုံဖော်မယ့် Facebook နဲ့ WhatsApp ရဲ့ deal
Editorial
June 18, 2014
Article
Feature
Highlight
IT
ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ Facebook ရဲ့ ဝယ်ယူမှုကSocial Mobile Commerce လုပ်ငန်းနယ်ပယ်ရဲ့ ဖြစ်ထွန်းလာမယ့်လမ်းကြောင်းကို ပုံဖော်ချင်တာပဲဖြစ်နိုင်တယ်လို့ သုတေသနကုမ္ပဏီတွေနဲ့ E-Commerce လောကရဲ့ ထိပ်တန်းကုမ္ပဏီတွေက ဆိုကြပါတယ်။ Facebook က Smartphone ကနေ စာသား၊ ဓာတ်ပုံနဲ့ video တွေ ပို့လို့ရတဲ့ ဝန်ဆောင်မှုဖြစ်တဲ့ WhatsApp ကို ဒေါ်လာ ၁၉ ဘီလီယံအသုံးပြုဝယ်ယူကာ Mobile Platform အသုံးပြုသူ နောက်ထပ် တစ်ဘီလီယံကို ထပ်မံရရှိဖို့ လောင်းကြေး ထပ်ထားတာဖြစ်ပါတယ်။ ဒီဝယ်ယူမှုက Facebook ကိုယ်တိုင်အတွက်လည်း အကြီးဆုံးရင်းနှီးမှုတစ်ခုဖြစ်သလို တခြား Google Inc နဲ့ Microsoft Corporation ၊ Apple Inc တို့ရဲ့ ဝယ်ယူမှုတွေ ထက်လည်း ကြီးမားပါတယ်။ ဂျပန်နိုင်ငံရဲ့ Online Retailer Rakuten က လည်း ဖေဖော်ဝါရီလ အစောပိုင်းတုန်းက Internet Messaging နဲ့ Calling App ဖြစ်တဲ့ Viber ကို ဒေါ်လာ သန်းကိုးရာနဲ့ဝယ်ယူပြီး Social Networking နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ Viber က Rakuten ရဲ့ Digital ကုန်ပစ္စည်းတွေအတွက် ဖြန့်ချိရေး Channel လုပ်ပေးပါ လိမ့်မယ်။ Facebook က WhatsApp အတွက် ဒေါ်လာ လေးဘီလီယံကို ငွေသားနဲ့ပေးချေပြီး ၁၂ ဘီလီယံကိုတော့ စတော့ရှယ်ယာနဲ့ ပေးချေမှာပါ။ ပြီးတော့ WhatsApp ရဲ့ တည်ထောင်သူအပါအဝင် ဝန်ထမ်းပေါင်း ၅၅ ယောက်ကို လည်း ရောင်းဝယ်မှုပြီးသွားတဲ့နောက် လေးနှစ်အတွင်းမှာ ဒေါ်လာသုံးဘီလီယံတန်ဖိုးရှိ ကန့်သတ်စတော့ရှယ်ယာတွေ ပေးမယ်လို့လည်း ကတိရှိထားပါသေးတယ်။ ဒီငွေကြေးပမာဏက Facebook ရဲ့ ဈေးကွက်တန်ဖိုးရဲ့ ၁၁ ရာခိုင်နှုန်းပမာဏလောက်ရှိတာ ဖြစ်ပါတယ်။ ယှဉ်ပြီးပြောရမယ်ဆိုရင် Goolge ရဲ့ အကြီးဆုံး ဝယ်ယူမှုတစ်ခုက Motorola Mobility ကို ဒေါ်လာ ၁၂.၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး၊ Microsoft ရဲ့ အကြီးဆုံး ဝယ်ယူမှုက ဒေါ်လာ ၈.