Expatriate များနှင့် လုပ်ငန်းခွင်

Expatriate လိုအပ်ချက်၊ Expatriate ဆီက သင်ယူရမယ့် အချက်များနှင့် Challenge များ၊ မြန်မာလူငယ်တွေ Learning လုပ်ရန် လိုအပ်ချက်များ၊ First - Jobber တွေ ပြင်ဆင်ရမယ့်အချက်များကို ဆွေးနွေးတင်ပြထားပါသည်။

expatriate1

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေများပြားလာတာနဲ့အတူ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ လာရောက် လုပ်ကိုင်ကြတာလည်း တစ်စတစ်စ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ရှိရင်းစွဲလုုပ်ငန်းတွေ၊ ပူးပေါင်း တိုးချဲ့လာတဲ့လုပ်ငန်းတွေ၊ လုပ်ငန်းသစ်တွေပေါ်ပေါက်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုအနေအထားလည်း မြင့်မားလာကာ လုပ်ငန်းခွင်မှာ  ကျွမ်းကျင်ဝန်ထမ်းတွေ မရှိမဖြစ်လိုအပ်လာပါတော့တယ်။ ဒါပေမဲ့ မြန်မာ့ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းစတာတွေဟာ ဆယ်စုနှစ်အတော်ကြာအောင် ခါးပြတ်ခဲ့တာကြောင့် ပြည်တွင်းဝန်ထမ်းများမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ အရည်အသွေးတွေ လစ်လပ်ကုန်ပြီး ရုတ်ခြည်းထွက်ပေါ်လာတဲ့ ရာထူးအမြင့်ပိုင်းနေရာတွေမှာ မဖြည့်နိုင်တဲ့အနေအထားမျိုး ကြုံတွေ့လာရပါတော့တယ်။ ဒါကြောင့် နိုင်ငံတကာက စီမံခန့်ခွဲနိုင်တဲ့ အတွေ့အကြုံရှိပြီးသား၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပြီးသား Expatriate တွေ ဝင်ရောက်လာကာ နယ်ပယ်အသီးသီးမှာ နေရာယူလာတာ အတော်များများ တွေ့ရပါတယ်။ ဒီလို Expatriate တွေနဲ့ ကိုယ့်နိုင်ငံသားတွေ တွဲဖက်လုပ်ကိုင်ကြတဲ့အခါမှာ Challenge များလည်း ထွက်ပေါ်လာလျက်ရှိပြီး ဘာတွေကတော့ သင်ယူရရှိနိုင်တာ၊ ဘယ်လိုအရာတွေကိုတော့ ရှောင်ရှားဖို့လိုပြီး ကိုယ်တိုင်အနေနဲ့ ကိုယ့်ရဲ့ Career Development အတွက် ပြင်ဆင်သင့်တာတွေကို Expat တွေနဲ့ နှစ် ၂၀ နီးပါး တွဲဖက်လုပ်ကိုင်ခဲ့ကြတဲ့ Ground Solution Co Ltd ရဲ့ Chief Consultant နဲ့ CEO ဦးမြင့်ဇော်၊ Unique Network Marketing Company ရဲ့ Managing Director ဦးဇော်မျိုးလှိုင်၊ Jardine Engineering Myanmar Co Ltd ရဲ့ General Manager ဦးနေဦးနဲ့ Chatrium Hotel Royal Lake Yangon ရဲ့ General Manager ဒေါ်မေမြတ်မွန်ဝင်းတို့နဲ့ စကားဝိုင်းဖန်တီးဖြစ်ခဲ့တာကို တင်ဆက်လိုက်ပါတယ်။

Editor - ဒီနေ့ခေတ် လုပ်ငန်းနယ်ပယ်အသီးသီးမှာ ဘာကြောင့် Expatriate တွေ လိုအပ်လာတာပါလဲ။

[caption id="attachment_23770" align="alignnone" width="370"]ဦးမြင့်ဇော်[/caption]

