Facebook လုပ်ငန်းမှာ ဆီလီကွန်တောင်ကြားရှိ တခြားအလားတူ လုပ်ငန်းတွေလိုပဲ လုပ်သားဦးရေဟာ အမျိုးသား ၆၉ ရာခိုင်နှုန်းရှိ ပါတယ်။ ပြီးတော့ လူဖြူတွေလည်းပိုများတယ်။ အဲဒီမှာ နည်း ပညာဆိုင်ရာလုပ်သား တွေရဲ့ ၈၅ ရာခိုင်နှုန်းနဲ့ စီမံခန့်ခွဲရေးပိုင်း က ဝန်ထမ်းတွေရဲ့ ၇၇ ရာခိုင်နှုန်းဟာ ယောကျ်ားတွေ ဖြစ်နေပါ တယ်။ လူမျိုးအနေနဲ့ဆိုရင် လူဖြူက ၅၇ ရာခိုင်နှုန်း၊ အာရှတိုက် သားက ၃၄ ရာခိုင်နှုန်း၊ လက်တင်အမေရိကက ၄ ရာခိုင်နှုန်းနဲ့ လူမည်းက ၂ရာ ခိုင်နှုန်းပဲရှိပါတယ်။ ဒါကြောင့် လူ့အခွင့်အရေး တန်းတူရရှိရေးခေါင်း ဆောင် Jesse Jackson က အာဖရိကတိုက် သား အမေရိကန်တွေနဲ့ လက်တင်အမေရိကကလူတွေကို ပိုမို ငှားရမ်းခန့်ထားဖို့ Facebook၊ Google ၊ Yahoo စတဲ့လုပ်ငန်းတွေကို တိုက်တွန်းထားပါတယ်။
Ref: CNN Money