MENU
News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
အံ့ဖွယ်ကောင်းသောဘဝကို ပိုင်ဆိုင်သူ Elon Musk
Editorial
October 17, 2014
Interview
Profile
Top Story
Elon Musk ၏ ညွှန်းဆိုစကား
ကိုယ့်ဘဝမှာ ဘီလီယံနာတစ်ယောက်ဖြစ်ခဲ့ရင်လို့ စိတ်ကူး ယဉ်လိုက်ပြီဆိုရင်လူအများစုဟာ သူတို့မှာရှိလာမယ့်ငွေတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီးတွေ၊ အပြတ်သားနားတဲ့မော် တော်ကားကြီးတွေ၊ အပျော်စီးသင်္ဘောကြီးတွေဝယ်ဖို့ကိုပဲ စဉ်းစားကြပါတယ်။ Elon Musk ကတော့ သူများတွေနဲ့ မတူပါဘူး။ ဒေါ်လာသန်းဂဏန်းကို ပထမဆုံးရပြီးနောက်ပိုင်း ၁၄ နှစ် ကြာတဲ့ အချိန်မှာပဲ Elon Musk ဟာ ဒီနေ့သက်ရှိထင်ရှား ရှိနေတဲ့ သြဇာအကြီးမားဆုံးစီး ပွားရေးလုပ် ငန်းရှင်ကြီး တွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ သူပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အရေအတွက်ဟာ သာမန်လူတွေ ဝါသနာအရလုပ်ကြတဲ့ အလုပ်အရေအတွက်ထက် ပိုများနေပါ ပြီ။ သူရှာဖွေထားတဲ့ ချမ်းသာကြွယ်ဝမှုကို အပန်းဖြေနားနေ ဖို့သုံးစွဲပစ်မယ့်အစား သူလုပ်ဖို့ဆန္ဒပြင်းပြတဲ့ လုပ်ငန်းစီမံ ကိန်းတွေကို ကမ္ဘာကြီးကိုပြောင်းလဲပစ်မယ့် ကုမ္ပဏီတွေဖြစ် လာအောင် ပြောင်းလဲပေးတဲ့နေရာမှာ အဲဒီငွေတွေကို ပိုပြီး သုံးချင်တယ်ဆိုတာကို Musk က အကြိမ်ကြိမ်ပြခဲ့ပါတယ်။
Elon Muskကို လူအများက သိကြပုံ
အင်တာနက်ကွန်ရက်ပေါ်က စားသုံးသူတွေအတွက် ငွေလွှဲ လုပ်ငန်းတစ်ခုဖြစ်တဲ့ PayPal ကို ပူးတွဲတည်ထောင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး၊ အာကာသထဲကို ဒုံးပျံတစ်စင်းလွှတ်တင် ခဲ့တဲ့ ပထမဆုံးပုဂ္ဂလိကကုမ္ပဏီ SpaceX ကို၊ ဒါမှမဟုတ် အာကာသစူးစမ်းလေ့လာရေး နည်းပညာတွေကိုတည်ထောင် တဲ့အပြင်၊ လျပ်စစ်မော်တော်ကားတွေကို တည်ဆောက်နေ တဲ့ Tesla Motors ကုမ္ပဏီကိုု တည်ထောင်ခဲ့တဲ့အတွက်ကြောင့် Elon Musk ကို လူသိအများဆုံးဖြစ်ခဲ့ပါတယ်။
နောက်ကြောင်းသမိုင်းနှင့်ပညာရေး
