Dentons ဥပဒေအကျိုးဆောင်ကုမ္ပဏီ မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက်ကြောင်း သတင်းစာရှင်းလင်းပွဲနဲ့ စီးပွားရေးနယ်ပယ် ဦးဆောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မေလ ၃၁ ရက်က ရန်ကုန်မြို့၊ Sule Shangri-la Hotel မှာ ကျင်းပခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းဥပဒေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်တဲ့ Dentons ကုမ္ပဏီဟာ အရှေ့တောင်အာရှဒေသအတွင်း ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ဖို့ မြန်မာနိုင်ငံမှာ ရုံးခွဲသစ်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ Mark Livingston က အရည်အချင်းပြည့်ဝတဲ့ ရှေ့နေတွေပါဝင်တဲ့ Livingstons Legal အဖွဲ့ကိုဦးဆောင်ပြီး Dentons မြန်မာလီမိတက်မှာ Resident Partner အနေနဲ့ တာဝန်ယူလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ Dentons ရုံးသစ်က စင်ကာပူနိုင်ငံမှာ နှစ်ကာလအကြာမြင့်ဆုံး အခြေစိုက်ပြီး စီးပွားရေးလုပ်ငန်းအများစုကို ဥပဒေဆိုင်ရာဝန်ဆောင်မှုတွေ ပံ့ပိုးနေတဲ့ Dentons Rodyk နဲ့ လက်တွဲလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
စီးပွားရေးနယ်ပယ်မှ ဦးဆောင်သူများတွေ့ဆုံဆွေးနွေးပွဲမှာ Dentons Rodyk ရဲ့ Regional CEO ၊ Dentons ရဲ့ Global Vice Chair ဖြစ်သူ Philip Jeyaretnam, SC က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး Directorate of Investment and Company Administration ရဲ့ Deputy Director General ဦးသန်းအောင်ကျော်က အမှာစကားပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဈေးကွက်စီးပွားရေးအပေါ် ထင်မြင်သုံးသပ်ချက်ကို Valerie Ong (Dentons Rodyk) က ဦးဆောင်ပြီး Myanmar Marketing Research and Development (MMRD) ရဲ့ Managing Director ဦးမိုးကျော်၊ Control Risks ရဲ့ Partner Angela Mancini ၊ Frost & Sullivan ရဲ့ Advisor (မြန်မာ) Jeremy Chew ၊ Frost & Sullivan ရဲ့ Country Head for Thailand Koh Eng Lok နဲ့ Dentons မြန်မာရဲ့ Resident Partner Mark Livingston တို့က ဆွေးနွေးတင်ပြသွားခဲ့ကြပါတယ်။
ငွေကြေးပိုင်းဆိုင်ရာ ကဏ္ဍအကြောင်းကို Janice Ngeow (Dentons Rodyk) ဦးဆောင်ပြီး ANZ (မြန်မာ) ရဲ့ CEO Rajesh Ahuja ၊ KBZ Bank ရဲ့ General Manager ဦးဆက်လှိုင်၊ CB Bank ရဲ့ Senior Deputy Managing Director Liew Chee Seng ၊ AYA jrefrm မြန်မာရင်းနှီးမြှုပ်နှံမှုကဏ္ဍရဲ့ Managing Director ဦးမျိုးမင်းသူနဲ့ MiTA Services ရဲ့ Managing Director Madhab Paul တို့က အသိအမြင်တွေ ဖလှယ်ခဲ့ကြပါတယ်။
အိမ်ခြံမြေနဲ့ ဟိုတယ်ကဏ္ဍနဲ့စပ်လျဉ်းပြီး Edric Pan (Dentons Rodyk) ဦးဆောင်ကာ Colliers International Myanmar ရဲ့ Managing Director Antony Picon ၊ Myanmar Strategic Holdings ရဲ့ Co-founder နဲ့ CEO Enrico Cesenni ၊ Myanmar Hotels International ရဲ့ Managing Director Sukhdeep Singh ၊ Myanmar Investments International Limited ရဲ့ Managing Director ဦးအောင်ထွန်းနဲ့ ရွှေအိမ်ခြံမြေအကျိုးဆောင် Managing Director Kevin Goos တို့က ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
Dentons Rodyk တာဝန်ရှိပုဂ္ဂိုလ် John Dick ဦးဆောင်ပြီး North Petro-Chem Corporation (Myanmar) Ltd ရဲ့ General Manager ဦးလင်းမြင့်၊ Tractebel Engineering and Engie Group ရဲ့ Country Manager David Levrat ၊ ADL Capital ရဲ့ Founder နဲ့ Managing Director Chan Han Meng နဲ့ MiTA Services ရဲ့ Managing Director Madhab Paul တို့က စွမ်းအင်ကဏ္ဍနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောဆိုတိုင်ပင်ခဲ့ကြပါတယ်။
Infrastructure ကဏ္ဍကိုတော့ Stephen Massa (Dentons Australia) က ဦးစီးပြီး Ayuroma International ရဲ့ Managing Director Ma Cherry Trivedi ၊ Investor Michael Whitehouse ၊ Nordic Technology Group ရဲ့ Managing Director Thorstein Svendesn ၊ KBZ အုပ်စု အကြံပေးအရာရှိ ဦးစည်သူနဲ့ Asian Development Bank ရဲ့ Infrastructure Specialist ဦးကျော်သူတို့က အဆိုတင်သွင်းဆွေးနွေးခဲ့ကြပါတယ်။
စီးပွားရေးခေါင်းဆောင်တွေ နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းချိန်မှာ Philip Jeyaretnam, SC (Dentons Rodyk) နဲ့အတူ World Wildlife Fund-Greater Mekong တာဝန်ရှိပုဂ္ဂိုလ် Gaurav Gupta ၊ ANZ (Myanmar) CEO Rajesh Ahuja တို့ပါဝင်ခဲ့ကြပါတယ်။
ပွဲမှာ Dentos က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေ . . .
