နိုင်ငံတကာတွင် ဆယ်စုနှစ်များစွာအသုံးပြုနှင့်ပြီးဖြစ်သည့် အကြွေးဝယ်ကတ်များနှင့် မြန်မာနိုင်ငံသူနိုင်ငံသားတို့ ဆယ်စုနှစ်တစ်ခုကျော်ခန့် အဆက်ပြတ်ခဲ့ရသည်။ တိတိကျကျဆိုရလျှင် ၂၀၀၃ ခုနှစ် ပြည်တွင်းဘဏ်တို့ Crisis ကာလအပြီးမှစလို့ ၂၀၁၅ ခုနှစ်နှစ်ကုန်ပိုင်းအထိဖြစ်သည်။
လက်ရှိအချိန်အားဖြင့် ပြည်တွင်းတွင် Credit Card ထုတ်ပေးနေသော ဘဏ်ငါးခု ဖြစ်သည့် AYA ၊ CB ၊ KBZ ၊ MOB နှင့် UAB စသဖြင့်တို့ဖြစ်လာသည်။ ထိုကတ်များသည် ပြည်တွင်းနေရာပေါင်း နှစ်သောင်းဝန်းကျင်နှင့် နိုင်ငံတကာတွင် Visa ၊ Master ၊ UnionPay ၊ JCB တို့လက်ခံသည့်နေရာများသို့ ယူဆောင်အသုံးပြုနိုင်နေပြီ။
ပြည်တွင်းရှိ အချို့သော လခစားဝန်ထမ်းများနှင့် လူအများစုအတွက် အကြွေးဝယ်ကတ်ယဉ်ကျေးမှုမှာ စိမ်းနေသေးသည်။ ထိုသူများအနေနှင့် ဘဏ်များ၏ ဝန်ဆောင်မှု၊ အတိုး၊ အကြွေးဝယ်ကတ်၏ အသုံးဝင်မှုအတိုင်းအတာစသည်တို့ကို ချင့်ချိန်နေဆဲကာလဖြစ်သည်။
ထို့ပြင် နိုင်ငံတကာဘဏ်များမှ အကြေးဝယ်ကတ်များကို နှစ်ပေါင်းများစွာကတည်းက ကိုင်တွယ်သုံးစွဲလာသော လူတန်းစားတစ်ရပ်လည်း သီးသန့်ရှိသည်။ ထိုလူများအနေဖြင့် ပြည်တွင်းကတ်၏ အသုံးဝင်ပုံနှင့် နိုင်ငံတကာမှ ကတ်များ၏အသုံးဝင်ပုံ၊ အကျိုး/အပြစ်များကို နှိုင်းယှဉ်တိုင်းတာကြမည်ဖြစ်သည်။
အကြွေးဝယ်ကတ်ယဉ်ကျေးမှု လူလတ်တန်းစားအကြား ထွန်းကားလာသည်နှင့်အမျှ ပြည်တွင်းဈေးကွက်အတွင်း ငွေလည်ပတ်စီးဆင်းမှု အားကောင်းလာနိုင်သည်မှာမှန်သော်လည်း နိုင်ငံတကာနည်းတူ Credit Beauro လိုအဖွဲ့အစည်းမျိုးမရှိသေးသည့် မြန်မာနိုင်ငံအတွက် Credit Fraud အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်မှုများ အရေးတကြီးလိုအပ်နေသည်။
အလားတူအများပြည်သူအား အကြွေးဝယ်ကတ်နှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များ၊ အသုံးဝင်ပုံများအပါအဝင် သုံးစွဲနိုင်သောနေရာများအပေါ် Awareness ပေးနိုင်ရန်မှာလည်း တစ်ပြိုင်နက်တည်း လုပ်သင့်သည့်အရာတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ လူလတ်တန်းစားအများစု၊ လခစားဝန်ထမ်းအများစု အကြွေးဝယ်ကတ်ယဉ်ကျေးမှုနှင့် အကျွမ်းဝင်လာပြီး ဘဏ်၊ စီးပွားရေးလုပ်ငန်းအမျိုးမျိုးနှင့် အသုံးပြုသူများ သုံးဦး သုံးဖလှယ် အကျိုးရှိသည့်အခြေအနေရောက်ရန်ကိုဖြင့် ကာလတစ်ခု စောင့်ကြည့်ရပေလိမ့်မည်။
အယ်ဒီတာ့အမှာ