အရှေ့တောင်အာရှအတွက် Ericsson ရဲ့ Mobility Report

article landscape wartermark final2 ၂၀၁၃ ခုနှစ်၊ မတ်လက Telenor နဲ့ မိုဘိုင်းကွန်ရက်ထောက်ပံ့မှုအတွက် နားလည်မှုသဘောတူစာချုပ်(MOU) လက်မှတ်ထိုးထားတဲ့ ဆွီဒင်နိုင်ငံအခြေစိုက် Ericsson ရဲ့ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း 4G/LTE သုံးစွဲမှု စနစ်ကျယ်ပြန့်လာနိုင်ကြောင်း မိုဘိုင်းနည်းပညာအစီအရင်ခံစာ စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-la Hotel မှာ ကျင်းပခဲ့ပါတယ်။ Ericsson ရဲ့ အစီအရင်ခံစာ တင်ပြချက်အရ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပိုင်းအတွင်း ဖုန်းများအားလုံးရောင်းချမှုတွင် စမတ်ဖုန်းတွေရဲ့ ရောင်းအားမှာ ၆၅ ရာခိုင်နှုန်းရှိလာခြင်း၊ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေထက်ကျော်လွန်ပြီး မိုဘိုင်းလိုင်းတွေ ပိုမိုသုံးစွဲလာနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် ခန့်မှန်းချက်အရ မြောက်အမေရိကတွင် ၈၅ ရာခိုင်နှုန်း၊ ဥရောပတွင် ၃၀ ရာခိုင်နှုန်းအထိ 4G/LTE သုံးစွဲလာနိုင်ကြောင်းနဲ့ လာမယ့်ငါးနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံ ဈေး ကွက်တွေထဲကို 4G/LTEစနစ် ထိုးဖောက်ဝင်ရောက်လာနိုင်ဖွယ်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် ကာလအတွင်း မိုဘိုင်းဖုန်းလိုင်း Data တွေ ကျပ်တည်းမှု အခြေအနေဟာ ဒေသအတွင်း ဆယ်ဆခန့် မြင့်တက် လာနိုင်ကြောင်း စသဖြင့် တင်ပြထားပါတယ်။ မိုဘိုင်းဖုန်းလိုင်းData ကျပ်တည်းလာနိုင်တာနဲ့ပတ်သက်လို့ Mr Jan Wassenius က ´ဒါဟာ သုံးစွဲသူ တွေရဲ့ ရှုပ်ထွေးလာတဲ့လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်ဖို့နဲ့ မိုဘိုင်းဒေတာသုံးစွဲမှုနဲ့ပတ်သက်လို့ ပိုမိုကောင်း မွန်တဲ့ စွမ်းရည်မြင့်ကွန်ရက်နည်းပညာတစ်ရပ် ဖန်တီးဖို့လိုအပ်နေတာကို ညွှန်းဆိုနေတယ်´လို့ ဆိုပါတယ်။ Ericsson ဟာ မိုဘိုင်းနည်းပညာနဲ့ပတ်သက်တဲ့အစီအရင်ခံစာကို တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ပြန်လေ့ရှိပြီး ဒီအစီ အရင်ခံစာကတော့ အရှေ့တောင်အာရှအတွက် ပထမဆုံးထုတ်ပြန်တဲ့ အစီအရင်ခံစာဖြစ်တယ်လို့ သိရပါတယ်။ Ericsson ဟာ တစ်ကမ္ဘာလုံးရဲ့ လက်ရှိအသုံးပြုနေတဲ့ မိုဘိုင်းကွန်ရက် Data သုံးစွဲမှုကို တိုင်းတာလေ့လာ လျက်ရှိပြီး အသေးစိတ်ဖတ်ရှုလိုပါက www.ericsson.com/ericsson-mobility-report/ တွင် ရယူနိုင်ကြောင်း သိရပါတယ်။ article landscape wartermark final3