၅ ဘီလီယံနဲ့ Skype ကို ဝယ်ယူခဲ့ တာဖြစ်ပါတယ်။ ဒါပေမဲ့ Apple ကတော့ ဒေါ်လာတစ်ဘီလီ ယံအထက် ဝယ်ယူမှုမျိုး ဘယ်တုန်းကမှမလုပ်ခဲ့ဖူးပါဘူး။ Facebook ရဲ့ ၂၀၁၂ ခုနှစ်တုန်းက ဒေါ်လာတစ် ဘီလီယံသုံးပြီး Instagram (photo sharing app) ကို ဝယ် ယူမှုက နမူနာကောင်းတစ်ခုဖြစ်ခဲ့တယ်ထင်ပါတယ်။ အဲဒီ ဝယ်ယူမှုရဲ့နောက်ကွယ်က အဓိကရည်ရွယ်ချက်ကတော့ ငယ်ရွယ်တဲ့အသုံးပြုသူတွေနဲ့၊ Apple ကတစ်ဆင့် အသုံး ပြုသူတွေကို လိုချင်လို့ပဲဖြစ်ခဲ့ပါတယ်။ Facebook က SnapChat (ပေးပို့လိုက်တဲ့ Message တွေနဲ့ ဓာတ်ပုံတွေက ကြည့်ပြီး ၁၀ စက္ကန့်အတွင်း မှာ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်) ကို ဒေါ်လာ သုံးဘီ လီယံနဲ့ကမ်းလှမ်းမှုလုပ်ခဲ့သေးပေမဲ့ အဲဒီအပေးအယူက မဖြစ်မြောက်ခဲ့ပါဘူး။ Facebook နဲ့ Rakuten တို့ရဲ့ InstantMessaging App တွေကို ဝယ်ယူမှုက Social Media Platform ပေါ်က Mobile Commerce App တွေဟာ အရှိန်ရလာနေပြီဆိုတာ ကို ပြသတာပဲဖြစ်ပါတယ်။ ပြီးတော့ Smartphone တွေပေါ် ကSocial Media ဆက်သွယ်ရေး Platform တွေက အသုံး ပြုသူတွေရဲ့ ဈေးဝယ်ယူမှုအလေ့အကျင့်တွေကိုလည်း ပြောင်းလဲလာနေစေတာ ဖြစ်ပါတယ်။ အခုမှ အစပြုတဲ့အဆင့်ပဲရှိသေးတယ်ဆိုပေမဲ့လို့ Social Mobile Commerce ၊ ဒါမှမဟုတ် M-commerce က အမှတ်တံဆိပ်ရှိပြီးသား ကုန်ပစ္စည်းတွေအတွက် အသုံး ပြုသူတစ်ယောက်ချင်း ဆီကို ရောက်ရှိဈေး ကွက်ချဲ့ထွင် ဖို့ အမြန်ဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ Rakuten တင်မက E-commerce လုပ်ငန်းတွေဖြစ်တဲ့ Zalora နဲ့ Lazada တို့ကပါ Line App ကို အသုံးပြုပြီး သူတို့ရဲ့ကုန်ပစ္စည်း တွေကို ရောင်းချကာ Online ဈေးကွက်ကို ချဲ့ထွင်ဖို့ ပြင်ဆင် လာနေကြတာ ဖြစ်ပါတယ်။
Facebook ရဲ့ Whats- App ကို ဝယ်ယူမှုကတော့ ကုမ္ပဏီရဲ့ လက်ရှိ ရပ်တည်မှုကို အားဖြည့်တာ၊ ပြီးတော့ လျင်မြန်စွာပဲ တိုးတက်လာနေတဲ့ WhatsApp ရဲ့ အစွမ်းနဲ့ အချိတ်အဆက် ကိုယူကာ Facebook ရဲ့ အရှိန်နှုန်းကို မြှင့် တင်တာလို့ ပြောလို့ရပါတယ်။ WhatsApp အသုံးပြုသူ တစ်ဘီလီယံရဖို့ မျော်မှန်းထား တာဖြစ်ပါတယ်။ တကယ်တော့ WhatsApp အသုံးပြုသူ တွေက Facebook က App ကို ဝယ်ပြီးနောက် လူကြိုက် မှာ မဟုတ်လောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မှာလား ဆိုပြီး စိုးရိမ်စိတ်ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ Facebook က တော့ ဟိုအရင် Instagram ကို ဝယ်ခဲ့တုန်းက လမ်းစဉ်အ တိုင်း WhatsApp ကိုလည်း Facebook နဲ့ တသီးတခြားပဲ ဆက်လက်ထားရှိမယ်လို့ ကတိပေးခဲ့ပါတယ်။ WhatsApp မှာ လစဉ်အသုံးပြုသူပေါင်း သန်း ၄၅၀ ရှိပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းလောက်က နေ့စဉ် အသုံးပြုတာဖြစ်ပါတယ်။ ဒီ App က တစ်နေ့ကို အသုံးပြု သူအသစ် တစ်သန်းလောက်တိုးလာနေတာလည်း ဖြစ်ပါ တယ်။ WhatsApp ကိုသုံးပြီး တစ်နေ့ကို Message ၁၉ ဘီလီယံလောက်ပို့ကြပြီး ၃၄ ဘီလီယံလောက် လက်ခံနေ ကြတာဖြစ်ပါတယ်။ ပြီးတော့ နေ့စဉ် ပုံပေါင်း သန်း ၇၀၀ လောက်နဲ့Video Message သန်း ၁၀၀ လောက်လည်း WhatsApp ကတစ်ဆင့် ပေးပို့ကြပါတယ်။ WhatsApp အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ဖုန်းနံပါတ်နဲ့ Contact ထဲ က လူတွေကို သူတို့ Account နဲ့ ချိတ်ဆက်ထားလို့ ရပါတယ်။ Facebook က ဝယ်ယူပြီးနောက်မှာ တွေ့ရမယ့် WhatsApp ရဲ့ ပထမဆုံး အပြောင်းအလဲကတော့ ဖုန်းခေါ် ဆိုမှုလုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေက ၁၉၉၀ ခုနှစ်အလယ် ပိုင်းလောက်ကတည်းက စတင်ကာ Commercial Internet လောကကို အပိုင်စိုးထားတာဖြစ်ပါတယ်။ Google က search လုပ်ဆောင်မှုအတွက်၊ Facebook က Social Network အတွက်၊ Twitter က နိုင်ငံတကာနဲ့ ချိတ်ဆက် အသုံးပြုတဲ့ Real-time Communication အတွက်နဲ့ Online Retail အတွက်ကတော့ Amazon စသဖြင့် ကြီးစိုး ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်းအသုံးအများဆုံး Instant Messaging App ၁၀ ခုရှိပါတယ်။ အဲဒါတွေကတော့ WhatsApp ၊ Viber ၊ Line ၊ Kakao Talk ၊ Kik၊ Tango ၊ Nimbuzz ၊ Hike ၊ နဲ့ MessagingMe တို့ဖြစ်ပါတယ်။ အာရှရဲ့ နည်းပညာဂုရုကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ယှဉ်ပြိုင်သူအနောက်နိုင်ငံက App တွေကို တိုက် ရိုက်စိန်ခေါ်ကာ ကမ္ဘာ့ Smartphone အသုံးပြုသူ ၅.၆ ဘီလီယံအတွက် ထိပ်တန်း Messaing နဲ့ Social Network ဖြစ်ဖို့ ကြိုးစားနေတာပါ။ WeChat ၊ Line ၊Kakao Talk နဲ့ Hike တို့လို အာရှအခြေစိုက်ကုမ္ပဏီတွေနဲ့ ကျန်တဲ့အနောက်နိုင်ငံတွေက App တွေရဲ့ ပြိုင်ပွဲကလည်း ပိုပြီးပြင်းထန်လာနေတာဖြစ်ပါ တယ်။ အခုဆိုရင် ဒီယှဉ်ပြိုင်ပွဲထဲကို Facebook ကို နောက်ခံယူပြီး ပိုကြီးထွားလာဖို့ အားယူနေတဲ့ WhatsApp က ဦးဆောင်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်ပါတယ်။ အခုဆိုရင် WhatsApp က အမေရိကန်အပြင် တခြားနိုင်ငံတွေမှာလည်း App ကို အသုံးပြုသူတွေများ လာနေပါပြီ။ ဥပမာ- အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနဲ့ မက္ကဆီကို တို့လို နိုင်ငံတွေမှာဖြစ်ပါတယ်။ WhatsApp ကို လက်ရှိ မှာ နိုင်ငံတော်တော်များများမှာ အခမဲ့အသုံးပြုလို့ရနေပြီး တချို့နိုင်ငံတွေမှာတော့ တစ်နှစ်ကို ၉၉ ဆင့်နှုန်းနဲ့ Subscribe လုပ်သုံးရတဲ့ပုံစံရှိပါတယ်။ မြန်မာနိုင်ငံနဲ့ကပ်လျက် ထိုင်းနိုင်ငံမှာတောင် ဂျပန်အခြေစိုက် Line App ကို အသုံးပြုသူ ၂၂ သန်းကျော် ရှိနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ Line က တစ်ဆင့် online ဈေးကွက်ချဲ့ထွင်နေတဲ့ Shopping Site တွေရှိပါ တယ်။ ကမ္ဘာလုံးဆိုင်ရာ သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ Frost & Sullivan (Thailand) က senior ICT analyst ဖြစ်သူMr. Teera Kanokkanjanarat က '' WhatsApp ကနေပေးပို့ခဲ့တဲ့ message အရေအတွက်က ပြီးခဲ့တဲ့နှစ်တစ်နှစ် လုံးကပေးပို့ အသုံးပြုခဲ့တဲ့ SMS အရေအတွက်နဲ့တောင် တူညီလုနီးပါးရှိတယ်'' လို့ BangkokPost သတင်းစာမှာ ဖြေဆိုထားတာကိုတွေ့ရပါတယ်။ သူက Facebook နဲ့ WhatsApp တို့ရဲ့ Deal က ထိုင်းနိုင်ငံအပေါ်မှာတော့ တိုက်ရိုက်ထူးခြားတဲ့ အကျိုးသက်ရောက်မှုမျိုးဖြစ်စေမှာ မဟုတ်ဘူးလို့လည်းမှာ ပြောထားခဲ့ပါတယ်။ Facebook ရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် WhatsApp က Carrier အများစုကို Messaging နဲ့ပတ်သက်ပြီး စိန်ခေါ်နိုင်နေပါပြီ။ လူတစ်ယောက်အနေနဲ့ သူ့ရဲ့ပတ်ဝန်း ကျင်က၊ သူ့အပေါင်းအသင်းတွေအားလုံးက Messaging Service အတွက် WhatsApp ကိုပဲ အသုံးပြုခဲ့မယ်ဆိုရင် သူလည်း လိုက်သုံးမှာပါပဲ။ Facebook ၊ WhatsApp Deal နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်း Software ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့Myanmar Information Technology Pte. Ltd ရဲ့ CEO ဖြစ်သူ ဦးထွန်းသူရသက်က ''ပိုငယ်ရွယ်တဲ့မျိုးဆက် က Social Media Platform နဲ့ App အသစ်တွေဖြစ်တဲ့ Twitter တို့ SnapChat တို့ကို Facebook ကနေပြောင်းသုံးနေ ကြတာဖြစ်ပါတယ်။ ဒီနယ်ပယ်ထဲမှာဆိုရင် WeChat က လည်း လူပြောများတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒါတွေကို Facebook က သိလို့ WhatsApp လို ကုမ္ပဏီကို ဝယ်ယူခဲ့ တာဖြစ်ပါတယ်'' လို့ ပြောပါတယ်။ Facebook က WhatsApp ကို သူ့ရဲ့လက် နက်တွေထဲက တစ်ခုအဖြစ်အသုံးပြုပြီး သမားရိုးကျဖုန်း Carrier တွေရဲ့နေရာကို ဝင်ယူလာနိုင်ပါတယ်။ ဘာကြောင့် ဆို WhatsApp က တခြားTelecom Industry တစ်ခု လုံးနီးပါးစာလောက်ရှိတဲ့ Message အသွားအပြန်နှုန်းနဲ့ လည်ပတ်နေတာလည်းဖြစ်ပါတယ်။ ဦးထွန်းသူရသက်က ''မြန်မာနိုင်ငံမှာလည်း