၂၀၁၄ ခုနှစ်အတွင်းမှာ PC နဲ့ Mobile တင်ပို့ရောင်းချမှု ၂.၅ ဘီလီယံအထိ မြင့်တက်လာနိုင်ဟု Gartner ခန့်မှန်း

pc brands ၂၀၁၄ ခုနှစ်အတွင်းမှာ ကမ္ဘာ့လုံးဆိုင်ရာ PC နဲ့ Mobile တင်ပို့ရောင်းချမှုပမာဏဟာ ၂.၅ ဘီလီယံအထိ မြင့်တက်လာနိုင်တယ်လို့ သုတေသနကုမ္ပဏီ Gartner က ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။ ဒီပမာဏက ယမန်နှစ်ကထက်စာရင် ၈ ရာခိုင်နှုန်းနီးပါး တိုးလာတာဖြစ်ပါတယ်။ ဒီတိုးတက်လာမှုထဲမှာ PC တင်ပို့ရောင်းချမှုကတော့ တည်တည်ငြိမ်ငြိမ်နဲ့ လျော့ကျနေတာဖြစ်လို့ တိုးမြင့်လာတဲ့ Tablet တွေနဲ့ Mobile phone တွေရဲ့ တင်ပို့ရောင်းချမှုပမာဏအတွက် ပိုနေရာရလာစေပါတယ်။ ပြီးတော့ Ultramobile ပစ္စည်းတွေဖြစ်တဲ့ laptop-tablet hybrid တွေရဲ့ တင်ပို့ရောင်းချမှုကလည်း ပိုမိုတိုးတက်လာပါတယ်။ Garter ကနေ Tablet တွေရဲ့ တင်ပို့မှုပမာဏဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ အလုံးရေ ၂၆၃.၅ သန်းလောက်အထိ မြင့်တာလာမယ်လို့ ခန့်မှန်းပြောဆိုထားပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်က တင်ပို့ရောင်းချခဲ့တဲ့ အလုံးရေ ၁၇၉.၅ သန်းနဲ့စာရင် ၄၇ ရာခိုင်နှုန်း များလာမှာဖြစ်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ သာမန် PC တင်ပို့ရောင်းချမှုကတော့ အလုံးရေ ၂၇၇ သန်းလောက်အထိ လျော့ကျသွားနိုင်တယ်ဆိုတာကြောင့် ပြီးခဲ့တဲ့နှစ်က ရောင်းချခဲ့ရတဲ့ ၂၉၉ သန်းနဲ့စာရင် ၇ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားတာဖြစ်ပါတယ်။ Gartner ကတော့ ၂၀၁၅ ခုနှစ်အထိ ဒီလိုနှုန်းတွေနဲ့ပဲသွားမယ်လို့ ခန့်မှန်းထားပါတယ်။