UMZ - Expatriate တွေ ဘာလို့လိုအပ်လဲဆိုရင် ကိုယ့်ဆီမှာမရှိတာ သူတို့ဆီမှာ ရှိလို့ပါ။ အဓိကက ကျွန်တော်တို့ဆီမှာ Professionalism မရှိဘူး။ Professionalism ဖြစ်အောင်လည်း Train လုပ်တာ မခံခဲ့ရဘူး။ ဒီနေ့ခေတ်မှာ Business ကို Specialize အဖြစ်စသွားတဲ့အခါကျတော့ Professional တွေ စလိုလာတယ်။ အရင်က Marketing ဆိုရင် Marketing ဖြစ်ရင်ရပြီ။ ဒီနေ့ခေတ်ကျတော့ Marketing ဆိုတာနဲ့ Service Marketing လား၊ Strategic  Marketing  လား၊ Brand and Communications Marketing လားဆိုတာမျိုး မေးဖို့လိုလာတဲ့အပြင် ဘယ် Industry မှာ ကျင်လည်သလဲဆိုတာပါ ထည့်စဉ်းစားလာတယ်။ ဒီလို Specific ဖြစ်လာတဲ့အခါ ဒီနေရာတွေအတွက် Train လုပ်ထားတဲ့သူတွေ မရှိတော့ဘူး။ ဒီလိုမရှိတဲ့အတွက် Expatriate တွေခေါ်ရတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ Expatriate မရှိမဖြစ်ပါနေတာကတော့ Consultant Role ၊ Marketing Head Role နဲ့ Business Analyst Role တို့ဆိုတာကို သတိပြုမိပါတယ်။

[caption id="attachment_23771" align="alignnone" width="370"]ဦးနေဦး[/caption]

UNO - ကျွန်တော်တို့ အင်ဂျင်နီယာ နယ်ပယ်မှာဆိုရင်တော့ Skilled Labour က အစ လိုနေပါတယ်။ ပြန်လာတဲ့ Repat တွေကတော့ သူတို့ဘာလုပ်ရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ Blue Collar အဆင့် Labour တွေက အစ Skill Set မရှိတော့ Thai Labour တွေ၊ Vietnam Labour တွေကိုခေါ်ရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ထိန်းကွပ်ပေးဖို့တော့ လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် နိုင်ငံတကာက ဒီမှာလာပြီး သူတို့ငွေရင်းနှီးမြှုပ်နှံတယ်။ Labour မှာလည်း သူတို့လူပဲသုံးတယ်။ ရလာတဲ့အကျိုးအမြတ်ကို သူတို့ပဲ ပြန်ယူသွားတာမျိုးဖြစ်နေမယ်။ ဒါကြောင့် တစ်ဖက်က ကျွန်တော်တို့ရဲ့ Local Labour တွေကို Training ပေးရင်း တွဲပြီးသွားဖို့လိုမယ်။ Thai Labour တွေရဲ့ Productivity က ကျွန်တော်တို့တွေထက် သာတယ်။ မြန်မာတွေက အလုပ်လိုအပ်ချက် Target အရ အချိန်ပိုဆင်းပေးပါဆိုရင် မလုပ်နိုင်ဘူး၊ ပြီးတော့ နောက်နေ့ မလာတော့ဘူး။ Skill Set ကို အသာထားလိုက်၊ Attitude မှာကိုက လွဲနေတာတွေကို တွေ့ရတယ်။ ကျွန်တော်တို့လို Labour Intensive လုပ်ရတဲ့ Field မှာကျတော့ ဒါက တော်တော်လေး Challenging ဖြစ်ပါ တယ်။

