[caption id="attachment_7806" align="alignnone" width="264"] ဒေါ်တင်သန္တာခိုင်
General Manager/Director
Myanmar 1st Vineyard Estate Co LTd[/caption] စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ “Good Ethics is good Business” ဆိုတဲ့ စကားအတိုင်း စီးပွားရေးလုပ်ငန်းတစ်ခုအောင် မြင်ဖို့ဆိုတာ စီးပွားရေးမှာ စံထားတဲ့ Ethial Standard တွေ ကို လေးစားလိုက်နာဖို့ အင်မတန်အရေးပါပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ပြီဆိုမှတော့ လူအများနဲ့ အပြန်အလှန်ပေါင်းသင်းဆက်ဆံရခြင်းဆိုတဲ့ ှSocial Cooperation and Inter-relation တွေရှိလာပြီး တစ်ဦးကိုတစ်ဦးယုံ ကြည်မှု (Mutual-trust) ကို တည်ဆောက်ရယူ လုပ်ကိုင်ရတဲ့အတွက် Ethics မရှိမဖြစ်ပါပဲ။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics မရှိရင် ဖြစ်လာနိုင်မယ့် အကျိုးဆက် Ethics မရှိရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို မစဉ်းစားခင် “Ethics” မရှိဘူးတဲ့ Society ရဲ့အနေအထားနဲ့ အခြေအနေကို စဉ်းစားကြည့်ရအောင်ပါ။ လူသာမန်တွေမှာ Self-interest ဆိုတဲ့ ကိုယ့်ရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်လိုမှုဟာ လူ့သဘာဝပါ။ လူဆိုတာ အတ္တမ ကင်းနိုင်ကြဘူးလေ။ အဲဒီလိုအခြေအနေမျိုးကို တရားမျှတမှု (Justice) နဲ့ တရားမမျှတမှု (Injustice) ကို ခွဲခြားနားလည်စေခြင်း၊ တရားဥပဒေစိုးမိုးမှုစနစ် (Legal system) စတာတွေ နဲ့ ပြန်လည်ထိန်းညှိပေးမထားဘူဆိုရင် လူအများစုဟာ ကိုယ့်ရဲ့ ကိုယ်ကျိုး (Own-interest) ကိုယ်ပဲ ကြည့်ကြတဲ့ အနေအထားဖြစ်လာနိုင်တဲ့အတွက် စီးပွားရေး၊ လူမှုရေး ပဋိပက္ခ (Conflicts) တွေ ဖြစ်လာမှာမလွဲပါဘူး။ ဒါတွေကို ရှောင်ရှားနိုင်မယ့်အနေအထားဖြစ်အောင် Ethical Standards တွေနဲ့ ထိန်းညှိရမှာဖြစ်ပါတယ်။ ဒါကြောင့် Business မှာ တော့ လုပ်ငန်းနဲ့ပတ်သက်ပြီး လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်၊ ကတိကဝတ်တွေကို မလိုက်နာဘူး၊ Ethics မရှိခဲ့ဘူးဆိုရင် ကိုယ့်ရဲ့စီးပွားဖက်တွေ၊ ဝန်ထမ်းတွေ၊ Customer တွေနဲ့ Conflict တွေဖြစ်မယ်၊ သူတို့ရဲ့လေးစားမှု၊ ယုံကြည်မှုတွေ ဆုံးရှုံးခြင်း၊ လုပ်ငန်းရဲ့ ဂုဏ်သတင်း (Reputation) ကျဆုံးခြင်း၊ ကောင်းမွန်တဲ့လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေ (Business Potential, Prospects & Opport- unities) တွေကို လက်လွတ်ရခြင်းဆိုတဲ့ မကောင်းတဲ့ရလဒ်တွေ ဖြစ်လာနိုင်တဲ့အတွက် ရေရှည်စီးပွားရေးတိုးတက်အောင်မြင်မှု(Sustainable Business Growth and Success) မရနိုင်ပါဘူး။ Ethics ရှိ၊ မရှိဆိုတာ ကိုယ့်ရဲ့ Role Model နဲ့ဆိုင်၊ မဆိုင် Ethics ရှိ မရှိဆိုတာ ကိုယ်ကိုယ်တိုင်နဲ့ လူတစ်ယောက်ချင်းစီရဲ့တန်ဖိုးထားမှု (Value) ၊ စံသတ်မှတ်ချက် (Norm) နဲ့ ယုံကြည်မှု (Belief) တွေအပြင် ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ (Real-life Situation) မှာ ကိုယ်ကိုယ်တိုင်က Ethics ရှိပြီးနားလည်ပေမဲ့ တစ်ခါတစ်ရံ ဘဝမှာရော စီးပွားရေးမှာပါစိန်ခေါ်မှုတွေနဲ့ ဆုံးဖြတ်ရွေးချယ်ရတဲ့ အခက်အခဲတွေ ရှိလာတတ်ပါတယ်။ အဲလိုအခြေအနေမျိုးမှာ ဘာကိုဦးစားပေးရွေးချယ်မလဲဆိုတဲ့ Rational ဖြစ်ပြီး Realistic ဖြစ်နိုင်ခြေနဲ့ လက်တွေ့ (Practical) ဖြစ်နိုင်တာတွေကို Balance လုပ်ပြီးရွေးချယ်မှုပြုရတဲ့အခါ တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဆုံးဖြတ်ရွေးချယ်တဲ့ရလဒ်က ကိုယ်နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက် အင်မတန်အရေးကြီးနေပြီး ရလဒ်ကလည်း မှားပြီးရင် ပြန်ပြင်ဖို့မရနိုင်တဲ့ Irreversible Consequces ဖြစ်နိုင်တယ်ဆိုရင်တော့ Effective Decision ချနိုင်ဖို့က မလွယ်ကူတော့ပါဘူး။ ဒီနေရာမှာ ညှိနိုင်းချိန်ဆမှု (Balancing) နဲ့ Emotional Quotient (EQ) တို့ Spritual Quotient (SQ) တို့က အရေးပါလာပါပြီ။ ဒီလိုအဘက်ဘက်က သေချာစဉ်းစားပြီးဆုံးဖြတ် လိုက်ရင် အဖြေရဲ့ရလဒ်ကလည်း Ethical ဖြစ်နေတတ်တာများပါတယ်။ Ethics နဲ့ပတ်သက်လို့ လေးစားရတဲ့ပုဂ္ဂိုလ် ကမ္ဘာမှာတော့လေးစားအားကျရတဲ့ပုဂ္ဂိုလ်တွေ အများကြီးပေါ့။ Ethics နဲ့ပတ်သက်ရင်တော့ စီးပွားရေး လောကထဲကမဟုတ်ပေမယ့် ကျွန်မတို့ရဲ့အမေစု လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျပါတယ်။ အမေစုရဲ့အများအကျိုးကိုကြည့်တဲ့စိတ်ဓာတ်၊ သူ့ရဲ့ပြိုင်ဘက်တွေရဲ့ နှိပ်ကွပ်မှု၊ ကတိပျက်မှုတွေကို ခွင့်လွှတ်လျစ်လျူ ရှုပြီး သဘောထားကြီးပြနိုင်မှု၊ ပြိုင်ဘက်တွေကို ရန်အပြန်အလှန်လေးစားမှုပြနိုင်မှု၊ (Mutual Respect) ရှိမှု၊ ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘဲ ငြိုးမထားဘဲ စိတ်ရှည်သည်းခံပြီး Ethical ဖြစ်ဖြစ်နဲ့ တရားဥပဒေကိုလေးစား လိုက်နာပြမှု၊ ပြည်သူနဲ့တိုင်းပြည်အပေါ် (Loyal) ဖြစ်မှု၊ နောက်ဆုံး မိခင်ဘဝကိုစွန့်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် Rational Decision ကိုချပြီး နိုင်ငံရေးကိုရွေးချယ်ခဲ့တဲ့အများအကျိုးဆောင်လိုတဲ့စိတ်ဓာတ်ဟာ မိခင်ချင်းကိုယ်ချင်းစာနားလည်တတ်ရင် အင်မတန်ခက်ခဲတဲ့စွန့်လွှတ်မှုတွေပါ။ လူသာမန်တွေ၊ အတ္တကြီးသူတွေ မလိုက်နာနိုင်တဲ့ The Hightest Ethical Standard တွေရှိကြောင်းကို ပြသ နေတာပါ။ ဒီလိုအဆင့်မြင့်တဲ့ Decision တွေကို လုပ်နိုင် တာ နဲ့ Ethical Standards တွေ အစစမြင့်မားသူမို့လို့ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လိုက်နာထားရှိသင့်တဲ့ Ethics တွေ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ “Standards of Cooperation Conducts” ဆိုတဲ့ ပူပေါင်းဆောင်ရွက်မှုစံတွေ လိုအပ်ပါတယ်။ ၁။ရိုးသားမှု (Honesty) နဲ့ သစ္စာရှိမှု(Loyalty) ရှိပါမယ်။ ၂။ အတ္တနဲ့လောဘကို ရှေ့တန်းတင်လုပ်ဆောင်မှုတွေ ရှောင်ရပါမယ်။ ၃။ ကတိတည်ခြင်း (Keeping Promises) နဲ့ သဘောတူညီပြီးသားအချက်တွေကို