Diminishing Balance Method လည်းဖြစ်တယ်။ စာရင်းကိုင်ပညာတွင် ပုံသေပိုင်ပစ္စည်းတစ်ခုအတွက် တန်ဖိုးလျှော့တွက်ချက်နည်း ဖြစ်သည်။ နှစ်စဉ်တန်ဖိုး လျှော့ငွေသည် လျှော့နည်းလက်ကျန်ပေါ် ပုံသေရာနှုန်းနှင့် တွက်သည်။ လျှော့နည်းလက်ကျန်ကို ပုံသေပစ္စည်း၏ လက်ကျန်မှ ယခင်နှစ်များအတွက် တန်ဖိုးလျှော့များ နုတ်ယူရရှိသည်။ ပစ္စည်း၏မူလတန်ဖိုးမှ လျော့နည်းနှုန်းဖြင့် တွက်ချက်သည်။ ဥပမာ ဒေါ်လာတစ်ထောင်တန် စက်ကိရိယာတစ်ခုသည် ပုံသေ ၁၀ ရာခိုင်နှုန်းဖြင့် တန်ဖိုးလျှော့ပါက ပထမနှစ်တန်ဖိုးလျှော့သည် ဒေါ်လာတစ်ထောင်၏ ဆယ်ရာခိုင်နှုန်း ဒေါ်လာတစ်ရာ ဖြစ်ပြီး၊ ဒုတိယနှစ်တန်ဖိုးလျှော့မှ ဒေါ်လာ ၉၀ (၁,၀၀၀-၁၀၀) =၉၀၀ ၏ ဆယ်ရာခိုင်နှုန်းဖြစ်သည်။ တတိယနှစ်အတွက် ဒေါ်လာ ၈၁ (၁,၀၀၀-၁၉၀) = ၈၁၀ ၏ ဆယ်ရာခိုင်နှုန်း ဖြစ်သည်။ ဤနည်းဖြင့် တန်ဖိုးလျော့ရာ၌ ပစ္စည်း၏ ရှေ့နှစ်များအတွက် တန်ဖိုးလျှော့ကုန်ကျငွေက များသည်။ ဤနည်း၏ အခြားပုံစံတစ်ခုကို လျှော့နည်း တန်ဖိုးနှစ်ဆနည်းဖြစ်ပြီး နှစ်စဉ်တန်ဖိုး လျှော့ငွေမှာ မျဉ်းဖြောင့်နည်းအတွက် တန်ဖိုးလျှော့နှုန်း နှစ်ဆ ဖြစ်သည်။
ဥပမာ ဒေါ်လာ ၁၀,၀၀၀ တန်ဘိုးရှိ ပစ္စည်း၏ အသုံးဝင်သက်တမ်းသည် ငါးနှစ်ဖြစ်၍ မျဉ်းဖြောင့်နည်းအရ တန်ဖိုးလျှော့နှုန်းသည် နှစ်ဆယ်ရာနှုန်း (ဒေါ်လာ ၁၀,၀၀၀ ÷ ၅ = ဒေါ်လာ ၂,၀၀၀ (၁၀,၀၀၀ ÷ ၂,၀၀၀ = ၂၀ %) ဤနှုန်း၏ နှစ်ဆ၊ ၄၀ ရာခိုင်နှုန်းဖြင့် တန်ဖိုးလျှော့၍ ပထမနှစ်အတွက် ၂,၀၀၀၊ ဒုတိယနှစ်အတွက် ဒေါ်လာ ၁၀,၀၀၀ မှ ဒေါ်လာ ၂,၀၀၀ လျှော့၍ လက်ကျန် ဒေါ်လာ ၈,၀၀၀ ပေါ် လေးဆယ်ရာခိုင်နှုန်းဖြင့် ဒေါ်လာ၂,၄၀၀၊ တတိယနှစ်အတွက် (ဒေါ်လာ ၁၀,၀၀၀မှ ဒေါ်လာ ၄,၀၀၀ နှင့် ဒေါ်လာ ၂,၄၀၀ နှုတ်၍ ကျန်ဒေါ်လာ ၃,၆၀၀ ပေါ် လေးဆယ်ရာခိုင်နှုန်းဖြင့် ဒေါ်လာ ၁,၄၄၀ ဖြစ်သည်။ လျှော့နည်းလက်ကျန်၊ လျော့နည်းလက်ကျန် နှစ်ဆနည်းဖြင့် တန်ဘိုးလျှော့ရာ၌ ပစ္စည်းလက်ကျန်သည် သုညသို့မည်သောအခါမျှ မဆိုက်ရောက်ပေ။ ဒစ်ဂျစ်ပေါင်းနည်းတွင် သုညသို့ ဆိုက်သည်သို့ မဟုတ်ပေ။ ထို့ကြောင့် ပစ္စည်းကို အပျက်အဖြစ်စွန့်၊ ရောင်းချ၊ လဲလှယ်စွန့်ပစ်ရာ၌ စာရင်းလက်ကျန်က နောက်ဆုံးဆောင်ရွက်လုပ်ငန်း၏ အရှုံးအမြတ်ကို သတ်မှတ်ဖြစ်ပေါ်စေသည်။
Declining Marginal Efficiency of Capital လျှော့နည်းကျဆင်းနေသော အရင်းအနှီး၏ အစွန်းထွက်စွမ်းအား . . .