မြန်မာနိုင်ငံအနေနဲ့ပြောရမယ်ဆိုရင် စင်ကာပူနိုင်ငံက ဘဏ်အဖွဲ့အစည်းကြီးတွေ၊ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍက အဖွဲ့အစည်းတွေ၊ ဆေးဘက်ဆိုင်ရာနည်းပညာကဏ္ဍက ကုမ္ပဏီတွေ၊ Mining သတ္တုတွင်းကဏ္ဍက အဖွဲ့အစည်းတွေက Clients တွေ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ Law Firm တစ်ခုအနေနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အခါမှာ အောင်မြင်မှုရရှိအောင် ဘယ်လိုမျိုးလုပ်ဆောင်သွားဖို့ရှိပါသလဲ . . .
ပြည်ပကလာတဲ့ Law Firm တစ်ခုက မြန်မာနိုင်ငံမှာ အောင်မြင်ဖို့ အရေးကြီးတဲ့ အချက်သုံးချက်ရှိပါတယ်။ တရားဥပဒေနဲ့ပတ်သက်ပြီး နိုင်ငံကပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ တရားလုပ်ထုံးလုပ်နည်းစီရင်ရေးစနစ်တွေ သိနားလည်ဖို့ လိုပါတယ်။ ဝန်ဆောင်မှုပေးမယ့်ကဏ္ဍနဲ့ပတ်သက်တဲ့ ဗဟုသုတဖူဖူလုံလုံသိရှိဖို့ လိုပါတယ်။ ဒါအပြင် ဒေသတွင်းဆိုင်ရာဗဟုသုတ၊ ဝန်ဆောင်မှုပေးမယ့် ကဏ္ဍရဲ့နယ်ပယ်ကို အထူးသဖြင့် သိဖို့လိုပါတယ်။ ဒေသတွင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအပြင် အပြည်ပြည်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေပူးပေါင်းပြီး Clients တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးသွားဖို့ မျှော်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေကိုအခြေခံပြီးတော့ လုပ်သွားမှာလား။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ Balance ဖြစ်အောင် လုပ်သွားမှာလား။ ပြည်တွင်းရှေ့နေတွေကိုကော ခန့်အပ်သွားဖို့ရှိပါသလား . . .
မြန်မာနိုင်ငံကိုလာပြီး စီးပွားရေးလုပ်မယ်ဆိုရင်တော့ နိုင်ငံရဲ့ဥပဒေကိုပဲ အဓိကအခြေခံပြီးလုပ်ရမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နံှသူတွေကိုလည်း နိုင်ငံရဲ့ဥပဒေအတိုင်း လိုက်နာကျင့်သုံးအောင် တိုက်တွန်းသွားဖို့ရှိပါတယ်။ Dentons က အဓိကပေးတဲ့ ဝန်ဆောင်မှုတွေကလည်း ကျွမ်းကျင်ပညာရှင်တွေက ဒေသတွင်းသာမက ပြည်ပမှာရှိနေတဲ့အတွက် တစ်မူထူးခြားတဲ့ ဝန်ဆောင်မှုအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ဖို့ အထောက်အပံ့လိုအပ်နေတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားဖို့ ရှိပါတယ်။
မြန်မာ့စီးပွားရေးကဏ္ဍတွေထဲက ဘယ်ကဏ္ဍတွေကို အဓိကထားပြီး ဝန်ဆောင်မှုပေးသွားမှာလဲ . . .
