စာချုပ်(Deed)

deed1

Deed စာချုပ် . . .

ပိုင်ရှင်၊ သို့မဟုတ် ချီးမြှောက်ထောက်ပံ့သူက မြေပိုင်ဆိုင်မှု၊ သို့မဟုတ် မြေတွင်ပါရှိသည့် အကျိုးခံစားခွင့်ကို လွှဲပြောင်းခံရသူ၊ သို့မဟုတ် အကျိုးခံစားခွင့်ရသူဟုခေါ်သည့် အခြားပုဂ္ဂိုလ်တစ်ဦးသို့ လွှဲပြောင်းပေးခြင်းအတွက် စာဖြင့်ရေးသားထားသော သဘောတူညီချက်ဖြစ်သည်။ မြေကိုရောင်းချ၍လည်းကောင်း၊ ပေးကမ်းခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်နိုင်သဖြင့် စာချုပ်အတည်ဖြစ်ရန် အခကြေးငွေ (ပေးရန်) မလိုအပ်ပေ။ သို့ရာတွင် စာချုပ်ကိုထောက်ပံ့သူ၏ လက်မှတ်နှင့် တံဆိပ်ခတ်နှိပ်ထားရမည်။ မှတ်တမ်းထိန်း၊ မော်ကွန်းထိန်း၊ စာချုပ်စာတမ်းများ ကော်မရှင်နာ စသဖြင့် အမည်အမျိုးမျိုးနှင့် ပြည်သူ့အရာရှိက မှတ်တမ်းထားနိုင်ရန်ဖြစ်သည်။ သက်သေများ၏ လက်မှတ်နှင့် ချီးမြှောက်ထောက်ပံ့သူ၏ ဝန်ခံချက်တို့ကိုလည်း နိုတြီ၊ သို့မဟုတ် အခြားအရာရှိ ရှေ့မှောက်တွင် ဆောင်ရွက်ရပေသည်။ အမည်လွှဲ နာမည်ပေါက်ခြင်းသည်လည်း စာချုပ်ကိုပေးအပ်လွှဲပြောင်းခြင်းနှင့် ယေဘုယျအားဖြင့် လွှဲပြောင်းခံရသူ၏ လက်ခံမှုလိုအပ်သည်။ နာမည်ပေါက် အကျဉ်းချုပ်(ABSTRACT OF TITLE) ၊ ယုံကြည်မှုစာချုပ် (Deed of Trust) ၊ ပေါင်နှံမှု (MORTGAGE) ၊ စွန့်လွှတ်ကြေညာစာချုပ် (QUITCLAIM DEED)၊ တာဝန်ယူအာမခံစာချုပ် (WARRANTY DEED) တို့တွင်လည်း ကြည့်ပါ။

Deed of Trust ယုံကြည်မှုစာချုပ် . . .

ပေါင်နှံမှု (MORTGAGE) တွင်ကြည့်ပါ။

Deep Organization နက်ရှိုင်းသည့်အဖွဲ့အစည်း၊ နက်ရှိုင်းသည့် ဖွဲ့စည်းပုံ . . .

ကွပ်ကဲထိန်းချုပ်မှု အတိုင်းအတာ (SPAN OF CONTROL) အောက်ကြည့်ပါ။

Defalcation ငွေကြေးကို အလွဲသုံးစားပြုခြင်း . . .

ဥပဒေတွင် ကျယ်ဝန်းသော ဝေါဟာရ (EMBEZZLEMENT) နှင့် အခြားရန်ပုံငွေများ၊ သို့မဟုတ် ပစ္စည်းပစ္စယများ အလွဲသုံးစားပြုခြင်းဖြစ်သည်။

Default တာဝန်ပျက်ကွက်ခြင်း . . .

စာချုပ်အရသော်လည်းကောင်း၊ အခြားနည်းအားဖြင့်သော်လည်းကောင်း ဆောင်ရွက်ရမည့်တာဝန်တစ်ခုကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းဖြစ်သည်။ ပေးရန်တာဝန်တစ်ခု (OBLIGATION def-1) စေ့ရောက်သည့်အခါ ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းလည်းဖြစ်သည်။

Defensive Investment အရှုံးကာကွယ်မှုပြု ရင်းနှီးမြှုပ်နှံငွေ . . .

