ဒေါ်အေးအေးသန့် Managing Director AAT Business Center စီးပွားရေးလုပ်ငန်းလုပ်ရာမှာEthics က ဘယ်လောက် အရေးပါသလဲ။ ဒါလုပ်ပါ၊ ဒါမလုပ်ပါနဲ့လို့ စာရေးပြီးထားရင် အဲဒါဟာ စည်းကမ်းပါ။ အဲဒီလိုပြောစရာတောင်မလိုဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ ဒါမလုပ်ရဘူး၊ မလုပ်သင့်ဘူး၊ ဒီနေရာမှာ ဒါလုပ်ကိုလုပ်ရမယ်လို့ သိတဲ့ ကိုယ်ပိုင်အသိက လာတဲ့ ကိုယ်ကိုယ်တိုင်ကျင့်သုံးဖို့လိုတဲ့ အမှန်တရားမို့ ကိုယ်ကျင့်တရားလို့ခေါ်တာပါ။ အဲဒီတော့ ကိုယ်ကျင့်တရား ဟာ ကိုယ်သွားရမယ့်လမ်းရဲ့ Framework နဲ့Guideline ဖြစ်နေမှာပါ။ နေ့စဉ်အလုပ်ကိစ္စတွေကို ဆုံးဖြတ်ပုံ၊ လုပ်ကိုင် ဆောင်ရွက်ပုံ အသေးအမွှားလေးတွေကစလို့ လုပ်ငန်းကြီး တစ်ခုလုံးရဲ့ရေရှည်ခရီးကို ဘယ်လိုလျောက်လှမ်းမလဲ ဘယ် လောက်ဝေးဝေးအထိ သွားမှာလဲဆိုတာတွေ အတွက် အရေး ပါပါတယ်။ အဖွဲ့အစည်းကို ဘယ်လမ်းကြောင်းကနေ ဘယ် လို ဂုဏ်သိက္ခာနဲ့ ဦးဆောင်သွားမှာလဲရဲ့ မူလဇာစ်မြစ်က Ethics ပါ။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics မရှိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ။ Ethical မဖြစ်တဲ့သူတစ်ယောက် ဦးဆောင်နေ တဲ့အဖွဲ့အစည်းဟာ လူတွေရဲ့ယုံကြည်လက်ခံမှုကို ရရှိမှာ မဟုတ်ပါဘူး။ Product တစ်ခုကို လက်ခံဖို့ ဘယ်အဖွဲ့ အစည်းကလဲဆိုတာ အရင်ကြည့်ကြတာပါ။ အဖွဲ့အစည်းကို ကိုယ်စားပြုသူတွေရဲ့Image ဟာ အဖွဲ့အစည်းရဲ့Image နဲ့တိုက်ရိုက်ပတ်သက်နေပါတယ်။ အဲဒီလူတွေကို လက်ခံမှ သူတို့အဖွဲ့အစည်းကို လက်ခံမယ်။ အဖွဲ့အစည်းကို လက်ခံမှ သူတို့ Product တွေကိုလည်း လက်ခံမယ်။ Ethics မရှိတဲ့အဖွဲ့အစည်းရဲ့အကျိုးဆက်က လူ တွေလက်ခံမှုလျော့နည်းမယ်။ ဒါဆို Branding လည်း မအောင်မြင်တော့ဘူး။ Ethical မဖြစ်တဲ့ဆုံးဖြတ်ချက် တွေကြောင့် ကိုယ်နဲ့ဆက်စပ်နေတဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးတာတွေဖြစ်လာမယ်။ အဲဒီနောက် သူတို့နဲ့ ဆက်စပ်နေတဲ့ လူတွေရဲ့ဘဝတွေကိုပါ ထိခိုက်နစ်နာစေမယ်။ နောက်ဆုံး လူ့ဘောင်ပတ်ဝန်းကျင်တစ်ခုလုံး ဆိုးကျိုးသက် ရောက်မှုကြီး ခံစားရနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်။ ကမ္ဘာနဲ့ချီပြီး Financial Crisis ဖြစ်တာတို့၊ လူ အများရဲ့ငွေတွေနဲ့ တည်ထောင်ထားတဲ့ ကော်ပိုရေးရှင်းကြီး တွေဒေဝါလီခံရတာတို့၊ တချို့သော Industry တွေနာလန် မထူနိုင်အောင် စီးပွားပျက်ရတာတို့ရဲ့အစဟာ Ethics မရှိ တဲ့လူတစ်ယောက်ရဲ့ အမှုမဲ့၊ အမှတ်မဲ့ လုပ်လိုက်တဲ့အပြု အမူတစ်ခု၊ ဆုံးဖြတ်ချက်တစ်ရပ်က အစပြုခဲ့တယ်ဆိုတာ ကို တွေ့ရှိရပါတယ်။ ဒါလေးလုပ်လိုက်တာ ဘာမှမဖြစ် လောက်ပါဘူး၊ ဘယ်သူမှမသိလောက်ပါဘူးဆိုပြီး ကိုယ်ကျိုး အတွက် လုပ်လိုက်တဲ့ကိစ္စတစ်ခုဟာ ဘဝပေါင်းများစွာကို အခြေအနေဆိုးဆီ တွန်းပို့နိုင်ခဲ့တဲ့ကိစ္စတွေ ကမ္ဘာမှာ ဖြစ်ခဲ့ ဖူးပါတယ်။ Ethics ရှိ၊ မရှိ ဆိုတာ ကိုယ်ရဲ့Role Model နဲ့ ဆိုင်၊ မဆိုင် .....Role Model နဲ့ဆိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် လည်း တာဝန်ရှိပါတယ်။ Ethical ဖြစ်တဲ့သူတစ်ယောက်နဲ့ တွေ့ ကြုံဆက်ဆံဖူးသူဟာ ကိစ္စတစ်ခုကိုဆုံးဖြတ်ရာမှာ ပါဝင် ပတ်သက်သူတွေရော၊ တစ်ဆင့်ခံအကျိုးသက် ရောက်မှုရှိသူတွေကိုပါ ဘယ်လိုအကျိုးဆက်တွေဖြစ်လာ နိုင်တယ်။ ကောင်းတဲ့အကျိုးဆက်ဖြစ်ဖို့ ဘာကိုစီမံပြီးမှ လုပ်ရမယ်စတဲ့ တွေးခေါ်စဉ်းစားပုံတွေကို အတုယူနိုင် တာပေါ့။ ရှေ့လူတွေဟာ နောက်လူတွေအတွက်စံပြတွေပါပဲ။ ရှေ့ကလူကောင်းကောင်း သွားပြဖို့လိုပါတယ်။ ကာယကံရှင်နောက်လူကိုယ်တိုင်ကလည်း ကျိုး ကြောင်းဆီလျော်စွာ စဉ်းစားနိုင်စွမ်းရှိသူဖြစ်ဖို့ လိုပါတယ်။ရှေ့လူ Ethics မဖြစ်တာကို မဖြစ်မှန်းသိပြီး ကိုယ့်အလှည့် မှာ တည့်မတ်နိုင်စွမ်းရှိသူဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်လည်း တာဝန်ရှိတဲ့ Role Model နဲ့လည်း ဆိုင်ပါတယ်။ Ethics နဲ့ပတ်သက်လို့ လေးစားခဲ့ရတဲ့ပုဂ္ဂိုလ်..... ဆရာကြီး ဗိသုကာခင်မောင်ရင်ပါ။ တွေးတာ ရော၊ ပြောတာရော၊ ပြုမူတာရော အားလုံးရိုးသားတယ်။ Consistent ဖြစ်တယ်။ အများကို ကောင်းတာတွေလုပ် ပေးတယ်၊ ကိုယ်တိုင်ကတော့ ဘယ်သူ့ဆီကမှ ဘာမှပြန် လည် မမျော်လင့်ထားဘူး။ ပတ်ဝန်းကျင်ကို အများကြီး လုပ်ခဲ့တယ်။ နောက်တစ်ဦးကတော့ ဆရာမကြီးဒေါ်ရီရီမြင့်ပါ။ အသေးအမွှားကအစ ဂရုတစိုက်စဉ်းစားပြီး သူများကို ဝန်ပိုမဖြစ်စေအောင် စီမံနိုင်စွမ်းရှိသူပါ။ ကိုယ်တိုင်စွမ်း ဆောင်နိုင်ရမယ်၊ ပတ်ဝန်းကျင်ကို ကောင်းကျိုးဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်လာအောင် လှုံ့ဆော်နိုင် စွမ်းရှိပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာထားရှိသင့် တဲ့ Ethics တွေ ..... ကိုယ့်လုပ်ငန်း မြတ်ရမယ်ဆိုပေမဲ့ ဈေးကွက်၊ ပတ်ဝန်းကျင်နဲ့လူတွေကို ဘာတွေပေးမှာလဲဆိုတာကရှိသေး တယ်။ ကောင်းတာတွေလား၊ ဆိုးတာတွေလား၊ အခု လောလောဆယ် ကောင်းတယ်ဆိုပေမဲ့ ရေရှည်မှာဆိုးမယ့် အရာတွေလား အဲဒီအရာတွေက အခြေခံအကျဆုံး စဉ်းစား ရမယ့်အချက်ပါ။ လူတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေ လောလောဆယ်ဖန်တီးပေးနိုင်ပေမဲ့ ရေရှည်မှာ သယံဇာတ အရင်းအမြစ်တွေ ပြုန်းတီးပြီးကျန်ခဲ့မယ့်လုပ်ငန်း တွေဆိုရင် အဲဒီအတွက် အစားထိုးအစီအစဉ်တွေ ဖြည့် ဆည်းမှုတွေ လုပ်ပေးရမှာပါ။ Ethicsလို့ ပြောမယ်ဆိုရင် ကိုယ့်အတွက်ကောင်း ပေမဲ့သူများတွေ ဆုံးရှုံးနစ်နာမှုမရှိအောင်စီစဉ်တာ၊ နောက် လူတွေ ဆက်လုပ်လို့လွယ်အောင် နည်းလမ်းတွေရှာဖွေပေး ခဲ့တာတွေကတော့ လုပ်ရမယ့်အရာတွေပေါ့။ မလုပ်ရမှာ တွေကတော့ သူများဦးနှောက်နဲ့ ပင်ပန်းတကြီး စဉ်းစား ထားတဲ့အရာတွေကို ကိုယ်ကဦးပြီး ကိုယ့်ဟာလုပ်ပစ်တာ၊ ကိုယ်ကျိုးကွက်ကွက်လေးအတွက် သူများTrain ထားတဲ့ ဝန်ထမ်းတွေ ရင်းနှီးမြှုပ်နှံမှုတွေကို နည်းမျိုးစုံနဲ့ ကိုယ့် လက်ထဲ ရောက်အောင်လုပ်ယူတာ၊ စားသုံးသူတွေကို ပေး သင့်ပေးထိုက်ရက်နဲ့ မပေးလိုက်တာတွေပါ။ Ethicsမရှိတဲ့သူတွေနဲ့တွေ့ရင် ကိုယ့်ကိုယ်ကိုယ် ဘယ် လိုကာကွယ်မလဲ။ နိုင်ငံတကာက ဝင်လာရင် Ethics ဖောက်တာတွေ ပိုများလာနိုင်တဲ့အတွက် ဘာတွေပြင်ဆင် ထားသင့်သလဲ။ ကိုယ့်လုပ်ငန်းရဲ့ အဓိကအားသာချက်ကို သိရပါ မယ်။ ရှိသင့်ရှိထိုက်တဲ့အားသာချက်ကို ဖန်တီးထားရပါမယ်။သူများအလွယ်တကူ လိုက်လုပ်နိုင်ရင် အဲဒါအားသာချက် မဟုတ်သေးပါဘူး။ သူများအလွယ်တကူ လိုက်မလုပ်နိုင်တဲ့ အဆင့်ဆင့်ဝန်ထမ်းတွေရဲ့ ထဲထဲဝင်ဝင် ကျွမ်းကျင်မှုတွေ၊ လုပ်ငန်းရှင်ကိုယ်တိုင် Customer အပေါ်မှာရော ှStakeholders အားလုံးအပေါ်မှာပါ ထားတဲ့စေတနာတွေဟာ အလွယ်တကူ လိုက်လုပ်ယူလို့ မရနိုင်ပါဘူး။ အဲဒီလောက် ကြိုးစားပြီးလုပ်ထားတဲ့ အဖွဲ့အစည်းရဲ့အဓိကကျတဲ့ဝန်ထမ်း တွေကို မက်လုံးပေးပြီး ဆွဲဆောင်သွားရင်လည်း ကျန်နေတဲ့ သူတွေက ဆက်လုပ်တတ်အောင် စီစဉ်ထားတဲ့ Operation System တွေရှိဖို့ လိုပါမယ်။ အဓိကကျသူတွေ မပါ သွားအောင် ကိုယ့်လုပ်ငန်းရဲ့HR ဗျူဟာလည်းကောင်းဖို့ လိုပါမယ်။ အပြင်လူက ဘယ်လိုမက်လုံးပေးပေး လက်ရှိ အလုပ်မှာကျေနပ်ပြီး ဝင်ငွေသင့်တင့်ရင်လည်း