DMMMW - မြန်မာနိုင်ငံမှာ Development တော်တော်ဖြစ်လာတဲ့အခါ Sufficient Pool က မလိုက်နိုင်ဘူး ဖြစ်နေတယ်။ နိုင်ငံတကာကုမ္ပဏီတွေကတော့ လိုအပ်တဲ့ Human Resource ကို Local မှာ ရနိုင်မလားဆိုတာ ကြည့်မှာပဲ။ ဒီလိုမရှိရင်တော့ သူတို့ရဲ့ Expat တွေကို ခေါ်လာမှာပဲ။ ခေါ်လာနေတာပဲ။ ကျွန်မတို့ Hotel Industry မှာ Middle Level လောက်ထိတော့ Expat တွေ မခေါ်ရသေးပါဘူး။ Middle Level အပြင် Top Management Level လောက်ထိကို မြန်မာ Local Manager တွေ ကောင်းကောင်း Handle လုပ်နိုင်ပါတယ်။ ဒါပေမဲ့ လုံလောက်မှုတော့မရှိဘူး။ ဟိုတယ်ငါးလုံးလောက်အတွက် လုံလောက်ပေမဲ့ ဟိုတယ် ၁၅ လုံး လောက်ဖြစ်လာတဲ့အခါ မလုံလောက်တော့ဘူး။ ဒါကြောင့် ကျွန်မတို့ Hospitility Industry မှာ Generation Gap က သိပ်ကြီးတယ်။ Succession အတွက် Next Generation က လုံလုံလောက်လောက်မရှိဘူး။ Working Level မှာ Generation နှစ်ခုလောက်က လွတ်သွားတယ်။ Opportunity အနေနဲ့ကတော့ လုပ်နိုင်တဲ့သူရှိရင် Organization တော်တော်များများက ကိုယ့်လူမျိုးကို ပေးချင်တယ်။ ဒါပေမဲ့ ယူနိုင်တဲ့သူမရှိတဲ့အခါကျတော့ Expat တွေကိုခေါ်ရတယ်။ ၁၉၇၀- ၈၀ ပြည့်နှစ်လောက်က တရုတ်ပြည်မှာ နိုင်ငံတကာဟိုတယ်တွေ စဝင်လာခဲ့တယ်။ သူတို့လည်း ကျွန်မတို့လိုပဲ ကြုံတွေ့ခဲ့ရတယ်။ ဒီလိုပဲ ဗီယက်နမ်၊ ဂျပန်၊ တရုတ်၊ ထိုင်းနိုင်ငံစတာတွေလည်း Expat တွေကိုခေါ်ခဲ့ကြရတော့ Conflict တွေ၊ Cross Cultural Challenges တွေ ကြုံခဲ့ကြရပါတယ်။ ထိုင်းမှာဆိုရင် Expat နဲ့ Local ဆိုတဲ့ Issue တွေ ဒီနေ့ထိရှိနေတုန်းပါပဲ။ ကျွန်မအထင် Emerging Market တွေရဲ့ ပြဿနာလို့ ထင်ပါတယ်။

