ဖျက်စက်နဲ့ ကူးဖို့ကြံသူ

ynn2

ကုမ္ပဏီတစ်ခုက လူငယ်အရာထမ်းလေးတစ်ဦးဟာ ညနေခြောက်နာရီလောက် အိမ်ပြန်ဖို့ အိတ်ဆွဲထွက်လာရာမှာ သူ့ကုမ္ပဏီ စီအီးအိုကို စာရွက်စာတမ်းဖျက်စက် (Shredder) ရှေ့မှာ လက်ထဲမှာ စာရွက်စာတမ်းတစ်ခု ကိုင်ရက်သား တွေ့လိုက်ရပါသတဲ့။ သူ့ကို မြင်တော့ စီအီးအိုက ''ဒီမှာကွ၊ ဒီစာရွက် စာတမ်းဟာ သိပ်အရေးကြီးပြီး အင်မတန်ထိလွယ်ရှလွယ်အဆင့်ထဲက ဖြစ်နေတယ်၊ ခက်တာက ငါ့စက္ကထရီကလည်း အိမ်ပြန်သွားပြီ၊ မင်းဒီစက်သုံးတတ်ရဲ့လားကွ''လို့ မေးလိုက်ပါတယ်။ လူငယ်အရာရှိကလေးကလည်း ''သုံးတတ်ပါတယ် ဆရာ'' လို့ ပေါ့ပေါ့ပါးပါးဖြေလိုက်တယ်။ သူနားလည်လိုက်တာကတော့ ဒီစာရွက်စာတမ်းဟာ ပေါက်ကြားရင် မဖြစ်တဲ့ဟာမျိုးမို့ စီအီးအိုက အရေးတကြီး ဖျက်ဆီးပစ်ချင်ပုံရတယ်လို့ နားလည်လိုက်ပါတယ်။ ဒါကြောင့် သူက စက်ကို ပါဝါဖွင့်တယ်၊ ပြီးတော့ စာရွက်ကို စက်ထဲထည့်လိုက်ပြီး  'စတပ်တ်' ခလုတ်ကို နှိပ်လိုက်ပါတယ်။ ဒီတော့ စာရွက်က စက်ထဲကို တရွေ့ရွေ့ တိုးဝင်ပျောက်ကွယ်ပြီး တစ်စစီ ဖျက်ဆီးပြီးသွားချိန်မှာပဲ စီအီးအိုက ''အိုကေ၊ အခုမှ အဆင်ပြေသွားတော့တယ်ကွာ''လို့ ဝမ်းသာအားရဆိုရင်း ဆက်ပြောလိုက်တာက ''ကိုယ်က မိတ္တူတစ်ရွက်တည်း လိုချင်တာနော်'' တဲ့။ ဒီတော့မှ အရာရှိလေးလည်း ရင်ထဲမှာ ဝုန်းခနဲ အလုံးကြီး ပြေးဆောင့်ပြီပေါ့။ တကယ်တော့ စီအီးအိုက စာရွက်စာတမ်းဖျက်စက်ကို မိတ္တူကူးစက် ထင်နေတာကိုး။

ဥပဒေသ ။    ။ သင့်အကြီးအကဲကို အစစသိပြီး နားလည်ပြီးသားလို့ ထင်မှတ်မမှားစေလိုပါ။

အပြုံးနှင့်စီမံ အပြုံးနှင့်နာခံနိုင်ကြပါစေ။