[caption id="attachment_8046" align="alignnone" width="370"] ဦးသန်းထိုက်လွင်
Chief Operation Officer (Group)
PROVEN
Technology Indusrty Co Ltd[/caption] စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ Ethics က စီးပွားရေးလုပ်ငန်းမှာတင် မဟုတ်ဘဲ လူမှုရေးအသိုင်းအဝိုင်းမှာပါ အင်မတန်အရေး ကြီးပါတယ်။ လူတစ်ယောက်က Ethics မရှိရင် လုပ်ငန်းအောင်မြင်ဖို့နဲ့ လူ့အသိုင်းအဝိုင်းမှာ ရေရှည်ဝင်ဆံ့ဖို့ မလွယ်ကူနိုင်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်လည်း လူတစ်ယောက်ကသူ့ရဲ့ Reputation (ဂုဏ်သတင်း) ဘယ်လောက် ကောင်းလဲ၊ Ethics ဘယ်လောက်ရှိလဲဆိုတာကိုဂရုစိုက်တတ်ကြပါတယ်။ တစ်ခါတလေ Ethics က လူအများလက်ခံနိုင်တာတစ်ခုနဲ့ တိုင်းတာကြတယ်။ တကယ်တော့ Ethics ဆိုတာကို ကျွန်တော်မြင်တာကတော့ အများက သတ်မှတ်တဲ့ ပေတံနဲ့တိုင်းဖို့လိုသလို ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ပေတံနဲ့ တိုင်းဖို့လည်း လိုပါတယ်။ Ethics ရှိတဲ့သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကို စိတ်ဖြောင့်ဖြောင့်၊ ကိုယ်ဖြောင့်ဖြောင့်နဲ့ ရေရှည်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲလိုပဲ သူများကကိုယ်နဲ့ အလုပ်တွဲ လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကပဲဖြစ်ဖြစ် ကိုယ်က Ethics ရှိတယ်ဆိုရင် ဖေးမကူညီ သူတွေပေါပြီး၊ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်စွာ အလုပ်တွဲ လုပ်ချင်တဲ့သူတွေများလာတဲ့အတွက် အခွင့်အလမ်းတွေ ပိုမိုပွင့်လာမယ်လို့ မြင်ပါတယ်။ Ethics က လုပ်ငန်းတွေမှာတင်မဟုတ်ဘဲ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရော၊ ကိုယ့်ကိုယ်ကိုယ်မှာရော Ethics ကို Standardတစ်ခုအနေနဲ့ သတ်မှတ်ထားသင့်ပါတယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရဆိုရင် ကိုယ်ကစိတ်ထဲမှာ Ethics ဖြစ်တဲ့အတွက် စိတ်ရှင်းရှင်းနဲ့ လုပ်ကိုင်နိုင်တာပေါ့။ Business Ethics ဆိုတာလည်းရှိသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း Social Ethics ရှိသလို နေရာတိုင်းမှာ Ethics ရှိရှိနဲ့လုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics မရှိရင် ဖြစ်လာနိုင်မယ့်အကျိုးဆက် လူတွေက တစ်ယောက်ရဲ့သတင်းကို တစ်ယောက်က ပြန်ကြားကြစမြဲပါပဲ။ Ethics မရှိရင် ကိုယ်နဲ့ လက်တွဲအလုပ်လုပ်မယ့်သူတွေက ကိုယ့်ကို တွန့်ဆုတ်နေမှာပဲ။ ကိုယ်အလုပ်လုပ်တဲ့အခါမှာ Ethical Standard မရှိရင်၊ ကိုယ့်ကိုယ် ကိုယ်ဘယ်ပေတံနဲ့ ပြန်တိုင်းမလဲဆိုတာလည်း မသိပြန်ရင်ရေရှည်မှာ အောင်မြင်တဲ့စီးပွား ရေးသမားတစ်ယောက်ဖြစ်ဖို့ အခက်အခဲတွေအများကြီး