၁။ ယေဘုယျတွင် ဒြပ်ရှိရပိုင်ခွင့်တစ်ခု၏ တန်ဖိုးယုတ်လျော့မှုဖြစ်သည်။ တန်ဖိုးလျော့သည် ပုံမှန်အသုံးနှင့် သက်တမ်းကြောင့်ဖြစ်၏။ ပုံစံပြောင်းခြင်း (OBSOLE- SCENCE ကြည့်) (သို့) အနည်းငယ်ချင်းသုံးစွဲခြင်း (SHRINKAGE) ကြောင့်မဟုတ်။ စာရင်းကိုင်များက တန်ဖိုးလျော့ကို စာရင်းသွင်းရာ၌ ပစ္စည်းတစ်ခု၏ ကုန်ကျတန်ဖိုးကို စာရင်းပြုစုသည့်ကာလအတွင်း သုံးစွဲမှုအရ ခွဲတမ်းချ ဆောင်ရွက်သွားခြင်းဖြစ်၏။ တန်ဖိုးလျော့ကို ထည့်သွင်းမှသာ ကုမ္ပဏီကထုတ်လုပ်သော ကုန်ချောနှင့် ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်တွင် ပါရှိနေပြီး တိုက်ရိုက်ကုန်ကျငွေများကဲ့သို့ ဖြစ်ပေမည်။ တန်ဖိုးလျော့သည် အခွန်စည်းကျပ်ဝင်ငွေမှ နုတ်ခွင့်ရှိ၍ ယင်းကို တွက်ချက်နည်းသည် ကုမ္ပဏီ၏ ဘဏ္ဍာငွေကို သိသိသာသာ သက်ရောက်သည်။ အမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းများတို့သည် ၎င်းတို့၏ ထုတ်ကုန်အတွက် ဈေးနှုန်းသင့်ရန်မရှိခြင်းနှင့် ဝင်ငွေခွန်ပေးရန်လည်းမရှိ၍ တန်ဖိုးလျော့ကို မတွက်ကြချေ။
တန်ဖိုးလျော့ကို ပစ္စည်းတစ်ခု၏ ဝန်ဆောင်သက်တမ်း SERVICE LIFE ကုန်ဆုံးမှသာ အတိအကျသိနိုင်သဖြင့် မည်သို့ကြိုတင်တွက်ချက်သည်ဖြစ်စေ စုစုပေါင်းတန်ဖိုးလျော့ပမာဏနှင့် သက်တမ်းကာလများသည် ခန့်မှန်းခြေများသာဖြစ်သည်။ ထို့ကြောင့် စာရင်းတွက်နည်းအမျိုးမျိုးကို သုံးကြသည်။ အချို့က ကုန်ကျတန်ဖိုးကို ပစ္စည်းသက်တမ်းအတွင်း အညီအမျှခွဲတမ်းချကျခံသည့် မျဉ်းဖြောင့်နည်း (STRAIGHT-LINE METHOD ကိုကြည့်) နှင့် အခြားနည်းများက အစောဆုံးနှစ်များကို အလေးပေးကျခံနည်း၊ လျော့နည်းလက်ကျန်နည်း (ACCELERATED DEPRECIATION ကို ကြည့်) (သို့) သုံးစွဲမှုကို ထည့်တွက်သော ထုတ်လုပ်ကုန်နည်း (PRODUCTION METHOD ကိုကြည့်) (သို့) အစားထိုးကုန်ကျတန်ဖိုးနည်း (REPLACEMENT METHOD နည်းကြည့်) ကို သုံးကြသည်။ အမေရိကန် ဖက်ဒရယ်ဝင်ငွေခွန်က ပုံသေပိုင်ပစ္စည်းများကို အမှန်သက်တမ်းထက် လျော့နည်းသော နှစ်ကာလသက်တမ်းနှင့် တန်ဖိုးလျော့ကို တွက်ခွင့်ပြုထား၏။ ဥပမာ - စားပွဲတစ်လုံး နှစ်နှစ်ဆယ်ခန့်ကို ရှစ်နှစ်ဖြင့် ခွင့်ပြုထား၏။ အကြောင်းမှာ စီးပွားရေးလုပ်ငန်းများအား ပုံသေပိုင်ပစ္စည်းအသစ်များတွင် မြှုပ်နှံရန်နှင့် ပုံသေပိုင်ပစ္စည်းတွင် မြှုပ်နှံငွေများ အလျင်အမြန်ဆုံး ပြန်လည်ဆယ်ယူရန် ဖြစ်သည်။ တန်ဖိုးလျော့သီးသန့် ( DEPRECIATION RESERVE) ကိုလည်း ကြည့်ပါ။
၂။ တန်ဖိုးလျော့အလွှဲပြောင်း (EXCHANGE DEPRECIATION) ကိုလည်းကြည့်ပါ
Depreciation reserve တန်ဖိုးလျော့သီးသန့် . . .