Elon Musk ကို ၁၉၇၁ ခုနှစ်က တောင်အာဖရိကနိုင်ငံ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်က အင်ဂျင်နီယာတစ်ယောက် ဖြစ်ပြီး မိခင်က အာဟာရဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Musk ဟာ ကွန်ပျူတာကို သဲသဲမဲမဲဝါသနာပါတဲ့ အတွက် အသက် ၁၂ နှစ်အရွယ်မှာ အာကာသဂိမ်းတစ်ခု ဖြစ်တဲ့ Blaster လို့ခေါ်တဲ့ သူ့ရဲ့ ကိုယ်ပိုင်ဗီဒီယိုဂိမ်းအ တွက် ဃသိန ကို သူ့ဘာသာရေးခဲ့ပြီး အဲဒီ ၁၂ နှစ်သား ကလေးက အဲဒီဂိမ်းကို အမြတ်နဲ့ရောင်းစားခဲ့ပါတယ်။ Elon Musk ဟာ ကနေဒါနိုင်ငံ၊ Ontario ပြည် နယ် Kingston မြို့က Queen’s University မှာ တက်ခဲ့ ပြီး အဲဒီကတစ်ဆင့် Pennsylvania တက္ကသိုလ်ကိုပြောင်းရွှေ့ ခဲ့ပြီး အဲဒီတက္ကသိုလ်က စီးပွားရေးဘွဲ့နဲ့ ရူပဗေဒဘွဲ့ဆိုတဲ့ ဘွဲ့နှစ်ခုကို ရခဲ့ပါတယ်။ သူဟာ စွမ်းအင်ရူပဗေဒဘာသာနဲ့ Ph.D ယူဖို့ ကယ်လီဖိုးနီးယားပြည်နယ်က Stanford တက္ကသိုလ်ကို ထပ်တက်ခဲ့ပေမဲ့ အဲဒီမှာပဲ သူ့ရဲ့ဘဝမှာအကြီး အကျယ်ပြောင်း လဲဖို့ဖြစ်လာခဲ့ပါတယ်။ [caption id="attachment_14789" align="alignnone" width="720"]
Zip2 ကုမ္ပဏီကို ရောင်းချရာကနေ Musk ကဒေါ်လာ ၂၂ သန်းရရှိခဲ့ပါတယ်။[/caption] Mark Zuckerberg လိုပဲ Elon Musk ဟာ အသက်ငယ်ငယ်နဲ့ Programming ကိုစပြီးလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Facebook ကိုတည်ထောင်သူ Zuckerberg နဲ့ မတူတာက သူဟာ ပညာကို သူ့ဘာသာသူရအောင် သင်ယူခဲ့ ပြီး အသက် ၁၂ နှစ်မှာ သူ့ရဲ့ပထမဆုံး ဗီဒီယိုဂိမ်းအတွက် Code ကို ဒေါ်လာ ငါးရာနဲ့ ရောင်းခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုပြောတာဟာ Musk အတွက် ပညာရေးဟာ အရေးမကြီးဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။ လုပ်ငန်းသစ်တွေ စပြီး တီထွင်လုပ်ကိုင်တဲ့လောကကြီးထဲကို ဝင်မလာခင် သူဟာ Pennsylvania တက္ကသိုလ်က စီးပွားရေးဘွဲ့နဲ့ ရူပဗေဒဘွဲ့ကို နှစ်ခုစလုံး ရအောင်ယူခဲ့တာဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ သူနဲ့သူ့ရဲ့အစ်ကိုတည်ထောင်ထား တဲ့ Zip2 ဆိုတဲ့ကုမ္ပဏီကို Compaq ကဝယ်လိုက်တဲ့အခါ Musk ဟာ ဒေါ်လာကိုသန်းနဲ့ချီပြီး ပထမဆုံးရခဲ့ပါတယ်။ အဲဒီအရောင်းအဝယ်မှာ သူဟာ ဒေါ်လာ ၂၂ သန်းကို အသာကလေး ရလိုက်ပါတယ်။ သူ့ရဲ့လုပ်ငန်းတွေ အလျင်အမြန်တိုးတက်နေတုန်း ၂၀၀၀ ပြည့်နှစ်မှာပဲ သူဟာJustine Musk နဲ့ လက်ထပ်ခဲ့ ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ကလေးငါးယောက် မွေးဖွား ခဲ့ပါတယ်။ အဲဒီငါးယောက်ကို အမြွှာပူးတစ်ကြိမ်နဲ့ သုံး မြွှာပူး တစ်ကြိမ်မွေးခဲ့တာဖြစ်ပြီး အားလုံးဟာ ယောကျ်ား ကလေးတွေချည်းပဲဖြစ်ပါတယ်။ Musk ဟာ အခုထိ နှစ်ကြိမ်တိုင်တိုင် အိမ်ထောင်ကွာရှင်းခဲ့ပြီးဖြစ်ပါတယ်။ (ဒုတိယအိမ်ထောင်ကို ၂၀၁၀ ပြည့်နှစ်က ၂၀၁၂ ခုနှစ်အထိ ပေါင်းပြီး ကွာရှင်းခဲ့တာ ဖြစ်ပါတယ်)။ အဲဒီနောက်ပိုင်းမှာ Elon ရဲ့အောင်မြင်မှုတွေဟာ ဆင့်ကဲဆင့်ကဲအဆပွားပြီးတက်လာခဲ့ပါတယ်။ သူ့ရဲ့ပထမ ဆုံးကုမ္ပဏီကိုရောင်းပြီး တစ်နှစ်အကြာမှာ သူ့ရဲ့ ကုမ္ပဏီ အသစ်ဟာ PayPal လို့အမည်တွင်လာမယ့် လုပ်ငန်းကို ဝယ်ခဲ့ပါတယ်။ အဲဒီနောက် နှစ်နှစ်ပဲကြာသေးတဲ့ချိန်မှာ (သူ့ဆီမှာ အစုရှယ်ယာ ၁၁.၇ ရာခိုင်နှုန်းရှိနေတဲ့) PayPal ကို ဒေါ်လာ ၁.၅ ဘီလီယံနဲ့ eBay ကို ရောင်းပစ်လိုက်ပါ တယ်။ [caption id="attachment_14792" align="alignnone" width="720"]
Musk ကိုနာမည်ကြီးစေခဲ့တဲ့ Space Xကုမ္ပဏီ[/caption] Musk ဟာ PayPal ကိုရောင်းတဲ့ကိစ္စ အပြီး မသတ်ခင် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူ့ကိုအလွန်နာမည် ကြီးသွားစေခဲ့တဲ့ ကုမ္ပဏီနှစ်ခုထဲကတစ်ခုဖြစ်တဲ့ SpaceX ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ သူဟာ Tesla Motors ဆိုတဲ့ ကျန်တဲ့ကုမ္ပဏီထဲကို ဝင်ခဲ့ပါတယ်။ စောစောပိုင်း ရင်းနှီးမြှုပ်နှံမှုတွေကို ဦးဆောင်ခဲ့ပြီးတဲ့နောက် သူဟာ အဲဒီ ကုမ္ပဏီမှာ ဒါရိုက်တာအဖွဲ့ရဲ့ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Musk ရဲ့ညီအစ်ကိုဝမ်းကွဲတော် စပ်သူ Lyndon Rive ဟာ Solar City ကို တည်ထောင်ခဲ့ပါ တယ်။အဲဒီ ှSolar City ဟာ အစပိုင်းမှာ Elon ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အယူအဆအပေါ်မှာ အခြေခံထားပါ တယ်။ Musk ဟာ ှ Solar City ရဲ့ဥက္ကဋ္ဌနဲ့ အစုရှယ်ယာအများဆုံး ပိုင်ဆိုင်သူဖြစ်လာခဲ့ပြီး ှ Solar City ဟာ အမေရိကန်နိုင်ငံမှာ နေစွမ်းအင်ကို အများဆုံးဖြည့်ဆည်းပေးတဲ့ တစ်ခုတည်း သောလုပ်ငန်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ဟာ Tesla အနေနဲ့ သူ့ရဲ့ Roadster က TIME မဂ္ဂဇင်းကြီးရဲ့ အဲဒီနှစ်အတွင်း ပို့ဆောင်ရေးလုပ်ငန်း အမျိုးအစားမှာ အကောင်းဆုံးတီထွင်မှုဆုကိုရခဲ့ပြီး ခေတ် ရေစီးကြောင်းထဲကို ရောက်လာခဲ့တဲ့နှစ် လည်း ဖြစ်ခဲ့ပါ တယ်။ [caption id="" align="alignnone" width="720"]
