မြန်မာရှေးဟောင်းအမွေအနှစ်တွေနဲ့လှပသာယာနေတဲ့ ပုဂံညောင်ဦးဒေသဆိုရင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေသာမက နိုင်ငံတကာအသိုင်းအဝိုင်းက သမိုင်းကိုစိတ်ဝင်စားသူတွေ၊ လေ့လာ နေကြသူတွေ၊ သုတေသနပြုလုပ်လိုသူတွေ လာရောက်ချင်တဲ့ဒေသအဖြစ် ကမ္ဘာ့အလယ်မှာ ထင်ရှားကျော်ကြားလှပါတယ်။ ဒီလိုပြည်တွင်း၊ ပြည်ပက ခရီးသွား၊ ဘုရားဖူးဧည့်သည်တွေ ပုဂံဒေသကို လာရောက် လည်ပတ်တဲ့အခါ မရှိမဖြစ်လိုအပ်တာက ခေတ္တခဏခိုနားရာ နေရာထိုင်ခင်းနဲ့ အစားအသောက်ပဲဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ နေရာ ထိုင်ခင်းနဲ့ အစားအသောက် အဆင်မပြေရင် အရာအားလုံးလည်း အဆင်မပြေနိုင်ဘူးဆိုတာကို ခရီးသွားဖူးသူတိုင်းခံစားနားလည် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ထင်ရှားကျော်ကြားလှတဲ့ ပုဂံနေပြည်တော်ကြီးကို တစ်ခါတစ်ခေါက် အလည်ရောက်တုန်း ပြည်ပဧည့်သည်တွေအတွက်သာမက ပြည်တွင်း ဧည့်သည်တွေအတွက်လည်း ဝန်ဆောင်မှုမလျော့ကျရလေအောင် ဧည့်သည်အကြိုက် ပြင်ဆင်ပေးပြီး ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ CROWN PRINCE HOTEL ရဲ့ Sales & Marketing Manager မသီရိကျော်ဇင်နဲ့ ခဏတာတွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဟိုတယ်စဖွင့်ခဲ့တဲ့အချိန် . . .
လာမယ့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်မှာ ဟိုတယ်သက်တမ်း နှစ်နှစ်ပြည့်ပါမယ်။
အခန်းအရေအတွက် .. . .
စုစုပေါင်းအခန်း အရေအတွက် ၂၁ ခန်း ရှိပါတယ်။ ကျွန်မတို့ဆီမှာ Room Type ကို နှစ်မျိုးခွဲထားပါတယ်။ Suite Room လေးခန်း၊Deluxe Room ၁၇ ခန်းဖြစ်ပါတယ်။ ဒီ ၂၀၁၄ ခုနှစ်ထဲမှာ အခန်းပေါင်း ၅၀ အထိ တိုးချဲ့ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်။
ဧည့်သည်ဝင်ရောက်မှု . .. .
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နဲ့ အရင်နှစ်ရဲ့ ဝင်လာတဲ့ ဧည့်သည်အရေအတွက် အနည်းအများကို ခရီးသွားရာသီဖြစ် တဲ့ ံHigh Season ကျမှ သိရပါတယ်။Low Season မှာ တော့ ပုံမှန်အနေအထားအရ ဧည့်သည်ဝင်ရောက်မှုနည်းပါး ပြီး အောက်တိုဘာလ၊ နိုဝင်ဘာလလောက်မှ ဧည့်သည်ဝင် ရောက်မှု များလာတတ်ပါတယ်။
အများဆုံးလာတည်းကြတဲ့ဧည့်သည်တွေက . . .