UZMH - Unilever မှာ ကျွန်တော်က Expat တွေနဲ့ ဆယ်နှစ်နီးပါး အလုပ်တွဲလုပ်ခဲ့တယ်။ ဒီပြန်လာပြီးတော့ Expat တွေကို အုပ်ချုပ်တဲ့သူအနေနဲ့လည်း လုပ်ဖူးတယ်။ ဒါကြောင့် Expatriate တွေ ခေါ်နေရတာကို ပြဿနာလို့ ကျွန်တော်ကမမြင်ဘူး။ အခွင့်အလမ်းလို့ပဲမြင်တယ်။ နိုင်ငံတိုင်းမှာ Development ဖြစ်တဲ့အချိန် ကွာခြားမှုပေါ်မူတည်ပြီးတော့ Expat လိုအပ်ချက် နည်းတာ၊ များတာပဲ ကွာပါလိမ့်မယ်။ ဥပမာ - စင်ကာပူနဲ့ ထိုင်းဆိုရင် Develop ဖြစ်သွားပြီ။ ဒါပေမဲ့ Expat လိုနေတာပါပဲ။ ဒါပေမဲ့ ရာခိုင်နှုန်းတော့နည်းမယ်။ ကျွန်တော်တို့လို အခုမှ ပွင့်လန်းလာတဲ့နိုင်ငံမှာတော့ Expat ရာခိုင်နှုန်းများတယ်။ Generation နှစ်ဆက်နီးနီးက လုံး၀ Exposure မရတဲ့အတွက် ပြတ်ကျန်ခဲ့တယ်။ ကျွန်တော်နဲ့ကျောင်းတုန်းက Batch တူတဲ့သူတွေ အပါအဝင် ကျွန်တော့်ထက် ပညာတော်တဲ့သူတွေပါ ပြည်တွင်းမှာ ကုမ္ပဏီအကြီးတွေ မရှိခဲ့၊ Exposure ကောင်းကောင်းမရခဲ့တဲ့အတွက် သူတို့ရတဲ့အတွေ့အကြုံက နည်းသွားတယ်။ ကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့ ကုမ္ပဏီတိုင်းက နိုင်ငံတိုင်းမှာ ကုမ္ပဏီထောင်တယ်ဆိုရင် Local အများစုနဲ့ တည်ပြီး ထောင်ချင်တာပဲ။ ဒါပေမယ့် ပြဿနာက Talent Pool က နည်းနေတဲ့အတွက် လိုအပ်နေတဲ့ Layer ကို မဖြည့်နိုင်ဘူး။ ဒီတော့ အပြင်ကလူနဲ့ ဖြည့်ရတယ်။ ဒါပေမယ့် တကယ်အောင်မြင်တဲ့ကုမ္ပဏီဆိုရင် Proper Succession Plan ရှိရမယ်။ ပြီးတော့ Expat ရာခိုင်နှုန်းများနေတဲ့ ကုမ္ပဏီဆိုရင် Long Run မှာ Cost Perspective ကပဲ ကြည့်ကြည့်၊ Insight Perspective ဘက်ကပဲကြည့်ကြည့် Sustainable ဖြစ်ဖို့က အခက်အခဲရှိလိမ့်မယ်။

Editor - အခုမှအလုပ်စဝင်တဲ့ လူငယ်တွေ (First Jobber တွေ) ပြင်ဆင်ရမယ့်အချက်တွေကိုလည်း ပြောပြပေးပါ။

UMZ - လူငယ်တွေကိုပြောချင်တာကတော့ ပြဿနာရှာပါ။ ပြဿနာကိုရှာမှတွေ့မယ်။ တွေ့လာတဲ့ပြဿနာကိုလည်း ရှင်းရဲတဲ့စိတ်နဲ့ရှင်းပါ။ ပြဿနာကိုရှင်းပြီးရင်လည်း နောက်ပြဿနာတစ်ခုထပ်ရှာပါ။ အင်္ဂလိပ်လိုပြောရင်တော့ CWS ပေါ့။ Come with Solution ဆိုတာကို လက်ကိုင်ထားစေချင်ပါတယ်။ အလုပ်မှာ ပြဿနာတစ်ခုဖြစ်ပြီဆိုရင် ကျွန်တော့်ဆီလာကြတယ်။ နောက်တော့ ကျွန်တော်က CWS, 2 Os ဆိုတဲ့စာကို အရွက်တစ်ရာထုတ်ပြီး ရုံးမှာကပ်လိုက်တယ်။ နှစ်ရက်လောက်နေရင် ဘာလဲဆိုပြီး လာမေးမယ်ထင်တာ တစ်ပတ်လောက်ကြာတော့မှ မေးကြတယ်။ အဲတော့ ကျွန်တော်က ဒါမင်းတို့အတွက် ရေးထားတာ၊ မင်းတို့က ပြဿနာဖြစ်လာပြီဆိုရင် Report လာပေးတယ်။ Report ပေးပေမဲ့ Solution ပါမလာဘူး။ တကယ်တမ်းက ဒီပြဿနာရဲ့အဖြေက မင်းတို့ပဲသိတာ၊ ငါမသိဘူး။ ဒါကြောင့် အခုကစပြီး ပြဿနာတစ်ခုအကြောင်းပြောမယ်ဆိုရင် Come with Solution, Two Options နဲ့လာလို့ ပြောလိုက်တယ်။ အဖြေတစ်ခုတည်းပေးရင် ငါ Yes ၊ No မပြောနိုင်ဘူး။ ဒီတော့ Option နှစ်ခုပေးရင် Option A ကို သုံးရင်သုံးမယ်၊ Option B ကို သုံးရင်သုံးမယ်။ A နဲ့ B ပေါင်းပြီး C ထွက်ရင်လည်းထွက်မယ်။ ဒါပေမဲ့ ကျွန်တော့်ခံယူချက်က ပြဿနာရဲ့ဘေးမှာ Solution ရှိတယ်ဆိုတာပဲ။ လူငယ်တွေအများစုကကျတော့ ပြဿနာမြင်ရင် ကြောက်တယ်။ ဘယ်ကုမ္ပဏီဘယ်လောက်ရသလဲစုံစမ်းပြီး ပြေးလျှောက်ကြတယ်။ အမှန်တကယ်က ဘယ်ကိုပဲရောက်ရောက် ပြဿနာက သူ့နောက်လိုက်မှာပဲ။ ပြဿနာက ကျောပေးလို့မရဘူး။ မျက်နှာချင်းဆိုင်ရင်ဆိုင်မှသာ တန့်သွားမယ့်သဘောရှိတယ်။ အဲဒီလိုရင်ဆိုင်နိုင်မှပဲ ကိုယ်က နောက်တစ်ဆင့်ကို တက်သွားမယ်။

