ပို၍အဆင့်မြင့်သော အပြုအမူကို လိုလားတောင်းဆိုမှု Governance ဆိုသောဝေါဟာရကို Good Governance ဟုတွဲ၍ ကောင်းမွန်သောအုပ်ချုပ်မှုတိုင်းပြည်အတွက် အရေး ကြီးကြောင်းသတ်မှတ်ဖော်ထုတ်သည့် ယခုအချိန်အခါတွင် Corporate Governance ကိုလည်း သိထားရန် လိုအပ်ပါ သည်။ Corporate သို့မဟုတ် Corporation မှာ မြန်မာ ပြည်တွင်အသုံးနည်းသောဝေါဟာရဖြစ်သည်။ အမေရိကန် အသုံးအနှုန်းတွင် Public Co.Limited အများပိုင်ကုမ္ပဏီ များကို Corporation ဟုသာ ခေါ်သည်။ ဥပဒေကြောင်း အရ Corportize လုပ်ထား၍ Corporate Body သို့မဟုတ် သီးခြား Entity အဖြစ် ရပ်တည်နိုင်သည်။ အများပိုင်ကုမ္ပဏီ မှာ လူအများရှယ်ယာဝယ်ယူထားသောငွေများဖြင့် စီးပွား ရေးလုပ်ခြင်းဖြစ်ရာ ကော်ပိုရေးရှင်း၏ Chairman နှင့် ဒါရိုက်တာဘုတ်အဖွဲ့က ရှယ်ယာရှင်များကိုယ်စားပြုစီးပွားရေးလုပ်ငန်းကို အောင်မြင်အောင်တာဝန်ယူထားရသည်။ ရှယ်ယာအများဆုံးပိုင်ဆိုင်သူက လက်ဝါးကြီးအုပ်ချုပ်ကိုင် သည့်ပုံစံမျိုးမဖြစ်ရန် အရေးကြီးသည်။ ရှယ်ယာရှင်များ သည် ကုမ္ပဏီအတွင်း လုပ်ဆောင်မှုများကို ပွင့်လင်းစွာ သိလိုကြသည်။ ယင်းတို့၏ငွေများကို မည်သို့စီမံခန့်ခွဲနေသည် ကို မှန်မှန်ကန်ကန် ရှိ မရှိ သိလိုကြသည်။ ဒါရိုက်တာဘုတ် အဖွဲ့ဝင်များ အကြီးအကျယ်ကိုယ်ကျိုးရှာမှု၊ အသုံးအစွဲကြမ်း မှုနှင့် ပတ်သက်၍ နာမည်ဆိုး Enron ကုမ္ပဏီကြီး ကမ္ဘာ အနှံ့ကျော်ကြားခဲ့ဖူးသည်။ အလားတူ ကော်ပိုရေးရှင်းကြီး များ၌ လွဲမှားသောအုပ်ချုပ်မှုများ၊ ကုမ္ပဏီရှယ်ယာရှင်များ၏အကျိုးကို စောင့်ရှောက်ခြင်းမရှိသော မယုံကြည်နိုင်စရာ အုပ်ချုပ်မှုများတွေ့လာရ၍ Corporate Governance ကို တောင်းဆိုမှုများ၊ ထိန်းချုပ်မှုများ ရှိလာရသည်။ ကောင်းမွန်သောဒါရိုက်တာဘုတ်အဖွဲ့ ဘုတ်အဖွဲ့၏ Chairman သည် လွတ်လပ်သူဖြစ်ပြီး ကုမ္ပဏီ ၏ CEO ဟောင်း စသည့် ပတ်သက်မှုရှိသူ မဖြစ်စေသင့်။ ဘုတ်အဖွဲ့ဝင်ထဲတွင် Non-executives အဖွဲ့ဝင်များနှင့် Executives အဖွဲ့ဝင်များ ညီမျသင့်သည်။ Non-executives အဖွဲ့ဝင်များက မေးသင့်သည့်မေးခွန်းများ မေးနိုင်ပြီး လုပ်ငန်း Executives များက ဖြေကြားနိုင်သည်။ ဘုတ်အဖွဲ့တွင် Audit Committee ၊ Remuneration Committee များ ပါဝင်ရမည်ဟု စည်းမျဉ်းသတ်မှတ်ချက်များ အချို့နိုင်ငံတွင် ရှိလာသည်။ ရှယ်ယာအနည်းငယ်သာပိုင်သူMinority Shareholders ၏အကျိုးကို စောင့်ကြည့်နိုင်သူလည်း ပါဝင် သင့်သည်။ မြန်မာ့ပုဂ္ဂလိကစီးပွားရေးနယ်ပယ်တွင်လည်း အ များပိုင်ကုမ္ပဏီများအဖြစ် ဖွဲ့စည်းပြီး ရှယ်ယာရောင်းချမှု များ စတင်နေကြောင်း တွေ့ရသည်။ Stock Market ၊ Stock Exchange Commission စသည့် အဖွဲ့အစည်းလုပ် ငန်းများနှင့် အတွေ့အကြုံမရှိသကဲ့သို့ သဘောတရားနား လည်မှုပါ မရှိကြသေးသောအခြေအနေဟု ဆိုနိုင်ပါသည်။ ထိုအချက်များကြောင့်Corporate Governance ကို များစွာ လေ့လာရန် လိုပါသည်။ Corporation ဆိုသည်မှာ ရှယ် ယာဝယ်သူများ၏ငွေကို တာဝန်ယူ၍ အကျိုးအမြတ်များဖြစ် စေရန်နှင့် Dividend ထုတ်ပေးနိုင်စေရန်၊ ရှယ်ယာတန်ဖိုးများ ပုံမှန်တက်နေရန် လုပ်ပေးနိုင်မည့် Corporate Governance ရှိရပါမည်။