ထပ်မံကျော်လွှားရမှာဖြစ်ပါတယ်။ သေချာတာတစ်ခုက Ethical မရှိတဲ့လူတစ်ယောက်ဟာ ငွေရေးကြေးရေးအရ အောင်မြင် ကောင်းအောင်မြင်နိုင်ပေမဲ့ ရေရှည်မှာ အများသူငါ ထင်မြင်လေးစားလောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ဖို့အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။ Ethics ရှိ၊ မရှိဆိုတာ ကိုယ့်ရဲ့Role Model နဲ့ဆိုင်၊ မဆိုင် လူတွေက စံကိုတော့ မျိုးစုံထားတတ်ကြပါတယ်။ ဒါကြောင့် အများကသတ်မှတ်တဲ့ပေတံနဲ့တိုင်းတာဖို့လိုသလို၊ ကိုယ့်ဘာသာ ကိုယ်သတ်မှတ်ထားတဲ့ပေတံနဲ့လည်း တိုင်းတာဖို့ လိုပါတယ်။ ကိုယ့်ဘာသာ ကိုယ်သတ်မှတ်ထားတာတွေ ရှိပေမယ့် တခြားသူတွေဘာလုပ်နေလဲဆိုတာ၊ လုပ်ငန်းရဲ့ပတ်ဝန်းကျင်မှာ ဘာတွေပြောင်းလဲနေ တယ်ဆိုတာကိုလည်း အမြဲလေ့လာနေဖို့လိုပါတယ်။ ကမ္ဘာကြီးက အမြဲပြောင်းလဲ နေတာဆိုတော့ တိုင်းတဲ့ပေတံတွေကလည်း အမြဲပြောင်းလဲနေမှာပါ။ အဲဒီပြောင်းလဲနေတဲ့ ပေတံတွေအပေါ်မှာ ကိုယ်က အမြဲ Update လုပ်နေဖို့ လိုအပ်တာပေါ့။ ကိုယ့်ရဲ့ Role Model တစ်ယောက်တည်းပေါ်မှာပဲ မူတည်မနေဘဲ တခြား လေ့လာမှုတွေပါ အစဉ်ပြုလုပ်နေစေချင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း Ethics Standard တစ်ခုကို သတ်မှတ်ထားဖို့လိုပါတယ်။ Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ် ကျွန်တော် လူတစ်ဦးတစ်ယောက်ချင်းကိုတော့ ခေါင်းစဉ်ဖော်ပြီး မပြောလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမှာ လေ့လာမယ်ဆိုရင် Ethics နဲ့ပတ်သက်ပြီး လေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်။ တစ်ခါတလေကျတော့လည်း လူတစ်ဦးတစ်ယောက်ချင်းမဟုတ်ဘဲ Organization တစ်ခု အနေနဲ့ Ethical Standard မြင့်တာတွေ၊ အတုယူစရာ တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ စီးပွားရေးလောကမှာ တချို့ကုမ္ပဏီတွေဆိုရင် CSR တွေလုပ်ကြတယ်။ ဒါကျတော့ လူတစ်ဦးတစ်ယောက်ချင်းနဲ့ မဆိုင်တော့ဘဲ၊ Organization တစ်ခုအနေနဲ့လုပ်တဲ့ သဘောမျိုးပါ။ ကျွန်တော်ကတော့ လူတစ်ယောက်ချင်းရဲ့ ဘဝအတွေ့အကြုံ၊ လုပ်ငန်းအသိုင်းအဝိုင်း မှာတွေ့ဆုံလာတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ဆွေးနွေး ဖလှယ်မှုကရတဲ့ အချက်တွေ၊ Ethics တွေကိုကြည့်ပြီးကိုယ့် ကိုယ်ကိုယ် Polish လုပ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့်တဲ့ Ethics တွေ ကုမ္ပဏီလုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ်မှာ Ethical ဖြစ်ရပါမယ်။ ဒုတိယအချက်က ကိုယ်လုပ်တဲ့ပစ္စည်း၊ ကိုယ်ရောင်းတဲ့ပစ္စည်း အဲဒါတွေပေါ်မှာ Ethical ရှိရပါမယ်။ ဆိုလိုချင်တာက ကိုယ်က ကောင်းတဲ့ပစ္စည်းပဲရောင်းမယ်၊ ဥပမာ- စားသောက်ဆိုင်တစ်ခုမှာ ကိုယ်ကိုယ်တိုင်မစားမယ့်အစားအစာတစ်ခုကို သူများကို မရောင်းဘူး။ အဲလိုမျိုးတွေက စီးပွားရေး Ethics တစ်ခုပါပဲ။ ပြီးရင်လူမှုရေးပိုင်းကို Contribution ပြန်လုပ်ရ မယ်။ တနည်းအားဖြင့် CSR ( Corporate Social Responsibility) ပါ။ အဲဒါတွေကလည်း Ethical တွေပါပဲ။ ကိုယ်နဲ့လက်တွဲလုပ်မယ့်သူတွေကိုလည်း Ethical ဖြစ်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ကို Supporting ပေးနေတဲ့သူ (Customer)တွေကိုလည်း Ethics ရှိရပါတယ်။ ဒီလိုမျိုးပဲ Indirectly ပတ်သတ်နေတဲ့ ပတ်ဝန်းကျင်ကိုလည်း ထိုက်သင့်တဲ့ Ethical ရှိရပါမယ်။ ကိုယ့်ရဲ့ Ethical ကိုလည်း Future မှာ Set-up လုပ်ပေးဖို့လိုပါတယ်။ Ethics ကလည်း လူတစ်ဦးတစ်ယောက်ချင်းပေါ် မူတည်မနေပါဘူး။ Cooperation Ethics ကလည်းရှိဖို့လိုပါတယ်။ အရေးကြီးဆုံးက ကိုယ့်ရဲ့လုပ်ငန်းမှာ Brand တစ်ခုကို ရေရှည်တည် ဆောက်ဖို့အတွက် လူတွေရဲ့ယုံကြည်မှုလိုအပ်ပါတယ်။ အဲဒီယုံကြည်မှုဟာ ကိုယ့်ရဲ့ပစ္စည်းကောင်းနေရုံနဲ့မရပါဘူး။ကိုယ် လုပ်တဲ့လုပ်ငန်းအပေါ်မှာ Social Responsibility ဘယ်လောက်ရှိသလဲ၊ Customer တွေအပေါ်မှာ ဘယ်လောက် Ethical ရှိလဲ ၊ ကိုယ်ရောင်းတဲ့ ပစ္စည်းပေါ်မှာ ဘယ်လောက် အာမခံပေးထားသလဲစတာတွေဟာ ရေရှည်Brand တည် ဆောက်ဖို့အတွက် လိုအပ်ပါတယ်။ ပစ္စည်းဆိုတာက Manufacturing ဒါမှမဟုတ် ရောင်းချတာနဲ့ တင်ပြီးပြည့်စုံတယ်လို့ ပြောလို့မရပါဘူး။ မော်တော်ကားတွေ Recall ပြန်လုပ်သလိုပေါ့။ သူတို့ဟာ Ethically ရှိရှိနဲ့ ပြဿ နာမဖြစ်ခင်မှာ ပြန်ခေါ်တယ်။ ဒါဟာ ပြောရမယ်ဆိုရင် Ethical Standard တစ်ခုပါပဲ။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်တော့ ငွေကုန် ကြေးကျ များတယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်လိုက်တာဟာ လူတွေရဲ့ယုံကြည်မှုကို တည်ဆောက်လိုက်တဲ့သဘောပါပဲ။ လူတွေရဲ့ယုံကြည်မှုကိုရတဲ့အတွက် ကိုယ့်ကုမ္ပဏီရဲ့ အောင်မြင်မှု၊ ရေရှည်ရပ်တည်နိုင်မှုတွေဟာ တစ်နည်းနည်းနဲ့ တန်ပြန်သက်ရောက်ပါလိမ့်မယ်။ ဿ Ethical မဖြစ်တဲ့သူတွေကိုတွေ့ရင် ဒါကတော့အခြေအနေပေါ်မူတည်ပါတယ်။ စီးပွားရေးလောကမှာလူမျိုးစုံတွေရှိတာကြောင့် ကျွန်တော်တို့ဟာ ညှိနှိုင်းမှု၊ လေ့လာဆန်းစစ်မှုကာလ တစ်ခုရှိရမယ်။ တချို့တလေလည်း နည်းဥပဒေနဲ့ကာကွယ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ Intellectural Property ကိုတော့မဖြစ်မနေ ကာကွယ်ရပါ မယ်။ ကျွန်တော်တို့ စာရွက်စာတမ်း ကိစ္စတွေဆိုရင်တော့ Lawer တွေနဲ့ လုပ်ရမှာဖြစ်ပါတယ်။ တခြားကိစ္စတွေဆိုလည်း အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးနည်းလမ်းနဲ့ ဖြေ ရှင်းသင့်ပါတယ်။ နိုင်ငံတကာကဝင်လာရင် Ethics