Solar City ကိုပူးတွဲတည်ထောင်ခဲ့သည့် Lyndon Rive (ဝဲ) ကို Musk နှင့်အတူတွေ့ရစဉ်[/caption] ၂၀၀၈ ခုနှစ်မှာတော့ Musk မှာ အဓိကအောင် မြင်မှုနှစ်ခုရှိခဲ့ပါတယ်။ တစ်ခုက Tesla ရဲ့ Roadster ဟာ ထုတ်လုပ်မှုကိုအပြည့်အဝလုပ်နိုင်ခဲ့တာဖြစ်ပြီး နောက် တစ်ခုက SpaceX ဟာ NASA အတွက် အပြည်ပြည် ဆိုင်ရာ အာကာသစခန်းကို ပျံသန်းမှုတွေလုပ်ပေးဖို့ ဒေါ်လာ ၁.၆ ဘီလီယံတန်ဖိုးရှိတဲ့ ကန်ထရိုက်လုပ်ငန်းတစ်ခုကို ရခဲ့တာပဲဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကုမ္ပဏီရဲ့ အထွတ်အထိပ် အောင်မြင်မှုဖြစ်တဲ့ 2012 Tesla Model ှ ရှိပါတယ်။ လုပ်ခဲ့ပြီးသမျထဲမှာ အကောင်းဆုံး လျပ်စစ်မော်တော်ကား ဖြစ်တယ်လို့ လူအများကယူဆတဲ့အတွက် အဲဒီကားဟာ 'နှစ်အတွင်းအကောင်းဆုံးကား' ဆုတွေအများကြီးကို ရခဲ့ပြီး ဇိမ်ခံကားဈေးကွက်နဲ့ပတ်သက်တဲ့ လူတွေရဲ့အတွေးအခေါ်ကို လုံးဝပြောင်းလဲသွားအောင် လုပ်ပစ်လိုက်ပါတယ်။ များပြားတဲ့ သူ့ရဲ့ဆန်းသစ်တီထွင်မှုတွေနဲ့ အောင် မြင်မှုတွေကြောင့် Elon Musk ဟာ Iron Man' ရုပ်ရှင် ကားထဲက အဓိကသရုပ်ဆောင် ွှTony Stark နဲ့ နှိုင်းယှဉ် တာကို မကြာခဏ ခံရပါတယ်။ Musk ဟာ Hollywood မှာ ရေပန်းစားခဲ့ရုံသာ မကသေးဘူးဆိုတာ အမှန်ပါပဲ။ ကယ်လီဖိုးနီးယားမှာ သူ့ရဲ့ အလုပ်ဖန်တီးမှုကြောင့် ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့အလယ် ပိုင်းမှာ သူဟာ အထက်လွှတ်တော်အမတ် Dianne Feinstein နဲ့ ရင်းနှီးတဲ့မဟာမိတ် ဖြစ်သွားခဲ့ပါတယ်။ [caption id="attachment_14791" align="alignnone" width="720"]
2012 Tesla Model S လျှပ်စစ်[/caption] သူ့ရဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးမူဝါဒနဲ့ NASA မှာ အမေရိကန်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် သူဟာ သမ္မတအိုဘားမားက မျက်နှာချင်းဆိုင်ရတဲ့ အချိန်တွေ အများကြီးရသွားခဲ့ပါတယ်။ အခုဆိုရင် Musk ဟာ သူ့ရဲ့ကျယ်ပြန့်တဲ့ချမ်းသာကြွယ်ဝမှုနဲ့သြဇာတိက္ကမကြောင့် ပိုပြီးကြီးသထက်ကြီးတဲ့ စိန်ခေါ်မှုတွေကို လုပ်ကိုင်ဖို့မျော်လင့်နေပါပြီ။ သူက အင်္ဂါ ဂြိုဟ်ပေါ်မှာ လူရှစ်သောင်းနေနိုင်တဲ့ နေစရာနယ်ပယ်သစ် တစ်ခုကို ဖန်တီးမယ့်အကြောင်း၊ အဲဒီကိုသွားဖို့ လက်မှတ် တစ်စောင်ရဲ့တန်ဖိုးဟာဒေါ်လာ ငါးသိန်းရှိမှာဖြစ်တဲ့ အကြောင်း သူ့ရဲ့ရည်ရွယ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ပါတယ်။ နောက်ပြီးတော့ Los Angeles နဲ့ San Francisco ကြား မိနစ် ၃၀ လောက်နဲ့ အမြန်သယ်ယူပို့ဆောင်ရေးအတွက် Hyperloop ဆိုတဲ့ Elon Musk ရဲ့စိတ်ကူးရှိပါတယ်။ (ံHyperloop ဆိုတာကတော့ ဖိအားလျော့ချထားတဲ့ပြွန် ကြီးထဲမှာ ဖိအားထည့်ပေးထားတဲ့ လေလုံယာဉ်တွေက အခု အခံလေထုတစ်ခုပေါ်မှာစီးနင်းပြီး linear Induction မော်တာတွေနဲ့ Air Compressor တွေကို ပေါင်းစပ်မောင်းနှင် မယ့် စွန့်ဦးတီထွင်လုပ်ငန်းရှင် Elon Musk စိတ်ကူးရထား တဲ့ မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါ တယ်)။ [caption id="attachment_14793" align="alignnone" width="720"]
Hyperloop မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေးစနစ်[/caption] အခုပြောခဲ့တဲ့ဟာတွေအရ Musk မှာ ပုဂ္ဂလိက အနေနဲ့ ကောင်းကောင်းကန်းကန်း ဘာမှမပိုင်ဆိုင်ဘူး ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ဒီနှစ်ရဲ့စောစောပိုင်းက သူဟာ သူ့ရဲ့သားတွေနဲ့အတူ သူငှားရမ်းနေထိုင်ခဲ့တဲ့ ခြံဝင်း ကြီးကိုဝယ်ဖို့အတွက် ဒေါ်လာ ၁၇ သန်း ပေးချေခဲ့ပါတယ်။ စတုရန်းပေ နှစ်သောင်းကျယ်တဲ့ဒီခြံဝင်းကြီးမှာ သူကသူ့ရဲ့စီမံ ကိန်းအသစ်တွေနဲ့ အလုပ်လုပ်နေတုန်း၊ သူ့ရဲ့သားတွေအတွက် လုပ်စရာတစ်ခုခုရှာတွေ့ဖို့ လုံလောက်တဲ့နေရာထက်တောင် ပိုပြီးကျယ်ဝန်းနေပါသေးတယ်။ သူဟာ ကားအသစ်တစ်မျိုးအတွက်ပဲ အမြဲစိတ် ရောက်နေတယ်ဆိုရင်တော့ Musk ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သူလိုချင်တာကို အတိအကျလုပ်တဲ့ကုမ္ပဏီကိုရထားတဲ့ ရှားပါးတဲ့လူတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က သူဟာThe Spy Who Loved Me ' ဇာတ်ကားထဲက Lotus Esprit ကြီး အတွက် ဒေါ်လာတစ်သန်းသုံးစွဲခဲ့ပါတယ်။အဲဒီ Lotus Esprit ကြီးကို ရေထဲမှာငုပ်နိုင်တဲ့ယာဉ်တစ်မျိုးဖြစ်အောင် ပြောင်းလဲဖို့ သူက ကြံစည်ထားပါတယ်။ မကြာသေးခင်က SpaceX မှာ လုပ်ခဲ့တဲ့အောင်မြင် တဲ့စမ်းသပ်စစ်ဆေးမှုတွေအားလုံးကို စဉ်းစားသုံးသပ်ပြီးတဲ့ အခါမှာတော့၊ Musk က အင်္ဂါဂြိုဟ်ပေါ်မှာ မြို့ကလေးတစ် မြို့ကို သူတည်ဆောက်မယ်လို့ ပြောလာတဲ့အခါ သူ့ကို ကျွန်တော်တို့ ယုံကြည်ကြရတော့မှာပါပဲ။ [caption id="attachment_14794" align="alignnone" width="720"]
Lotus Esprit ယဉ်[/caption]
ဇော်ဝင်းကြူ (ပျဉ်းမနား)
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း
Previous Slide
Next Slide