ပို ကောင်းတဲ့ 3G Service ရလာတာနဲ့အမျ လူတွေက အဲဒီလို App တွေကို ပိုပိုပြီး သုံးလာကြမှာဖြစ်ပါတယ်။ အပြန်အလှန် ဆက်သွယ်တဲ့ လူနှစ်ယောက်စလုံးက Smartphone သုံးပြီး Online ပေါ်မှာလည်း ရှိနေကြမှာဖြစ်တာကြောင့် အများစုက SMS အစား WhatsApp နဲ့ WeChat လို App တွေကို သုံးလာကြမှာပါ။ ဒါက အသုံးပြုသူတွေအတွက် ပိုပြီး ဈေးသက်သာ၊ ပိုပြီးကောင်းပါတယ်။MNO (Mobile Network Operator) တွေအနေနဲ့လည်း Voice နဲ့Text/SMS တို့ဆီကထက် Data Usage ကနေပြီး ငွေကြေးပိုရလာ နိုင်ပါတယ်'' လို့ ပြောပါတယ်။ WhatsApp ကိုအသုံးအများဆုံးဖြစ်တဲ့ အာရှ ဒေသတစ်စိတ်တစ်ပိုင်းနဲ့ လက်တင်အမေရိက တစ်လွှားက Carrier တွေက MMS Message တွေအတွက် မတန်တဆ ကောက်ခံနေတာဖြစ်ပါတယ်။ ဒါကြောင့် အခမဲ့ အသုံးပြုနိုင်မယ့် Messaging App တွေက ပိုက်ဆံချွေတာဖို့ နည်းလမ်း ကောင်းတွေပါပဲ။ ပြီး တော့ အဲဒီ App တွေက ဖုန်းလိုင်းမိမှမဟုတ်ဘဲ Wi-Fi ရ နိုင်တဲ့ ဘယ်နေရာကနေမဆို ကိုယ့် အပေါင်းအသင်းတွေနဲ့ အဆက်အ သွယ်မပျက် နေနိုင်အောင်လည်း လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် နောက်ဆိုရင်Real-time Comm- unication ဝန်ဆောင်မှု ပေးနေတဲ့ Telecommunication Carrier တွေရဲ့ပုံစံက တစ်မျိုး ပြောင်းသွား နိုင်ပါတယ်။
အကျော်ကြားဆုံး Social Media Site တွေထဲက တစ်ခုဖြစ်တဲ့ Twitter ကတောင် အသုံးပြုသူ ၂၄၁ သန်းပဲရှိနေသေးတာဖြစ်ပြီး အဲဒီထဲက ၄၄ ရာခိုင်နှုန်း လောက်က Tweet wမလုပ်ကြပါဘူး။ ဒါကြောင့် လူတွေ တကယ်ပဲ instant messaging app တွေကို အတော်လေး သုံးလာနေကြပြီဆိုတာ အမှန်ပါပဲ။ လာမယ့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ICT Industry နဲ့ပတ်သက်ပြီးတော့ ဦးထွန်းသူရသက်ကို မေး မြန်းကြည့်တဲ့အခါ သူက Mobile ၊ Cloud နဲ့ Social Media တို့က ဦးဆောင်ပါလိမ့်မယ်၊ ပြီးရင်တော့ Big Data က လိုက်လာပါလိမ့်မယ်။ Mobile App တွေက အလားအလာရှိပြီး လူတွေကလည်း PC တွေထက် Smartphone နဲ့ Tablet ကို ပိုသုံးလာကြမှာပါ။ Data တွေကိုလည်း Cloud မှာ သိမ်းလာကြပါလိမ့်မယ်။ ပြီးတော့ Software တွေအနေနဲ့ Online ရော၊ Offline မှာပါ အလုပ် လုပ်တဲ့အနေအထားမျိုးဖြစ်လာသင့်ပါတယ်'' လို့ ပြောပြခဲ့ ပါတယ်။ Facebook နဲ့ WhatsApp တို့ရဲ့ အရောင်းအဝယ် ကနေ ပုံဖော်ဖို့ကြိုးစားနေတဲ့ နိုင်ငံတကာကInstant Messaing Trend အရွေ့နဲ့အတူ မြန်မာနိုင်ငံက Smartphone