ဖောက်တာတွေပိုများလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပုံ တံခါးတစ်ခုဖွင့်လိုက်ရင်တော့ အလင်းရောင်တွေဝင်လာမှာပါ။ ကျွန်တော်တို့ကလည်း အဲဒီအလင်းရောင်တွေပေါ်မှာ ကိုယ် ကြိုက်တဲ့အလင်းရောင်လည်းဖြစ်နိုင်သလို ကိုယ်နဲ့သဟဇာတ မဖြစ်တဲ့ အလင်းရောင်မျိုးတွေကိုလည်း တွေ့ရပါတယ်။ ကောင်းတာနဲ့ဆိုးတာဟာ ဒွန်တွဲလာစမြဲဖြစ်တာကြောင့် ကိုယ်ကမျိုးစုံ စဉ်းစားရမှာပေါ့။ စာရွက်စာတမ်းနဲ့လုပ်မယ်ဆိုရင်လည်း သက်ဆိုင်ရာနားလည်တဲ့သူတွေနဲ့ အကူအညီ တောင်းခံပြီး ဆောင်ရွက်သင့်ပါတယ်။ ဒီလိုကိုယ်သိပ်နားမလည်တဲ့ကိစ္စတွေမှာ သက်ဆိုင်ရာသိကျွမ်းနားလည်တဲ့ အတတ်ပညာရှင်တွေ ကြားဝင်ဖြေရှင်း အကြံပြုခြင်းအားဖြင့် တချို့ မသေမချာဖြစ်နေတဲ့၊ ဖြစ်နိုင်တဲ့ ဧရိယာတွေမှာ အဆင် ပြေသွားနိုင်ပါတယ်။ မြန်မာပြည်မှာ Law Firmတွေလည်း အင်တိုက်အားတိုက်လုပ်လာပြီဆိုတော့ ကျွန်တော်တို့က သူတို့ရဲ့ အတွေ့အကြုံတွေကို မှီခိုလို့ရပါတယ်။ စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်လို့ အကြံပြုချင်တာရှိရင် ခေတ်ကတိုးတက်ပြောင်းလဲလာတဲ့အတွက် လူအများစုက မြန်မြန်ပြောင်းလဲချင်တဲ့အတွက်ကြောင့် နည်းမျိုးစုံနဲ့အမီလိုက်ကြတာပေါ့။ စီးပွားရေးလောက ထဲကိုစဝင်မယ့်သူတွေဟာဘယ် Ethics မဆို Ethics ရှိဖို့လိုပါတယ်။ လုပ်ငန်းရှင်မှမဟုတ်ဘဲ ကုမ္ပဏီဒါမှမဟုတ် အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆာင်နေ တဲ့ဝန်ထမ်းတွေဟာ ကိုယ်လုပ်နေတဲ့ ဘယ် Level မှာပဲဖြစ်ဖြစ် Ethics ကရှိသင့်ပါတယ်။ ဒီကုမ္ပဏီမှာ ကိုယ်ကဘယ်လောက်ထိတာဝန်ကျေသင့်လဲ၊ ကိုယ်ဘယ် လောက်ထိ တာဝန်ယူထားလို့ ဘယ်လောက်ထိလုပ်သင့်လဲ အဲဒါတွေကိုအမြဲသတိထားပြီး အကောင်းဆုံးဆောင်ရွက်သင့်ပါတယ်။ စီးပွားရေးစလုပ်မယ့်သူတွေကလည်း ကိုယ်လက်ခံနိုင်မယ့်ရေရှည် အလုပ်ကိုပဲကိုယ်လုပ်ပါ။ ရေရှည်ကိုကြည့်ပြီး အလုပ်လုပ်သင့်ပါတယ်။ သိပ်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချက်ချင်းကြီးမချဘဲအချိန်ယူပြီး ကိုယ့်ဘာသာကိုယ် ရေရှည်အမြင်နဲ့ကြည့်ပြီး ပြန်တိုင်းပါ။ ဒါနဲ့ပဲ ချင့်ချိန်ဆုံးဖြတ်သင့်ပါ တယ်။ စီးပွားရေးလောကမှာ တစ်ခါတလေ မြန်မြန်သွားချင်တဲ့အခါ မထင်မှတ်တဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်က စီးပွားရေးလောကထဲကို ဝင်လာမယ့် လူသစ်တွေအားလုံးကို Ethics က အများကြီးအရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ဂုဏ်သတင်းက ကိုယ့်ရေရှည်ဘ၀ ရဲ့ အောင်မြင်မှုပန်းတိုင်မှာ ဘယ်လုပ်ငန်းကိုမဆို အများကြီး အထောက်အကူပြုပါတယ်။ နေရာတိုင်းမှာ ကိုယ့်ရဲ့ဂုဏ်သတင်းက လူတွေရဲ့ယုံကြည်မှုကို တည်ဆောက်ပေးနိုင်တာကြောင့် Ethics နဲ့ ပတ်သက်ပြီး စောင့်ထိန်းစေချင်ပါတယ်။