
ယှဉ်ပြိုင်အောင်နိုင်မှု၏ အရင်းအမြစ်
စီးပွားရေးအဖွဲ့အစည်းတစ်ခု၏ ပြိုင်ဆိုင်အောင်နိုင်မှု အင်အားအမှန်သည် ယင်းအဖွဲ့အစည်းအတွင်းမှာပင်ရှိသည်ဟု ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်က အလေးအနက်အဆိုပြုသူ နှစ်ဦးမှာ Gary Hamel နှင့် C K Prahalad တို့ဖြစ်သည်။ ကော်ပိုရေးရှင်း CEO များသည် မိမိအဖွဲ့အစည်းအတွင်း၌ ရှိနေသော ခိုင်မာသည့်စွမ်းအား၏ အဓိကကျမှုကို မြင်တတ်ဖို့လိုသည်ဟု ဆိုသည်။ Core Competence ဆိုသည်မှာ အများတကာထက်သာသော မိမိ၏အတွင်းအားပင်ဖြစ်၍ ပြိုင်ဆိုင်ရာတွင် ယင်းကို အကျိုးအမြတ်အရှိဆုံးဖြစ်ရန် အသုံးပြုရမည်ဟု တိုက်တွန်းသည်။ အထူးအားဖြင့် Corporation ကြီးများက ကုန်ကျစရိတ်နည်းနိုင်သော ဒေသများတွင် စီးပွားရေးလုပ်ငန်းခွဲများဖွင့်ပြီး ယှဉ်ပြိုင်လာသည့်နည်း လမ်း ကို ဝေဖန်သည်။ လုပ်ငန်းယူနစ်ခွဲများဖြင့် လုပ်ခြင်းအားဖြင့် မိမိရရှိ ထားသော Core Competence ထပ်တူမရနိုင်တော့ဘဲ အားလျော့ဆုံးရှုံးနိုင်သည်ဟု ဆိုသည်။ Core Competence ဟု သတ်မှတ်နိုင်ရန် လိုအပ် ချက်များအဖြစ် အောက်ပါတို့ကို ဖော်ပြသည်။ - ဈေးကွက်ကို ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်သော အလား အလာရှိမှု၊ - စားသုံးသူများက ယင်းကုန်ပစ္စည်းသည် မိမိတို့အကျိုး ကိုဆောင်သည်ဟု လက်ခံယုံကြည်မှု၊ - အခြားသူများအလွယ်တကူ တုပထုတ်လုပ်ရန် ခက်ခဲမှု၊ မလွယ်ကူမှု၊