အသုံးပြုသူတွေလိုက်ပါနိုင်မလားဆိုတာ ကိုတော့ မြန်မာနိုင်ငံ ရဲ့ Telecommunication အရွေ့ကို လာမယ့်လတွေမှာ အရင်စောင့်ကြည့်ရဦးမှာဖြစ်ပြီး နိုင်ငံတကာနည်းတူ Carrier တွေအပြိုင်အဆိုင်နဲ့ Data Plan အသုံးပြု Mobile အတွေ့ အကြုံကို ရရှိနိုင်မှာလားဆိုတာကိုလည်း စောင့်မျော်ကြည့်ရဦး မှာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့အသုံးအများဆုံး Mobile messaging app ၁၀ ခုရဲ့ အသုံးပြုသူအရေအတွက်
အသုံးပြုသူ တစ်လကို သန်း၄၅၀ ရှိနေတာပါ။ Facebook ကဝယ်ယူပြီးနောက်မှာ အသုံးပြုသူ တစ်ဘီလီယံဖြစ်ဖို့ မျှော်မှန်းထားပါတယ်။
ဆိုက်ပရပ်စ်အခြေစိုက်ကုမ္ပဏီရဲ့ registered Member ပေါင်းက သန်းသုံးရာကျော်ဖြစ်ပါတယ်။ အခုတော့ သူ့ကို Rakuten က ဒေါ်လာ သန်းကိုးရာနဲ့ ဝယ်ခဲ့ပြီးပါပြီး။
တရုတ်နိုင်ငံရဲ့ အကြီးဆုံး ISP တွေထဲက တစ်ခုဖြစ်တဲ့ Tencent ပိုင်တဲ့ App ဖြစ်ပါတယ်။ သူကလည်း တစ်လကို အသုံးပြုသူပေါင်း သန်း၄၅၀ နီးပါးရှိပါတယ်။
ဂျပန်နိုင်ငံက Naver ကုမ္ပဏီပိုင်တဲ့ Line App ဟာ Register လုပ်အသုံးပြုသူပေါင်း သန်း၃၅၀ ကျော်ရှိတာပါ။
တောင်ကိုရီးယားအခြေစိုက် App က Registered လုပ်အသုံးပြုသူ သန်း ၁၀၀ ကျော်ရှိပြီး သူက ၂၀၁၃ ခုနှစ်ထဲမှာ Evernote နဲ့ ပူးပေါင်းကာ အမေရိကန်မှာပါ ဝန်ဆောင်မှုပေးနိုင်အောင်လုပ်ခဲ့ပါတယ်။
ဝါတာလူးတက္ကသိုလ်ကျောင်းသားတွေ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဒီApp မှာ Register လုပ်ထားတဲ့ အသုံးပြုသူပေါင်း သန်း ၁၃၀ ရှိနေပြီဖြစ်ကာ ကနေဒါ နိုင်ငံက အွန်တာရီယိုပြည်နယ်မှာ တစ်နေ့ကို Member အသစ်ပေါင်း နှစ်သိန်းလောက် တက်လျက်ရှိပါတယ်။
စီလီကွန်တောင်ကြား အခြေစိုက် Tango ကတော့ နိုင်ငံပေါင်း ၂၂၄ ခုအတွက် Utilize လုပ်ထားပြီးဖြစ်ကာ အသုံးပြုသူ သန်း ၁၉၀ ကျော်နဲ့ တိုးပွားလျက်ရှိနေပါတယ်။
Messaging၊ VoIP နဲ့ Social Network app တစ်ခုဖြစ်တဲ့ Nimbuzz မှာ register လုပ်ထားပြီးသား အသုံးပြုသူပေါင်း သန်း ၁၅၀ ကျော်ရှိပါတယ်။
သူ့ရဲ့ စုစုပေါင်း အသုံးပြုသူ ၁၅ သန်းထဲက ၆၀ ရာခိုင်နှုန်းက Homeland ဖြစ်တဲ့ အိန္ဒိယကဖြစ်ပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကတော့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက အသုံးပြုသူတွေ ဖြစ်ပါတယ်။
သူ့မှာတော့ အသုံးပြုသူငါးသန်းရှိပြီး တဖြည်းဖြည်း တိုးပွားလာနေပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း