ကိုယ့်ဝန်ထမ်း တွေ အခြားအလုပ်တွေကို ခုန်ကူးဖို့အခွင့်အလမ်းနည်းပါ တယ်။ ကိုယ့်ဝန်ထမ်းတွေရဲ့ ဦးနှောက်ထဲမှာရှိနေတဲ့ ကျွမ်း ကျင်မှုတွေ လုပ်ငန်းအကြောင်း ထဲထဲဝင်ဝင် သိရှိနားလည်မှု တွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ အတွေးအခေါ်ကောင်းတွေ ဟာ ကိုယ့်လုပ်ငန်းက ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအမြစ် ဆိုတာ သတိရှိရပါမယ်။ တန်ဖိုးထားတတ်ရပါမယ်။ အဲဒီ ှSoft Skill တွေ အပြင်မထွက်သွားအောင် ထိန်းသိမ်းထား ဖို့လိုပါတယ်။Hardwareတွေဟာ ထိတွေ့ကိုင်တွယ်လို့ရ တော့ မပျောက်ပျက်အောင် စီမံထိန်းသိမ်းလေ့ရှိကြပါတယ်။ ှ Soft Skill တွေကျတော့ တန်ဖိုးရှိမှန်း မမြင်တတ်ကြပါ ဘူး။ အဲဒါရဲ့အကျိုးဆက်က နအ့ငခေူ မဖြစ်တဲ့သူတွေ နောက်ကို ကိုယ့်ရဲ့တန်ဖိုးအရှိဆုံး အရင်းအမြစ်တွေ ပါသွား တာပါပဲ။ အပြင်လူကို တားလို့မရပါဘူး။ အတွင်းမှာပဲ ကောင်းအောင်၊ သေချာအောင် ထိန်းသိမ်းထားဖို့ လိုပါ တယ်။ ကိုယ့်ဦးနှောက်က ထွက်ထားတဲ့ကောင်းတာတွေကို လည်း ဥပဒေအရ ကာကွယ်ပြီးသားဖြစ်အောင် အစီအစဉ် လုပ်ထားဖို့ လိုပါမယ်။ စီးပွားရေး စလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်လို့ အကြံပြုချင်တာ ...... ကိုယ်ကိုယ်တိုင် အရင်ဆုံးရိုးသားရပါမယ်။ ကိုယ့် ရဲ့ Business Model ကို စစဉ်းစားရင် ဘယ်ဟာကို ဘယ်လိုလုပ်မယ်၊ ဘယ်သူနဲ့ ဘာအလုပ်လုပ်မယ်ဆိုတာ တွေပါလာမှာပါ။ အဲဒီအဆင့်မှာကတည်းက ကိုယ့်အကျိုး၊ သူ့အကျိုး နှစ်ဖက်မျနေရပါမယ်။ ကိုယ်လုပ်မယ့်လုပ်ငန်း သဘာဝပေါ်မူတည်ပြီး Profit Formula ကတော့ ပြောင်း နေမှာပါ။ တချို့ကိစ္စတွေက အမြတ်တစ်ခုတည်း ကြည့်လို့ မရပါဘူး။ ကိုယ်ကျင့်တရားရဲ့ အခြေခံအကျဆုံးအချက်က သူများ (တစ်ဖက်လူ) ဘက်က ကြည့်တတ်ခံစားတတ်ဖို့ပါ။ စီးပွားရေးလုပ်သူတစ်ယောက်ဟာ လူကတော့ ကိုယ့်အဖွဲ့ အစည်းဘက်က အလုပ်လုပ်နေပေမဲ့ နှလုံးသားနဲ့မျက်စိက အခြားလူဘက်က ခံစားနားလည်တတ်ဖို့ လိုပါတယ်။ အဲဒီ အပြုအမူရဲ့နောက်မှာ အောင်မြင်မှုက ကပ်ရက်ပါလာပါ မယ်။ ကိုယ်ဘာလုပ်မယ်ထက် လူတွေကို ဘယ်လောက် ကောင်းအောင် လုပ်ပေးမယ်ဆိုတဲ့စိတ်ဓာတ်က အောင်မြင်မှု အတွက် အဓိကသော့ချက်ပါ။ ကိုယ်ကျိုးကြောင့် သူများ အကျိုးထိခိုက်မှုမရှိဘူးဆိုတဲ့ အပြုအမူသေးသေးလေးတွေက ကြီးကျယ်တဲ့အောင်မြင်မှုဆီကို တွန်းပို့သွားမှာပါ။