ကျွန်မတို့ဟိုတယ်ကို Travel & Tours Agent တွေဆီက တစ်ဆင့်ဝင်လာကြတဲ့ Local ဧည့်သည်တွေ များပါတယ်။ လာရောက်တည်းခိုတဲ့ Local ဧည့်သည်တွေက ဟိုတယ်ရဲ့ဝန်ဆောင်မှုကို စိတ်ကျေနပ်သွားကြတဲ့အခါမျိုးမှာ ဆက်ပြီး တည်းခိုဖို့ Extension ထပ်လုပ်ကြပြီး နောင်ပုဂံကို အလည်အပတ် ပြန်ရောက်ရင်လည်း ကျွန်မတို့ဟိုတယ်မှာပဲ ပြန်လာတည်းခိုကြတာများပါတယ်။
ဟိုတယ်အခန်းခနဲ့ပတ်သက်ပြီး ဈေးနှုန်းအပြောင်းလဲ ရှိပါသလား။
ဟိုတယ်အခန်းခအနေနဲ့ Low Season Rate နဲ့ High Season Rate ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Local နဲ့ Foreigner ဆိုရင်လည်း ဈေးနှုန်းနှစ်မျိုးနှစ် စားခွဲထားပါသေးတယ်။ Low Season ဆိုရင် Room Rate ကို Deluxe Room က ၄၅,၀၀၀ နဲ့ Suite Room က ၆၅,၀၀၀ သတ်မှတ်ထားပါတယ်။ High Season မှာဆိုရင်တော့ Room Rate ကို Deluxe Room က ငါးသောင်း၊ Suit Room က ရှစ်သောင်းဆိုပြီး ရှိပါတယ်။ အခန်းတိုင်းမှာလည်း Special Fruit Trays အနေနဲ့လည်း လုပ်ပေးထားပါတယ်။
Crown Prince Hotel ရဲ့သူများနဲ့မတူတဲ့ဝန်ဆောင်မှုတွေ . . .
ဟိုတယ်ဆိုတာက အခန်းတွေကို အဓိကထားပြီး ရောင်းရတာဖြစ်တဲ့အတွက် ကျွန်မတို့ဟိုတယ်ရဲ့ အခန်းတိုင်း ကိုလည်း အများနဲ့မတူညီဘဲ ကွဲပြားအောင် လုပ်ပေးထားပါ တယ်။ ဥပမာ- ဟိုတယ်တော်တော်များများက အိပ်ရာခင်းကို အသုံးများကြပေမဲ့ ကျွန်မတို့က အိပ်ရာခင်းအစား စောင်အထူကြီးကို အပေါ်ကအောက်ကိုကျနေတဲ့ပုံစံမျိုးလေးလုပ်ပေးထားတယ်။ အထူးဝန်ဆောင်မှုအနေနဲ့ Breakfast ကို ဧည့်သည်စိတ်ကြိုက်လုပ်ပေးထားပါတယ်။ ဧည့်သည် အကြိုက်ဆိုတဲ့နေရာမှာ Local တချို့က အကြော်ပူပူလေးကို ပဲပြုတ်ထမင်း ပူပူလေးနဲ့စားချင်တယ်ဆိုပြီး ညကတည်းက Request လုပ်ထားရင် နံနက်ရောက်တာနဲ့ သူတို့စားချင်တဲ့ ပုံစံလေး အထူးလုပ်ပေးထားပါတယ်။ ဟိုတယ်ရဲ့ဝန်ဆောင်မှုပိုင်းမှာတော့ Foreginer နဲ့ Local ခွဲခြားထားတာမျိုး မရှိဘဲ ဧည့်သည်တိုင်းကို Service အတူတူပဲ ပေးပါတယ်။ ဒါ့ပြင် တချို့ဟိုတယ်တွေမှာ ထည့်သွင်းပြုလုပ်လေ့မရှိတဲ့အခမ်းအနားကိုလည်း ထည့်သွင်းထားပါတယ်။ တခြား ဟိုတယ်တွေက ကြိမ်နဲ့လုပ်ထားတဲ့ကုလားထိုင်တွေကို အသုံး ပြုကြပေမဲ့ ကျွန်မတို့က ီDinning Room ကအစ ကျွန်းနဲ့ ပြုလုပ်ထားတဲ့ထိုင်ခုံတွေကိုပဲ အသုံးပြုထားပါတယ်။ အဲဒါ လေးတွေက ဧည့်သည်ကို ဆွဲဆောင်မှုရှိစေတဲ့အချက်လို့ လည်းယုံကြည်ပါတယ်။ ကျွန်မတို့ ဟိုတယ်ကို လာရောက် တည်းခိုတဲ့ပြည်တွင်းပြည်ပ ဧည့်သည်တွေကိုလည်း စိတ် ကျေနပ်စရာဝန်ဆောင်မှုအမျိုးမျိုးကို ဧည့်သည်တွေရဲ့လိုအပ် ချက်ပေါ်မူတည်ပြီး ဝန်ဆောင်မှုပေးပါတယ်။
လက်ရှိ စုစုပေါင်းဝန်ထမ်းအရေအတွက်နဲ့ ဝန်ထမ်းအရည်အသွေးကို တိုးတက်အောင် ဘယ်လိုလုပ်ဆောင်ပါသလဲ။
အခုလောလောဆယ် ဟိုတယ်ဝန်ထမ်းဦးရေ ၃၀ ခန့်ရှိပြီး GM က ဝန်ထမ်းတွေကို တစ်လတစ်ခါ လုပ်ရည် ကိုင်ရည်တိုးတက်မှုရှိလာအောင်Training ပေးတာမျိုး လုပ် ပေးပါတယ်။ ဝန်ထမ်းအသစ်တွေဆိုရင် လုပ်ငန်းအတွေ့အကြုံ မရှိတာတွေများတဲ့အတွက် တော်တော်လေးွှTrain လုပ်ပေးရ သလို ှSenior တွေကလည်း လက်တွဲခေါ်ကြပါတယ်။ အဲဒီ လို နေ့ရောညပါ Train လုပ်ပေးတဲ့အတွက် တစ်လကျော် ကြာတာနဲ့ ကောင်းကောင်းမွန်မွန် လုပ်တတ်သွားပါတယ်။
ဒေသခံလူငယ်တွေကို အလုပ်ပေးတဲ့အတွက် ရလာတဲ့ အားသာချက် . . .