လက်ကျန်ရှင်းတမ်း/ ဘဏ္ဍာငွေအခြေပြရှင်းတမ်း၏ ရပိုင်ခွင့်ဘက်ရှိ မြီရှင်သွင်းချက် အသီးသီး၊ ယင်းတို့က ပုံသေပိုင်ပစ္စည်း၏ လျော့နည်းတန်ဖိုးကို ဖော်ပြသည်။ သီးသန့်ဆိုသော အသုံးအနှုန်းသည် ဖယ်ထားသော ရန်ပုံငွေကို ဆိုလိုခြင်းမဟုတ်ဘဲ တန်ဖိုးဖြတ်သီးသန့်ကိုသာ ညွှန်းဆိုခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကုမ္ပဏီတစ်ခု၏ ပုံသေပိုင်ပစ္စည်းတစ်စုံတစ်ရာအတွက် စုစုပေါင်းတန်ဖိုးလျော့သီးသန့်နှင့် ယင်းဆက်လက်သုံးစွဲဆဲပစ္စည်း၏ မူလတန်ဖိုး ရင်းနှီးငွေအချိုး-တန်ဖိုးလျော့ သီးသန့်အချိုး depreciation reserve ratio - သည် ကုမ္ပဏီ၏ တန်ဖိုးလျော့မူသည် ယူအက်(စ်)ဘဏ္ဍာရေးဌာနက ချမှတ်ထားသော အခွန်စည်းကမ်းများနှင့်အညီ ရှိမရှိကို တိုင်းတာရန် ဖြစ်သည်။
Depression စီးပွားရေးကျဆင်းခြင်း . . .
စီးပွားရေးလုပ်ငန်းဆောင်တာများ အလွန်နိမ့်သော အမှတ်တွင် ကြာမြင့်စွာရှိနေသည့် ကာလကိုဆိုသည်။ (စီးပွားရေးသံသရာ BUSINESS CYCLE ကိုကြည့်ပါ) ကုန်ထုတ်လုပ်မှုသည် ကြီးမားသောလျော့ကျခြင်း၊ ငွေရင်းမြှုပ်နှံမှုသစ်အနည်းငယ် (သို့) လုံးဝမရှိခြင်း၊ ဝင်ငွေသိသာစွာနိမ့်ပါးခြင်း၊ အလုပ်လက်မဲ့ကြီးမားခြင်း၊ လုပ်ငန်းအများအပြားကျဆုံးမအောင်မြင်ခြင်းနှင့် ဘဏ်များက ကြွေးမြီဖန်တီးရန် နှေးကွေးခြင်းတို့ဖြင့် ရင်ဆိုင်နေရသည်။ ၁၈၇၃ ခုနှစ် ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့မှု (PANICS, BUSINESS ကိုကြည့်) ကြောင့် ပေါ်ပေါက်သော စီးပွားရေးကျဆင်းမှုသည် ငါးနှစ်ခွဲကြာမြင့်ပြီး၊ ၁၉၃၀ ခုနှစ်များက ကြီးမားသော စီးပွားရေးကျဆင်းမှုသည် လေးနှစ်နီးပါးရှိခဲ့သည်။ စီးပွားရေးကျဆင်းမှု နှစ်ခုလုံးသည် စတော့ဈေးကွက်များ ရုတ်တရက်ကျယ်ပြန့်စွာထိခိုက်ကျဆင်းပြီး၊ ဘဏ်များ၊ ပွဲရုံလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ကျဆုံးမှုများနောက်ပါ ဆက်တိုက်ဖြစ်ခဲ့သည်။ စီးပွားရေးကျုံ့ခြင်း RECESSION ကိုလည်း ကြည့်ပါ။
ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း) )