ဒေါ်သင်းသင်းဆက်
Director
Pyrex Trading Co Ltd
Princess Amara Car Rental Services
စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ စီးပွားရေးလုပ်တဲ့နေရာမှာ Ethics က တော်တော်ကို အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ကျွန်မတို့ ဆေးရောင်းတဲ့အလုပ်မှာလည်း Ethics က အင်မတန်မှ အရေးပါတဲ့နေ ရာမှာ ရှိပါတယ်။
စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics မရှိရင် ဖြစ်လာနိုင်မယ့် အကျိုးဆက် လုပ်ငန်းတစ်ခုလုပ်တဲ့နေရာမှာ စောင့်ထိန်းရမယ့်ကျင့်ဝတ်သိက္ခာကို ကိုယ်က မစောင့်ထိန်းဘူးဆိုရင် အဓိက ကိုယ်နာမည်ပျက်မယ်၊ ကိုယ့်လုပ်ငန်းကို လေးစားမှုမရှိ တဲ့ သဘောကို သက်ရောက်တယ်။ အဲဒီအတွက်ကြောင့် ကိုယ်စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းတာနဲ့စီးပွားရေးလုပ်ငန်းကိုလည်း ဂုဏ်သိက္ခာမြှင့် တင်စေပါတယ်။ အလုပ်လုပ်တဲ့အခါ ကိုယ်ကျင့်သိက္ခာနဲ့ညီအောင်နေတော့ ကိုယ်လည်း စိတ်ရှင်းတာပေါ့။
Ethics ရှိ၊ မရှိဆိုတာ ကိုယ့်ရဲ့ Role Model နဲ့ဆိုင်၊ မဆိုင် Role Model နဲ့ဆိုင်၊ မဆိုင်ဆိုတာ ကလေးဘဝတုန်းကဆိုရင်တော့ ဆိုင်ပါလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့လည်း အများကြီးဆိုင်ပါလိမ့်မယ်။ ကောင်းတဲ့ပတ်ဝန်း ကျင်၊ ကောင်းတဲ့အသိုင်းအဝိုင်း၊ ကောင်းတဲ့ဆရာတွေနဲ့တွေ့မယ်ဆိုရင်တော့ Ethics ကောင်းဖို့ကပိုပြီး သေချာပါလိမ့်မယ်။ စိတ်ထဲမှာ မကောင်းမှုကိုမကြိုက် ဘူး၊ ကောင်းမှုကိုပဲ မြတ်နိုးတဲ့သူဆိုရင်တော့ သူ့ဘာသာသူပဲ Ethics ကို ရှာဖွေပြီး ကောင်းတဲ့လမ်းကြောင်းပေါ်ရောက်သွားတာတွေလည်း ရှိနိုင်ပါတယ်။ ငယ်ရွယ်စဉ် ဘဝမှာတော့ ကိုယ်သင်ယူရတဲ့ပတ်ဝန်းကျင်က အင်မတန်အရေးကြီးပါတယ်။
Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ ပုဂ္ဂိုလ် Ethics နဲ့ပတ်သက်လို့လေးစားခဲ့ရတဲ့ပုဂ္ဂိုလ်ကတော့ အစ်မရဲ့အစ်မဒေါ်ခင်သီရိနဲ့ ဆရာမကြီးဒေါ်ရီရီမြင့်တို့ရဲ့ Ethics ကို အင်မတန်လေးစားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လိုက်နာထားရှိသင့်တဲ့ Ethics တွေ အစ်မတို့လုပ်နေတဲ့အလုပ်နဲ့ပြောချင်ပါတယ်။ မမှန်တဲ့လုပ်ရပ်တွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ မကိုက်ညီတဲ့လုပ်ရပ်တွေ၊ ဥပမာအားဖြင့် ရောင်းချသူဆိုရင်ရောင်းချသူရဲ့ Ethics ရှိတယ်။ မိမိရဲ့စားသုံးသူကိုဘယ်တော့မှ မလိမ်ညာရဘူး။ အရည်အသွေးနိမ့်ကျတဲ့ ကုန်ပစ္စည်းတွေကို မရောင်းချရဘူး။ မိမိပြောရင်ပြောတဲ့အတိုင်းကတိ တည်ရမယ်၊ မိမိရဲ့ပြိုင်ဘက်ကိုမကောင်းမပြောရဘူး စသည်ဖြင့်ပေါ့ စောင့်ထိန်းရမယ့် လုပ်ငန်းခွင်ရဲ့ ကျင့်ဝတ်သိက္ခာတွေကတော့ အများကြီးပါပဲ။ အဓိကတော့ မလိမ် ညာဘဲ ဖြောင့်ဖြောင့်တန်းတန်းသွားဖို့ လိုပါတယ်။
နိုင်ငံတကာကဝင်လာရင် Ethics ဖောက်တာတွေပိုများလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပုံ ဒါကတော့ သူ့ရဲ့သမိုင်းကြောင်းကိုလေ့လာရမှာပေါ့။ နိုင်ငံခြားသားဆိုတိုင်းလည်းအထင်ကြီးလို့မရပါဘူး။ Ethical မဖြစ်တဲ့ အဖွဲ့အစည်းတိုင်းလည်း အများကြီး ရှိပါ တယ်။ Ethics ဆိုတဲ့ကိစ္စဟာ လူတစ်ဦးချင်းနဲ့လည်းဆိုင်တယ်။ နောက်ကွယ်က သူတို့ရဲ့စီးပွားရေးအဖွဲ့အစည်း၊ ကုမ္ပဏီ အဲဒါတွေနဲ့လည်း အများကြီးဆိုင်ပါတယ်။ သူ့ရဲ့သမိုင်းကြောင်း ဘယ်လိုလဲဆိုတာကို လေ့လာပြီးတော့မှ ဘယ်လိုလက်တွဲမလဲဆိုတာကို စဉ်းစားသင့်ပါတယ်။
စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ ပတ်သက်လို့ အကြံပြုချင်တာရှိရင် လက်တွေ့ဆန်ဆန်ပြောရမယ်ဆိုရင် အစ်မတို့ရဲ့ Entrepreneurship ဆိုတဲ့စကားမှာတော့ Risk ယူတာတို့၊ ကြံရည်ဖန်ရည်ရှိတာတို့ ပါပါတယ်။ ဒါပေမဲ့ ရေရည်မှာ ရပ် တည်ချင်တယ်ဆိုရင်တော့ ကိုယ်ကျင့်သိက္ခာက အင်မတန် အရေးကြီးပါတယ်။ ရေရှည်ရပ်တည်ချင်တဲ့လုပ်ငန်းတစ်ခုမှာ လူအများလေးစားဖို့နဲ့ သမိုင်းကြောင်းကောင်း ဖို့ကို သွားမယ်ဆိုရင် ကိုယ်ကျင့်သိက္ခာကောင်းမွန်မှသာ တည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်။