တိကျစွာ လိုက်နာတတ် ခြင်းရှိရမယ်။ ၄။ သာတူညီမျှဆက်ဆံမှု (Equality) နဲ့ ဘက်လိုက်မှု ကင်းရှင်းရပါမယ်။ ၅။ ကိုယ်မလုပ်ချင်၊ မလုပ်သင့်ဘူးလို့ထင်တဲ့အရာကို သူများကို မလုပ်ခိုင်းသင့်ပါဘူး။ (Respects other’s Right) ၆။ အပြန်အလှန်လေးစားမှုရှိရပါမယ်။ (Mutual Respect) ၇။ ဆုံးဖြတ်ချက်တွေ ပြုရာမှာပုဂ္ဂိုလ်ရေးဘက်လိုက်မှု ကင်းရပါမယ်။ ၈။ ခွဲခြမ်းဝေမျှရန်မဖြစ်နိုင်တဲ့အချိန်၊ ပစ္စည်း၊ ကိစ္စတွေကို မျဝေသုံးတတ်ရပါမယ်။ (Sharing) ၉။ ပြဋ္ဌာန်းထားတဲ့တရားဥပဒေနဲ့ နည်းဥပဒေ (Rules & Regulations) တွေကိုလိုက်နာကျင့်သုံးရပါမယ်။ ၁၀။ သဘောထားကွဲလွဲမှုတွေကိုညှိနှိုင်းအဖြေရှာမရနိုင်ပါက ပဋိပက္ခဖြေရှင်းသူ (Arbitrators) တွေနဲ့ တရားရုံးတွေမှာ ဖြေရှင်းဖို့ တင်သွင်းပြီး ဆုံးဖြတ်မှု ခံယူတတ်ရပါမယ်။ မိမိရဲ့စီးပွားဖက်တွေ၊ Customer တွေနဲ့ ဝန်ထမ်းတွေရဲ့ ယုံကြည်လေးစားမှု၊ တွဲဖက်လုပ်ဆောင်လိုမှုတွေကို အထက်ပါအချက်တွေနဲ့ လိုက်နာကျင့်သုံးခြင်းဖြင့် အပြန်အလှန် ယုံကြည်မှု (Mutual Trust) တည်ဆောက်နိုင်ပါတယ်။ နိုင်ငံတကာကဝင်လာရင် Ethics ဖောက်တာတွေပိုများလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပုံ Ethics မရှိတဲ့လူတွေဆိုတာ သူတို့ရဲ့လူမှုဘဝပတ်ဝန်းကျင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ပဲဖြစ်ဖြစ်၊ မမျှော်လင့်ဘဲနဲ့ပဲဖြစ်ဖြစ် အနည်းနဲ့အများ ထိခိုက်စေတတ်ပါတယ်။ ကာကွယ်မှုအနေနဲ့ကတော့ သတိထားဆက်ဆံပြီး သူတို့ကိုပြုပြင်ထိန်းမတ်ပေးနိုင်ရင်ပေး၊ မဟုတ်ရင်တော့ ဥပဒေရဲ့အကာအကွယ်ယူထားတာ အကောင်းဆုံးလို့ထင်ပါတယ်။ ကိုယ့်ဘက်က မူပိုင်ခွင့်အတွက် မှတ်ပုံတင်တာတို့၊ Contract နဲ့ သဘောတူညီမှုတွေကို လက်ရှိဥပဒေနဲ့အညီ တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်း ရေးဆွဲသဘောတူလက်မှတ်ထိုးဖို့ လိုပါတယ်။ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေဝင်လာမှာ ဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံမှာတိကျတဲ့ လူတကာလိုက်နာဖို့ အဆင်ပြေပြီး ပွင့်လင်းမြင်သာတဲ့ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ပေါ်လစီတွေ ပိုပြီးလိုအပ်လာ နိုင်ပါတယ်။ နားလည်တာဝန်ရှိသူတွေလည်း ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။ ဒါတွေပေါ်ပေါက်လာရင်လည်း နားလည်အောင် လေ့လာထားဖို့အပြင် လိုက်နာဖို့ လည်း လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေကို Ethics နဲ့ပတ်သက်လို့ အကြံပြုချင်တာရှိရင် “Treat your business Partners, Employees and Customer’s in respectful and ethical ways if you want your Business to succeed.” သင့်ရဲ့စီးပွားရေးအောင်မြင်တိုးတက်ချင်ရင် သင့်ရဲ့စီးပွားဖက်တွေ၊ သင့်ရဲ့ဝန်ထမ်းတွေ သင့်ရဲ့ဖောက်သည်တွေကို လေးစားယုံကြည်မှု၊ ရိုးသားမှု၊ ကတိသစ္စာတည် ကြည်မှု၊ ကိုယ်ချင်းစာစွာနဲ့ ဆက်ဆံပြောဆိုနေထိုင်ကျင့်သုံးဖို့ လိုအပ်ပါတယ်။