အမြတ်ရရှိရန်ထက် ဆုံးရှုံးမှုမပေါ်ပေါက်ရန် အာမခံချက်အဖြစ် အဓိကပြုလုပ်ထားသော ပြည်တွင်းပြည်ပ မည်သည့်မြှုပ်နှံမှုမဆို ဖြစ်သည်။ ပြိုင်ဘက်များ၏ဆောင်ရွက်ချက်များကို တုံ့ပြန်မှုအဖြစ် ယင်းသို့သော မြှုပ်နှံမှုများကို မကြာခဏပြုလုပ်သည်။ ဥပမာ - ၁၉၇၀ ပြည့်နှစ်များဆီက အမေရိကန်ပြည်ထောင်စု အစိုးရသည် လွယ်ကူစွာကွဲအက်နိုင်သော ကျောက်နှင့်ကျောက်မီးသွေးမှ ပြည်တွင်းမှရေနံထုတ်လုပ်ရန် ဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်ရန်အားပေးခဲ့သည်။ ယင်းသို့ဖန်တီးထားသော စွမ်းအင်သဘာဝရေနံကဲ့သို့ သက်သာစွာ ထုတ်လုပ်နိုင်ခြင်း မည်သည့်အခါမျှ ဖြစ်နိုင်ခြေမရှိချေ။ သို့သော် အရင်းအမြစ်တစ်ခုဖန်တီးရန် အရှုံးကာ ရင်းနှီးမှုတစ်ခုဖြစ်သည်။

Deferred Annuity ရွှေ့ဆိုင်းနှစ်စဉ်ပုံသေထောက်ပံ့ကြေး . . .

နှစ်စဉ်ပုံသေထောက်ပံ့ကြေး (ANNUITY) အောက်တွင် ကြည့်ပါ။

Deferred Charge ရွှေ့ဆိုင်းကျခံငွေ . . .

ရွှေ့ဆိုင်းစရိတ် (Deferred Expense) လည်းဖြစ်သည်။ ကြိုတင်ပေးစရိတ် (PREPAID EXPENSE) ကို ကြည့်ပါ။

Deferred Demand ရွှေ့ဆိုင်းဝယ်လိုအား . . .

လိုလားသောကုန်စည်၊ သို့မဟုတ် ဝန်ဆောင်မှု ပြတ်လပ်၍ တောင်းခံလာသည့် ဝယ်လိုအားကို ရွှေ့ဆိုင်းရသည်။

Deferred Income ရွှေ့ဆိုင်းဝင်ငွေ . . .

ရွှေ့ဆိုင်းအကျိုးခံစားခွင့် (Deferred Credit) ရွှေ့ဆိုင်းရောင်းရငွေ၊ ဝန်ဆောင်မှုရငွေ (Deferred Revenue) လည်းဖြစ်သည်။ လက်ခံရရှိပြီးဖြစ်သော်လည်း အချိန်စေ့ရောက်ခြင်းမရှိသေးသော လုပ်ငန်းဆောင်ရွက်ခြင်းမှ ရငွေဖြစ်သည်။ စာမူမရမီ စာရေးဆရာအား ကြိုတင်ထုတ်ပေးထားငွေ၊ အိမ်ငှားခကြိုတင်ပေးငွေ၊ ထုတ်ဝေမည့်မဂ္ဂဇင်းအတွက် ပေးထားငွေစသည်တို့သည် ရွှေ့ဆိုင်းဝင်ငွေ၏ ဥပမာအချို့ဖြစ်သည်။ လက်ကျန်ရှင်းတမ်း (BALANCE SHEET) တွင် ရွှေ့ဆိုင်းဝင်ငွေကို ပေးရန်တာဝန်အဖြစ် ဖော်ပြသည်။

deed2

Deferred Wages . . .

ပင်စင် (PENSION) အောက်ကြည့်ပါ။

Deficit လိုငွေ . . .

စာရင်းကိုင်ရာတွင် ပေးရန်တာဝန်များက ရပိုင်ခွင့်များထက် ပိုငွေ၊ သို့မဟုတ် ကုန်ကျစရိတ်များက ရငွေများထက် ပိုငွေအတိအကျကိုဆိုသည်။ ဆုံးရှုံးငွေ (LOSS def-1) ကိုလည်း ကြည့်ပါ။

Deficit Financing ဘဏ္ဍာလိုငွေ ဖြည့်ဆည်းခြင်း . . .