ကုန်ထွက်နှုန်း RODUCTIVITY အောက်ကြည့်ပါ။ Dedicated Computer သီးသန့်လုပ်ငန်းတွက် သတ်မှတ်ထားသော ကွန်ပျူတာ။ ကွန်ပျူတာ COMPUTER အောက်ကြည့်ပါ။
Deductible Coverage နုတ်နိုင်ငွေ ကာမိချက် . . .
အာမခံပေါ်လစီတွင် ပါရှိသောအပုဒ်တစ်ခု။ ယင်းအရ အာမခံထားသူက ဆုံးရှုံးငွေမှ ငွေပဏတစ်ရပ် ကျခံစေမည် ဖြစ်သည်။ ဥပမာ - မော်တော်ယာဉ်အာမခံ ပေါ်လစီတွင် မတော်တစ်ဆတိုက်ခိုက်မှုမှ အာမခံထားသူက ဒေါ်လာ ၅၀ ကျခံရမည် ပါရှိပါက၊ ဆုံးရှုံးငွေမှ ပထမ ဒေါ်လာ ၅၀ ကို ကျခံရမည်။ ဆုံးရှုံးငွေက ဒေါ်လာသုံးရာ ဖြစ်ပါက ကုမ္ပဏီက ကျန်ဒေါ်လာ ၂၅၀ ကိုသာ ပေးမည်ဖြစ်သည်။ အပြည့်အာမခံဆိုပါက Full Coverage ဆုံးရှုံးငွေသည် မည်မျှပမာဏ နည်းသည်ဖြစ်စေ အားလုံးကို ကာပေးသည်။ ထို့ကြောင့် နုတ်နိုင်ခွင့်ပါရှိက အာမခံထားသူက ကုမ္ပဏီသည် လျှော်ငွေမပေးမီ ကျခံရမည့် ငွေပမာဏတစ်ရပ်ဖြစ်သည်။ နုတ်နိုင်ငွေများလေ အာမခံကြေးပရီမီယံ နည်းလေဖြစ်သည်။
Deduction နုတ်ငွေ . . .
၁။ ယေဘုယျအားဖြင့် ဝင်ငွေမှ နှုတ်နိုင်သော စရိတ် သို့မဟုတ် ကုန်ကျစရိတ်
၂။ လစာမှ နှုတ်ယူငွေ Payroll Deduction
လုပ်ခလစာများ ထုတ်မပေးမီ လုပ်သားစုငွေ အစီအစဉ်ထည့်ငွေ၊ အာမခံပရီမီယံအမျိုးမျိုး၊ ဝန်ထမ်းချေးငွေ ပေးဆပ်မှု၊ ကုမ္ပဏီမှ ဝယ်ယူခဲ့သော ကုန်ပစ္စည်းဖိုးအတွက် ပေးဆပ်ငွေ၊ ကုသိုလ်ဖြစ်အဖွဲ့များသို့ လှူဒါန်းငွေ စသည်တို့အတွက် နုတ်ယူငွေများဖြစ်သည်။
၃။ အခွန်ဖြတ်တောက်ငွေ
စီးပွားရေးလုပ်ငန်းစရိတ် (သို့) မတည်ပစ္စည်းရောင်းရှုံးငွေတို့ကြောင့် စည်းကြပ်ဝင်ငွေ လျှော့သွားသည်။ ဝင်ငွေကြေညာလွှာ ပြုစုရာ၌ အဆိုပါငွေပမာဏများကို အခွန်တွက်ချက်ရာ၌ နုတ်ယူနိုင်သည်။ ဝင်ငွေခွန်စည်းကြပ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ ရှုပ်ထွေးလှပြီး အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အမျိုးမျိုးဖြစ်တတ်ပေသည်။
Deed မြေပိုင်ဆိုင်မှု (သို့) မြေနှင့်ဆိုင်ရာ အကျိုးခံစားခွင့် လွှဲပေးစာချုပ် . . .