[caption id="attachment_23772" align="alignnone" width="370"]ဦးဇော်မျိုးလှိုင်[/caption]

UZMH - အဓိကလိုအပ်ချက်ကတော့ မေးခွန်းမေးတဲ့ အကျင့်ပါ။ ငယ်ငယ်ကတည်းက သင်ခဲ့ရတဲ့ပညာရေးစနစ်က One Way ဖြစ်နေတော့ ကလေးတွေမှာ မေးခွန်းမေးတတ်တဲ့အကျင့် မရှိတော့ဘူး။ ဒါကြောင့် မှားတာ၊ မှန်တာ ပြဿနာမရှိဘူး။ မေးခွန်းမေးဖို့လိုပါတယ်။ အဲဒီမှာ တော်တော်အားနည်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်က ၇၀၊ ၂၀၊ ၁၀ နဲ့ ပြောချင်ပါတယ်။ လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် ၇၀ ရာခိုင်နှုန်းက မှန်ကန်တဲ့ အလုပ်ထဲရောက်ရမယ်။ အလုပ်မရှိဘဲ သင်တန်းတွေပဲ လှည့်ပတ်တက်နေရင် ဒီကလေးက ဘာမှ Develop ဖြစ်မှာ မဟုတ်ဘူး။ နောက် ၂၀ ရာခိုင်နှုန်းက အလုပ်ထဲကရတဲ့ Coaching ပါ။ Line Manager ဆီက ရနိုင်တယ်။ Peers တွေဆီက ရနိုင်တယ်။ ၁၀ ရာခိုင်နှုန်းကတော့ In House Training တွေ၊ စာအုပ်ဖတ်တာတွေကနေ ရပါမယ်။ ဝင်ငွေကောင်းတဲ့ မိသားစုမှာတွေ့ရတာက ကလေးတွေဘွဲ့ရပြီးရင် လုပ်ငန်းခွင်ဝင်ခိုင်းမယ့်အစား သင်တန်းတွေအများကြီးကို တစ်ခုပြီးတစ်ခုပို့တာပါ။ တကယ်တမ်းက အသက် ၂၀ လောက်ကစပြီး လုပ်ငန်းခွင်ထဲဝင်ပြီး လုပ်ငန်းအတွေ့အကြုံ ယူသင့်ပါတယ်။ မယူပဲ သင်တန်းတွေပဲ တက်တဲ့အခါ Development က အားနည်းသွားပြီး ၇၀ ရာခိုင်နှုန်းမှာ ပြဿနာတက်တာပဲ။ နောက်တစ်ခုက အလုပ်ကပေးတဲ့ Training ပါ။ Unilever မှာ စဝင်တုန်းက ဘာ Training တွေရှိလဲမေးတော့ ဘာမှမရှိဘူးလို့ ပြောပါတယ်။ ဒါဆိုရင်တော့ ငါ့အတွက် ဘာတိုးတက်မှုမှမရှိဘူးဆိုပြီး ထင်ခဲ့တာပေါ့။ ဒါပေမယ့် နောက်တော့ မင်္ဂလာဈေးသွားပြီး Pricing သွားကောက်ခဲ့၊ ဆိုင်ဘယ်နှဆိုင် ရှိသလဲကြည့်ခဲ့ဆိုပြီး တာဝန်ပေးတယ်။ နောက်ပိုင်းမှာ နားလည်ခဲ့တာက ဒါတွေအားလုံးဟာ ကျွန်တော့်အတွက် Training ပဲဆိုတာပါ။