ပုဂံညောင်ဦးက ဒေသခံတွေကို အလုပ်ခန့်ရတာရဲ့ အားသာချက်က သူတို့တွေအနေနဲ့ အထွေအထူးသင်ပေးစရာ မလိုဘဲ ပုဂံနယ်မြေရဲ့အကြောင်း၊ ဘုရားသမိုင်းကြောင်းကအစ အကုန်လုံးရှင်းပြပေးနိုင်ပါတယ်။ အဲဒီတော့သူတို့ကို ံHotel System Work လောက်ပဲ သင်ပေးရပါတယ်။
နိုင်ငံခြားသားဧည့်သည်တွေရဲ့လုံခြုံရေးအတွက် ဘာတွေ စီစဉ်ပေး ရပါသလဲ။
နိုင်ငံခြားသားဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် သူတို့အပြင်သွားတော့မယ်ဆိုရင် ဟိုတယ်က စထွက်တဲ့ အချိန်ကို မှတ်ထားတာမျိုး၊ ဘယ်နေရာ၊ ဘယ်ကိုသွားမယ် ဆိုတာကို သေချာအောင်မေးထားတာမျိုး၊ အပြင်ထွက်ပြီး ညစာသွားစားတာလား၊ Only Sightseeing ပဲလားဆိုတာ မျိုးကို သူတို့ရဲ့လုံခြုံရေးအတွက် မေးရတာပါဆိုပြီး နားလည် အောင်ရှင်းပြပြီး မေးထားရပါတယ်။ ပြီးတော့ သူတို့ကို ဟိုတယ်ကတ် အမြဲထုတ်ထားပေးပြီး ပြဿနာတစ်စုံတစ်ခု ပေါ် လာခဲ့မယ်ဆိုရင် ချက်ချင်းအကြောင်းကြားပေးဖို့၊ ရောက်တဲ့ နေရာကို ချက်ချင်းလာခေါ် ပေးမယ်ဆိုပြီး မှာထားရပါတယ်။ Guideတွေနဲ့ လည်တဲ့အခါမျိုးဆိုရင် စိတ်ချရပေမယ့် တစ် ယောက်တည်းဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် စက်ဘီးနဲ့ လည် တဲ့အခါမျိုးဆိုရင် ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။
နိုင်ငံခြားသားဧည့်သည်တွေနဲ့ ဆက်ဆံရတဲ့အခါမှာ တွေ့ရတတ်တဲ့ အခက်အခဲတွေ . . .
Sensitive ဖြစ်တတ်တဲ့နိုင်ငံခြားသားတွေကို ပိုပြီး ဂရုစိုက်ပေးရပါတယ်။ သူတို့က ဒါဆိုဒါမှဆိုတော့ ဟိုတယ် ဘက်က တိတိကျကျ လုပ်ပေးရတာမျိုး ရှိပါတယ်။ တခြား ဧည့်သည်တွေကတော့Flexible ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ ခြားသားဧည့်သည်အများစုက နားလည်မှု ၁၀၀ ရာခိုင်နှုန်း လောက်ပေးထားတာမျိုးလည်းရှိတော့ ကိုယ့်ဘက်ကလည်း ဂရိုစိုက်မှုများများ ထပ်လုပ်ပေးလိုက်မယ်ဆိုရင် အဆင်ပြေ နေပါတယ်။
နူးနူးမိုင်