မြန်မာနိုင်ငံမှာ ဥပဒေအသစ်တွေ ပြဌာန်းနေကြတယ်။ ကျွန်တော်တို့အနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်သွားဖို့ အရေးကြီးပါတယ်။ ကိုယ်ပိုင်ဥပဒေလုပ်ငန်း Inhouse for Law Firm လုပ်တာနဲ့ Law Firm တစ်ခုကြီးအတွက်လုပ်တာနဲ့ အတွေ့အကြုံတွေက မတူပါဘူး။ ကျွန်တော့်ရဲ့အတွေ့အကြုံအရ Client တွေ လိုအပ်တဲ့ဝန်ဆောင်မှုတွေ၊ အကြံဉာဏ်တွေပေးပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေအသစ်တွေ၊ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ဝန်ဆောင်မှုကဏ္ဍအစရှိတဲ့ နယ်ပယ်တွေက စီးပွားရေး တိုးတက်မှုရှိဖို့အတွက် သေသေချာချာ ကိုင်တွယ်ဖြေရှင်းဖို့လည်း အရေးကြီးပါတယ်။ လက်ရှိငွေရေးကြေးရေးကဏ္ဍမှာလည်း နည်းပညာတွေနဲ့ ပေါင်းစပ်ပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ငွေလွှဲတာ၊ Deposit ထည့်တာ၊ Transfer လုပ်တာတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ရင် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးနေတာပဲ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး Infrastructure တွေ၊ Agriculture ကဏ္ဍမှာလည်း မြန်မာနိုင်ငံသားတွေ အဓိကအားထားရာတစ်ခုဖြစ်သလို သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ Mining ကဏ္ဍတွေမှာ သူ့အရင်းအမြစ်တွေကို အပြည့်အ၀ အသုံးချခွင့်ရှိခဲ့မယ်ဆိုရင် အခွင့်အလမ်းကောင်းတွေရရှိမှာ ဖြစ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍကလည်း လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲဖြစ်ပါတယ်။ Transportation Infrastructure တွေ ပိုပြီးကောင်းမွန်လာအောင် လုပ်ချိန်ကိုစောင့်ရင်းနဲ့ Agriculture နဲ့ Natural Resource ကဏ္ဍမှာရှိတဲ့ Client တွေရဲ့ လိုအပ်ချက်တွေအရ ဝန်ဆောင်မှုပေးသွားဖို့ ရှိပါတယ်။
မြန်မာဥပဒေလောကရဲ့ လက်ရှိလိုအပ်ချက် . . .
ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေက လုပ်ငန်းဖွဲ့စည်းပုံတွေ၊ တည်ဆောက်ပုံတွေ ဥပဒေအတိုင်းလိုက်နာလုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။ စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင် ဒေသဆိုင်ရာဥပဒေကို အခြေခံပြီးတော့ သေသေချာချာရေးဆွဲသွားဖို့ လိုပါတယ်။ ဥပဒေကဏ္ဍဟာ တခြား Industry တွေနဲ့ ကွဲပြားမှုရှိပါတယ်။ ငွေရေးကြေးရေးကဏ္ဍ၊ Transportation Infrastructure နဲ့ပတ်သက်တဲ့ နည်းလမ်းတွေ တင်ပြပေးနိုင်သလို ဥပဒေလေ့ကျင့်မှု၊ အသုံးချမှုတွေကို ဒေသဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်သွားဖို့ လိုပါတယ်။
ဒေသတွင်းဆိုင်ရာ ဖွဲ့စည်းတည်ထောင်လုပ်ဆောင်မှုတွေ၊ လေ့ကျင့်သင်တန်းပို့ချမှုတွေလည်း အရေးကြီးပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ တရားဥပဒေနဲ့ပတ်သက်တဲ့ အလေ့အထတွေ၊ လုပ်ဆောင်ချက်တွေဟာ International ထက်စာရင် အနည်းငယ်နောက်ကျကျန်ခဲ့တာ ရှိတယ်။ ဒါကြောင့် တရားဥပဒေကဏ္ဍကြီး တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှု၊ ပို့ချပေးမှု၊ Language ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ တရားဥပဒေအရ ကျွမ်းကျင်မှု၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေကို လေ့ကျင့်ပေးသွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက ဥပဒေတွေကို အဓိကလက်တွဲလုပ်သွားဖို့က ဒေသတွင်းဆိုင်ရာရှေ့နေတွေနဲ့ တွဲဖက်လုပ်ဆောင်မှ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။
လင်းနေခြည်