UNO - Appointment တွေကို အချိန်တိတိကျကျ သွားရမယ်။ Basic Discipline တွေကို လိုက်နာသင့်ပါတယ်။

[caption id="attachment_23773" align="alignnone" width="370"]ဒေါ်မေမြတ်မွန်ဝင်း[/caption]

DMMMW - Agree to Disagree ကို Adapt လုပ်ရမယ်။ လူကြီးတွေဆိုရင်လည်း Disagree ဖြစ်တဲ့ Topic ဆိုရင် ထပ်မပြောတော့ဘူးဆိုတာမျိုး လုပ်တတ်ကြတယ်။ ဒါကြောင့်လည်း နိုင်ငံခြားသားတွေနဲ့ အလုပ်တွဲလုပ်တဲ့အခါ Conflict တွေက ဒါကစတယ်လို့ ကျွန်မထင်ပါတယ်။ Disagree ဖြစ်တာကို လက်မခံနိုင်ကြဘူး။ Objective နဲ့ Subjective ကို ခွဲသင့်တယ်။

လူငယ်တွေက Competitive ဖြစ်ဖို့လည်း ကြိုးစားသင့်တယ်။ တချို့အေးဆေးပဲ အိပ်ပျော်နေတဲ့ သူတွေရှိတယ်။ တကယ်တမ်းက နောက်တစ်နှစ်ဆိုရင် လုံးဝပျောက်သွားနိုင်တဲ့ Business တွေက ရှိနေပြီ။ ဒီလို ရှိနေတာကိုတောင် Organization တွေရော၊ တစ်ယောက်ချင်းစီရောက Competition ကို လျော့တွက်ကြတာတွေလည်း ရှိတယ်။ ဒါကြောင့် ကလေးတွေက ကိုယ့်မှာရှိမယ့် Competitive Advantage ကို မွေးမြူရပါမယ်။ ကိုယ့်ရဲ့ Competitive Advantage က ဘာဖြစ်မလဲ။ သူများနဲ့ပြိုင်တဲ့အခါ ကိုယ့်မှာရှိမယ့် Competitive Advantage ကို ဖော်ထုတ်ရပါမယ်။ မရှိဘူးဆိုရင်လည်း ရှိအောင်လုပ်ရမယ်။ ပြိုင်ပွဲဝင်မယ်ဆိုရင် သူများထက်သာတာ ရှိကိုရှိရမယ်။ Business Environment က အခုလည်းပြောင်းနေပြီ။ နောက်လည်း ပိုပြီးပြောင်းမယ့် အခြေအနေပဲ ရှိပါတယ်။ ဒီအခြေအနေမှာ Ready ဖြစ်အောင် ပြင်ဆင်ထားရမယ်။ ကျောင်းစာအုပ်တွေနဲ့လည်း မလုံလောက်ဘူး။ အလုပ်အတွေ့အကြုံတစ်ခုတည်းနဲ့လည်း မလုံလောက်ဘူး။ ဘက်စုံပြင်ဆင်ရမယ်။ မှန်ကန်တဲ့ Mindset ရှိဖို့ကလည်း အရေးကြီးပါတယ်။

expatriate6

expatriate7

expatriate8

expatriate9

အယ်ဒီတာအဖွဲ့