ပိုင်ရှင် (သို့) ပေးကမ်းစွန့်ကြဲသူက အခြားပုဂ္ဂိုလ်လွှဲပြောင်းရရှိသူ ပေးကမ်းစွန့်ကြဲမှုရရှိသူသို့ မြေ(သို့) မြေနှင့်ဆိုင်ရာ ခံစားခွင့်ကို စာဖြင့် ရေးသားထားသော သဘောတူစာချုပ်ဖြစ်သည်။ စာချုပ်တရားဝင်ရန် ငွေပေးချေမှုသို့ ကျသင့်ငွေပါဝင်ရန် မလိုအပ်ပေ။ အကြောင်းမှာ မြေကိုရောင်းချခြင်း (သို့) အခကြေးငွေမဲ့ ပေးကမ်းစွန်ကြဲခြင်းလည်း ဖြစ်နိုင်သည်။ သို့ရာတွင် ပေးကမ်းစွန့်ကြဲသူက လက်မှတ်ထိုး၍ တံဆိပ်ခပ်နှိပ်မှသာ ပြည်သူ့ဝန်ထမ်း (မှတ်ပုံတင်အရာရှိ၊ စာချုပ်စာတန်းကော်မရှင်နာ) က မှတ်တမ်းတွင် ရေးမှတ် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ သက်သေများ၏ လက်မှတ်နှင့်လွှဲပြောင်းပေးသူ၏ ဝန်ခံချက်ကို နိုတတြီ (သို့) အခြားအရာရှိ ရှေ့မှောက်တွင် ပြုလုပ်ရသည်။ အမည်ပေါက်လွှဲပြောင်းခြင်းသည် စာချုပ်အား အမှန်တကယ် ပေးအပ်၍ လွှဲပြောင်းရရှိသူက လက်ခံပြီးမှသာ အထမြောက်သည်။
အမည်နာမအကျဉ်း ABSTRCT OF TITLE ၊ ပေါင်နှံစာချုပ်အောက် ယုံမှတ်စာချုပ် MORGAGE မှ Deed of Trust ၊ စွန့်လွှတ်စာချုပ် QUITCLAIM DEED ၊ အာမခံစာချုပ် WARRANTY DEED ကိုလည်း ကြည့်ပါ။
Deed of Trust . . .
ယုံမှတ်စာချုပ်။ ပေါင်နှံစာချုပ် MORTGAGE အောက်ကြည့်ပါ။
Deep Organization . . .
နက်ရှိုင်းအဖွဲ့အစည်း ကြီးကြပ်ထိမ်းချုပ်မှု အတိုင်းအတာ SPAN OF CONTROL အောက်ကြည့်ပါ။
Defalcation တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်း . . .
ဥပဒေတွင် ပိုမိုကျယ်ပြန့်သည့် သဘောသက်ရောက်မှုရှိ အလွဲသုံးစားပြုခြင်း EMBEZZLEMENT နှင့် ဘဏ္ဏာရန်ပုံငွေနှင့် အိမ်ယာအဆောက်အအုံများ ခိုးယူလွဲများရယူခြင်း ဖြစ်သည်။
Default ပျက်ကွက်ခြင်း . . .
ကတိစာချုပ်အရသော်လည်းကောင်း၊ အခြားပုံစံဖြင့်သော်လည်းကောင်း ကျရောက်လာသောတာဝန်ကို ဆောင်ရွက်ပေးရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ပေးရန်တာဝန်တစ်ခု OBLGATION (def.1) စေ့ရောက်သည့်အခါ ဖြည့်ဆီးပေးရန် ပျက်ကွက်ခြင်းလည်း ဖြစ်သည်။
ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း))