တိုးမြှင့်ရရှိမည့်ဝင်ငွေနှင့် ခုနှိမ်ရန်လုံလောက်မည်ဟု မမျှော်လင့်နိုင်သည့် အစိုးရကအထူးတလည် သုံးစွဲသည့် ကြီးမားသောစရိတ်ဖြစ်သည်။ ယင်းလိုငွေကို အစိုးရက ငွေချေးစာချုပ်များ တိုးမြှင့်ရောင်းချရရှိသော ချေးငွေများဖြင့် ဖြည့်ဆည်းသည်။ အခွန်နှင့်ပတ်သက်သော မူဝါဒမှ FISCAL POLICY မှ ဖြည့်စွက်မူတစ်ရပ် ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု လျော့နည်းခြင်းကြောင့် စီးပွားရေးကျဆင်းခြင်းကို ကုစားရန် ကြိုးပမ်းချက်တစ်ရပ်ဖြစ်သည်။ (မူလပန့်တင်ခြင်း PUMP PRIMING တွင်လည်း ကြည့်ပါ။) အမေရိကန်ပြည်ထောင်စု အမျိုးသားဘတ်ဂျက်လိုငွေများ ၁၉၃၀ ပြည့်နှစ်မတိုင်မီ ကာလကတည်းက သိနေပြီးဖြစ်သော်လည်း ယခုအခါ၌ သိရှိစေရမည့် ဥပဒေသဖြစ်သည်။ ဘောဂဗေဒပညာရှင်များ၏ ယုံကြည်ချက်မှာ ဝင်ငွေနှင့် ကုန်ကျစရိတ်များ ညီရမည်။

နှစ်စဉ်မဟုတ်လျှင်ပင် စီးပွားရေးလုပ်ငန်းသံသရာတစ်ပတ်တွင် အနည်းဆုံးအဖြစ်ညီမျှရန်ဖြစ်၍ လိုငွေများအတွက် ပညာရှင်များကြောင့်ကြကြသည်။ အခြားဘောဂဗေဒပညာရှင်များကမူ အမျိုးသားထုတ်ကုန် တိုးတက်မှုကောင်းမွန်နေပါက ဘတ်ဂျက်လိုငွေများကို အရေးမကြီးဟုလည်း ခံယူကြသည်။

Defined Benefit Plan အကျိုးခံစားခွင့် သတ်မှတ်ထားသော အစီအစဉ် . . .

ခံစားခွင့်ရှိသူက ရရှိလာမည့် ပင်စင်ပမာဏကို သတ်မှတ်ထားသော ပင်စင်အစီအစဉ်ဖြစ်သည်။ ပေါ်ပေါက်လာမည့် အကျိုးခံစားခွင့်ခန့်မှန်းခြေပေါ်အခြေခံ၍ ထည့်ဝင်ရမည့်ငွေများသတ်မှတ်သည်။ ထည့်ဝင်ငွေ သတ်မှတ်ထားသော အစီအစဉ် (Defined Contribution Plan) များတွင်မူ ကာလအလိုက် ထည့်ဝင်ရငွေများကို အကျိုးခံစားခွင့် မည်သို့ပင်ဖြစ်စေ သတ်မှတ်ထားသည်။

Deflation ဈေးနှုန်းကျခြင်း၊ လှည့်လည်ငွေကျုံ့ခြင်း . . .

