News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Ericsson မှ မြန်မာနိုင်ငံတွင် Telenor ၏ network supplierနှင့် managed services provider အဖြစ်ရွေးချယ်ခံရ
Editorial
March 31, 2014
IT
Local News
News
Telenor ၏ တစ်နိုင်ငံလုံးကွန်ရက်ချဲ့ထွင်မှုကို ထောက်ပံ့ကူညီပေးရန် multi-vendor managed services အတွက် ငါးနှစ်သက်တမ်းလုပ်ကိုင်ခွင့်ရရှိကြောင်း Ericssson က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါသည်။ Telenor ၏ ပြည်တွင်းကွန်ရက်ဆိုင်ရာ အရေးပါသောလုပ်ငန်းဖြစ်သည့် Radio-Access Network (RAN) နှင့် ဆက်စပ်သောဝန်ဆောင်မှုလုပ်ငန်းများကို Ericsson က ထောက်ပံ့ ဖြည့်သွင်းပေးခွင့်ကို ပြီးခဲ့သည့်နှစ်နှောင်းပိုင်းကလည်း သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်းလည်း သိရပါသည်။ Ericsson ၏ Multi-standard Network Solution ကို အနာဂတ် လိုအပ်ချက်များအတိုင်း အဆင့်မြှင့်(Upgrade) နိုင်မည့် 2G နှင့် 3G ပစ္စည်းကိရိယာတပ်ဆင်ပေးမှုများနှင့်အတူ network ဖြန့်ကျက်မှုတွင်ပါ အသုံးပြုမည်ဖြစ်ကြောင်း၊ Network ဖြန့်ကျက်နိုင်အောင်ပြင်ဆင်သောအနေဖြင့် ပြည်တွင်းဝန်ထမ်းခန့်ထားမှုများကို လာမည့် လအနည်းငယ်အတွင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခန့်ထားပြီးသူများအတွက် သင်တန်းပေးခြင်း၊ တိုးတက်အောင်ဆောင်ရွက်ခြင်းများကို မကြာမီလများအတွင်းက ရင်းနှီးမြှုပ်နှံမှုတစ်ရပ် အဖြစ်ဆောင်ရွက်ခဲ့ကြောင်း Ericsson ကထုတ်ပြန်ကြေညာခဲ့ပါသည်။ Telenor Myanmar ၏ CEO ဖြစ်သော PetterFurberg က ယခု သဘောတူညီမှုနှင့်ပတ်သက်ပြီး “ကျွန်တော်တို့ Telenor Myanmar ရဲ့ telecommunications network ကိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေချိန်မှာ Ericsson ကို ကျွန်တော်တို့ရဲ့ global partner အဖြစ် ထည့်သွင်းပြီးအလုပ်အတူတွဲလုပ်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒါက မြန်မာအတွက်ရော၊ Telenorအတွက်ပါ သမိုင်းဝင် စီမံကိန်းတစ်ခုဖြစ်သလို Ericsson လို partner တွေကလည်း ဒီအောင်မြင်မှုမှာ အလွန်အရေးပါပါတယ်"ဟုပြောကြားခဲ့ပါသည်။ Ericsson Myanmar ၏Country Managerဖြစ်သူJan Wassenius က “ပထဝီအနေအထားကွဲပြားတဲ့ တိုင်းပြည်တွေမှာ Network တွေတည်ဆောက်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့အတွေ့အကြုံတွေက မြန်မာနိုင်ငံသားတွေကိုမိုဘိုင်းလ်အတွေ့အကြုံတွေပေးမယ့် Telenor အတွက် ခိုင်ခန့်တဲ့ အခြေခံအဆောက်အအုံ တွေကိုဖန်တီးပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်စေပါတယ်။ ဒီ telecommunications infrastructure ဖြန့်ကျက်မှုကတိုင်းပြည်ရဲ့စီးပွားရေး အတွက်ရော၊ နိုင်ငံသားတွေရဲ့ဘဝအတွက်ပါ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရရှိစေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟုပြောကြားခဲ့ပါသည်။ “Telenor နဲ့ မြန်မာနိုင်ငံမှာ ချုပ်ထားတဲ့ Managed Services contract က ကျွန်တော်တို့အတွက် ဒေသတွင်းအရေးပါတဲ့ မှတ်ကျောက်တစ်ခုပါပဲ။ Multi-vendor network လုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကိုထုတ်သုံးပြီး Telenor အနေနဲ့ network complexity ကိုကောင်းကောင်း ခန့်ခွဲနိုင်အောင်လုပ်ဆောင်ပေးထားရင် သူတို့ရဲ့ပြည်တွင်း customer တွေပေါ် ပြန်ပြီးအာရုံစိုက်နိုင်ပါလိမ့်မယ်။” လို့လည်း ပြောကြားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တွင် Ericsson သည် မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဆက်သွယ်ရေးကြောင့် စီးပွားရေးအလားအလာ ကောင်းများသက်ရောက်မှုရှိပုံကို အကဲဖြတ်နိုင်ရန် လေ့လာမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါလေ့လာချက်အရ နိုင်ငံ၏ မိုဘိုင်းလ်ကဏ္ဍစီးပွားရေးအကျိုးသက်ရောက်မှုစုစုပေါင်းသည် လိုင်စင်များချပေးပြီး ပထမသုံးနှစ်ကာလ ကျော်လျှင် တိုင်းပြည်၏ GDP သည် ၁.၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းကြား ရှိလာမည်ဟု ခန့်မှန်းရကြောင်း၊မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းများကြောင့် အလုပ်အကိုင်ခန့်ထားနိုင်မှုအပေါ် သက်ရောက်မှုရှိပုံကိုလည်း အကဲဖြတ်လေ့လာမှုအရ မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံတွင် အချိန်ပြည့်ဝန်ထမ်းပေါင်း ၆၆,၀၀၀ ခန့်ကို အလုပ်ခန့်အပ်နိုင်မည်ဖြစ်ကြောင်းနှင့် မိုဘိုင်းလ် Network Operator များနှင့် ချိတ်ဆက်ဆောင် ရွက်ရသည့် တခြားစီးပွားရေးနယ်ပယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းအဖြစ် အချိန်ပြည့်ဝန်ထမ်း ၂၄,၀၀၀ ကို ထပ်မံခန့်ထားနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရှိရပါသည်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း