Corporate Governance ၏  အရေးပါမှု

UK-Six-Top-Tips-for-an-Effective-Corporate-Governance-Framework-1024x585-1024x585      ၂၀၁၈ နှစ်ကုန်ပိုင်း နိုဝင်ဘာလလယ်တွင် စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုဆိုင်ရာ ထိတ်လန့်တုန်လှုပ်စရာသတင်းတစ်ခုအနေဖြင့် Renault ၊ Nissan ­နှင့် Mitsubishi ကားကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Carlos Ghosn အား ကုမ္ပဏီငွေအလွဲသုံးစားမှုနှင့်ဘဏ္ဍာငွေလျော့ပြမှုအပါဝင် Corporate Governance နှင့် သုံးမှုအားနည်းခြင်းတို့ဖြင့် ဂျပန်နိုင်ငံတွင်ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပါသည်။

          Carlos Ghosn သည် ၁၉၉၈-၂၀ဝ၀ တွင် Renault ကားကုမ္ပဏီကိုတာဝန်ယူခဲ့စဉ်က အသုံးစရိတ်လျော့ချခြင်းအပါအဝင်ဖွဲ့စည်းပုံပြောင်းလဲမှု နည်းမျိုးစုံလုပ်ဆောင်ခဲ့­­­သဖြင့် Renault မှာ ဒေဝါလီခံခြင်းမှ လွတ်ကင်းခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် Nissan အားလည်း ဒေဝါလီခံခြင်းမှ လွတ်ကင်းအောင်လုပ်ဆောင်နိုင်ခဲ့သဖြင့် Mr Fix It ဟုအမည်တွင်ခဲ့လေသည်။ ၁၉၉၉ ခုနှစ်၊ မတ်လတွင် Renault မှ Nissan ၏ ရှယ်ယာ ၃၆.၈ ရာခိုင်နှုန်းဝယ်ယူပြီး Renault-Nissan မဟာမိတ်တည်ဆောက်ခဲ့ပြီးနောက် Carlos Ghosn သည် Chief Operating Officer အဖြစ် တာဝန်ယူခဲ့ပါသည်။ သူ၏စွမ်းဆောင်ရည်မြင့်မားမှုကြောင့် ပြိုင်ဘက်ကုမ္ပဏီကြီးများဖြစ်သည့် GM  နှင့် Ford တို့၏ ကမ်းလှမ်းခြင်းကိုခံရပါသည်။ အောက်တိုဘာလ ၂၀၁၆ ခုနှစ်တွင် Nissan မှ Mistubishi ၏ရှယ်ယာ ၃၄ ရာခိုင်နှုန်းဝယ်ယူပြီးနောက် ကမ္ဘာ့နံပါတ်လေးအကြီးဆုံးကားကုမ္ပဏီ Renault-Nissan-Mitsubishi  မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌရာထူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။   Carlos Ghosn ဂျပန်နိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ် ဂျပန်တို့၏အစဉ်အလာဖြစ်သည့် အသက်အရွယ်နှင့် ကုမ္ပဏီ တွင် တာဝန်ထမ်းဆောင်သည့် လုပ်သက်ပေါ်မူတည်၍ ရာထူး၊ လစာတိုးမြင့်ခြင်းကို ဖယ်ရှားခဲ့ပါသည်။ Carlos Ghosn အဖမ်းခံရသည်နှင့် ဖော်ပြပါကားကုမ္ပဏီသုံးခုမဟာမိတ်အဖွဲ့၏ ရှယ်ယာဈေးနှုန်း ၇ ရာခိုင် နှုန်းကျဆင်းခဲ့ပြီး တစ်နည်းအားဖြင့် ဒေါ်လာ ၅ ဘီလီယံခန့် ဆုံးရှုံးခဲ့ပါသည်။

          Carlos Ghosn ၏ ကျဆုံးရခြင်းအကြောင်းရင်းများအနက် ပထမအချက်မှာ ကုမ္ပဏီ၏မဲပေးနိုင်မှုအခွင့်အရေး (Voting Rights) ကို ချုပ်ကိုင်ထားခြင်းဖြစ်ပါသည်။ လောလောဆယ် Facebook တွင် Mark Zuckerberg အနေဖြင့် Voting Rights ထိန်းချုပ်လိုသဖြင့်၊ လူအများလက်ခံနိုင်သော ဒါရိုက်တာအများအပြားခန့်အပ်ခြင်းကိုကန့်ကွက်သဖြင့် ဇူလိုင်လမှစ၍ ရှယ်ယာဈေးနှုန်း ၃၇ ရာခိုင်နှုန်းထိထိုးကျခဲ့ပါသည်။

          ဒုတိယအချက်မှာ Renault-Nissan-Mitsubishi  မဟာမိတ်အဖွဲ့မှာ ကြီးမားရှုပ်ထွေးလှသဖြင့် Carlos  တစ်ဦးတည်းသာအစစအရာရာကို သိရှိရခြင်းပင်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏  Telecom အကြီးဆုံးအဖွဲ့အ စည်း Softbank သည်လည်း ဖွဲ့စည်းပုံနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များမှာရှုပ်ထွေးနိုင်သဖြင့် ဦးဆောင်သူ  Masayoshi Son မရှိလျှင် ဒုက္ခများစွာရောက်နိုင်ပါသည်။

          Carlos Ghosn ၊ Masayoshi Son ၊ Elon Marlk ကဲ့သို့ တစ်ဦးကောင်းတစ်ယောက်ကောင်းဦးဆောင်နေသည့် အဖွဲ့အစည်းများအတွက်ဆင်ခြင်ရန်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံတွင် Corporate Governance အသင်းအဖွဲ့နှင့်ဆိုင်သော အုပ်ချုပ်မှု၏အရေးပါမှုသည် တဖြည်းဖြည်းသက်ဝင်လာသည်ကို သတိပြုနိုင်ပါသည်။

          ထို့ကြောင့် မြန်မာကုမ္ပဏီများအနေဖြင့် ရှယ်ယာဝင်များနှင့် Myanmar Institute of Director (MIoD) ကဲ့သို့ အဖွဲ့အစည်းများနှင့်ဆက်သွယ်၍လေ့လာပြင်ဆင်သင့်ပါ ကြောင်း ... 

မောင်သာ