ဈေးကွက်သို့ ဖြန့်ချိတင်ပို့သော ကုန်နှင့်ယှဉ်၍ စုစုပေါင်းသုံးစွဲငွေလျှော့ကျခြင်းကြောင့် အရပ်ရပ်ဈေးနှုန်းအဆင့် လျော့ကျခြင်းကိုဆိုသည်။ ဈေးနှုန်းလျော့ကျခြင်း၏ လက်ငင်းသက်ရောက်မှုမှာ ဝယ်ယူစွမ်းပကားမြင့်သည်။ ဈေးနှုန်းများကျပါက တူညီသောငွေပမာဏဖြင့် ပို၍ဝယ်ယူနိုင်မည်။ ပုံသေဝင်ငွေရသူများနှင့် မြီရှင်များ အကျိုးများသော်လည်း စီးပွားရေးလုပ်ငန်းများ ဝင်ငွေလျော့ပြီး အလုပ်သမားများ အလုပ်ပြုတ်မည်။ ဈေးနှုန်းလျော့ကျခြင်းကို စီးပွားရေးလုပ်ငန်းသံသရာ၏ ကျုံ့ချိန်တွင် ဖြစ်ပေါ်ပြီး တစ်ပြည်လုံး စီးပွားရေးလုပ်ငန်းဆောင်တာများ နိမ့်ကျခြင်းတွေ့ရသည်။ ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် စစ်မှန်သော ဈေးနှုန်းကျဆင်းမှုမရှိခဲ့။ အစိုးရ၏ ငွေကြေးမဖောင်းပွရန် Disinflation ပေါ်လစီများ ကျင့်သုံးရာ၌ အချို့ဈေးနှုန်းများကျစေသည်။ ဥပမာ - ငွေကြေးမဖောင်းပွစေရန် ပေါ်လစီကြောင့် စားသောက်ကုန်ဈေးနှုန်းများကျသော်လည်း အရပ်ရပ် လူနေမှုကုန်ကျငွေများ သိသိသာသာ ကျဆင်းခြင်း မရှိပေ။ စက်ရုံထွက်ကုန်စည်များတွင် ထိန်းကွပ်ချုပ်ကိုင်ဈေးနှုန်းများရှိပြီး ငွေမဖောင်းပွစေရန် မူဝါဒများကို တုံ့ပြန်ခြင်း မရှိ။ ယင်းသို့သော ကာလများအတွင်း ကော်ပိုရေးရှင်းကြီးများက အရောင်းများ လျော့နည်းသည့်ကြား ယင်းတို့၏အမြတ်များ ထိန်းထားရန် ကြိုးပမ်းချက်များကြောင့် ဈေးနှုန်းမကျဘဲ တက်ခြင်းကိုပင် လက်တွေ့ကြုံရသည်။

Deflationary Gap ရင်းနှီးမြှုပ်နှံမှုသုံးလိုငွေ . . .

စုဆောင်းငွေက အလုပ်အကိုင်အပြည့်ရရှိစေရန် လိုအပ်သော ရင်းနှီးမြှုပ်နှံငွေပမာဏထက် ပိုငွေကိုဆိုသည်။ ဥပမာ - စားသုံးသူများက အမျိုးသားထွက်ကုန်၏ ၂၀ ရာခိုင်နှုန်းကို စုရန် လိုလားသော်လည်း စီးပွားရေးလုပ်ငန်းများက ၁၅ ရာခိုင်နှုန်းသာ မြှုပ်နှံရန် ဆန္ဒမျိုးဖြစ်သည်။ ဝယ်လိုအားက နောက်ကျန်နေ၍ ဈေးနှုန်းများကျစေ၍ ဈေးနှုန်းကျဆင်းမှုကြောင့် ဝင်ငွေလည်း လျော့နည်းမည်။ ဈေးနှုန်းကျဆင်းခြင်းက တစ်ဆင့် ဖြစ်ပျက်ပေါ်ပေါက်ရန် မြှောက်ဖော်ကိန်း (Multiplier) သက်ရောက်မှုကို တိုးစေသည်။ (မြှောက်ဖော်ကိန်းဥပဒေသ MULTIPLIER PRINCIPLE ကို ကြည့်ပါ။) ဥပမာ - ရင်းနှီးမြှုပ်နှံမှုသုံးလိုငွေ ဒေါ်လာဘီလီယံ ၃၀ မှ အမျိုးသားဝင်ငွေကို ဒေါ်လာဘီလီယံ ၉၀ ထိ လျော့စေပြီး ဈေးနှုန်းတွေ လျော့ကျရုံနှင့် မပြီးဘဲ ရုပ်ဝတ္ထုထွက်ကုန်လျော့နည်းပြီး အလုပ်လက်မဲ့မှုပါတိုးစေမည်။ လက်တွေ့တွင်မူ ဈေးနှုန်းသက်သာမှုက စားသုံးသူများအား ပိုမိုဝယ်ယူစေပြီး စုဆောင်းငွေများနည်းသွားစေ၍ စုငွေနှင့် ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်လမ်းကြောင်းတကျဖြစ်စေပြီး ဈေးနှုန်းမဖောင်းပွမှု ကွာဟချက်ကို ပိတ်သိမ်းသွားစေမည်။ ဈေးနှုန်းကြီးမြင့်မှု၊ ငွေဖောင်းပွမှုကွက်လပ် (INFLATIONARY GAP) ကို ကြည့်ပါ။

Deflator ဈေးနှုန်းကျကိရိယာ . . .

စုစုပေါင်းအမျိုးသားထုတ်ကုန်ကျုံ့မှု (GNP DEFLATOR) ကို ကြည့်ပါ။

ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း))