Complete Plastics Exhibition Myanmar 2018

plastics1

လေးကြိမ်မြောက် Complete Plastics Exhibition Myanmar ကို Smart Expos နဲ့ မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များအသင်းတို့ကကြီးမှူးပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်ကနေ ၁၇ ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ပြခန်းမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပြပွဲမှာ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ သီရိလင်္ကာ၊ ယူအေအီး၊ အင်ဒီးယားနား၊ အမေရိကန် စတဲ့နိုင်ငံများမှ ဝင်ရောက်ပြသသူစုစုပေါင်း တစ်ရာကျော်ရှိပါတယ်။ ပွဲကျင်းပတဲ့သုံးရက်တာကာလအတွင်း နိုင်ငံအသီးသီးမှ ပလတ်စတစ် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ပလတ်စတစ်ပစ္စည်းဆိုင်ရာ ဆက်စပ်ပစ္စည်းထုတ်လုပ်ရောင်းချသူများ၊ ပလတ်စတစ်ပစ္စည်းများထုတ်လုပ်သည့် စက်ကိရိယာများ၊ နည်းပညာများ၊ သင်တန်းကျောင်းများ စသဖြင့် ကဏ္ဍအစုံမှ ဝင်ရောက်ပြသရောင်းချခဲ့ပါတယ်။ ပွဲမှာ ဝင်ရောက်ပြသခဲ့သူ တချို့ရဲ့ပါဝင်ပြသဖြစ်ခဲ့ပုံနဲ့ သူတို့ရဲ့လုပ်ငန်းများအကြောင်းကို မေးမြန်းဖော်ပြလိုက်ရပါတယ်။

[caption id="attachment_32927" align="alignnone" width="370"]plastics2ဦးထွန်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်း
Managing Director
555 Tun Plastics Industries
http://www.mpiamyanmar.com
[email protected][/caption]

ပွဲကျင်းပဖြစ်ပုံ

----------------

လွန်ခဲ့တဲ့လေးနှစ်က အိန္ဒိယကပွဲစီစဉ်သူတွေက ကျွန်တော်တို့ မြန်မာနိုင်ငံပလတ်စတစ် လုပ်ငန်းရှင်များအသင်းဆီလာပြီး မြန်မာနိုင်ငံမှာ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်တဲ့စက်တွေ လာပြီးပြသချင်တယ်၊ ပလတ်စတစ်ကုန်စည်ပြပွဲလုပ်ချင်တယ်ဆိုပြီး ညှိနှိုင်းတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါဆိုလို့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာ ပလတ်စတစ်ကုန်စည်ပြပွဲကို နှစ်စဉ်ကျင်းပခဲ့တာ အခုဆိုရင် လေးကြိမ်မြောက် ရှိနေပါပြီ။

ပြပွဲမှာ နိုင်ငံပေါင်း ဆယ်နိုင်ငံက ပလတ်စတစ်ကုန်ပစ္စည်းတွေ၊ စက်ကိရိယာကြီးတွေကို ဝင်ရောက်ပြသခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာရှိနေတဲ့ လုပ်ငန်းရှင်တွေအတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် အိန္ဒိယစက်တွေဆိုရင် ဒီမှာရှိတဲ့ တချို့စက်ရုံတွေက ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ဈေးလည်းသက်သာတယ်၊ ပစ္စည်းထုတ်လုပ်မှု Quality လည်း မဆိုးဘူး။ အခုဆိုရင် မြန်မာနိုင်ငံကနေ အဲဒီစက်တွေ ဝယ်တာ ဆယ်လုံးကျော်ရှိပါပြီ။

စက်ရုံနဲ့ Product တွေအကြောင်း

-----------------------------------

ကျွန်တော်တို့လုပ်ငန်းက Wood-Plastic Composites (WPC) ဖြစ်ပါတယ်။ Wood Plastics ဆိုတာက လွှစာမှုန့်နဲ့ ပလတ်စတစ် PE ပေါင်းစပ်ပြီးထုတ်လုပ်တာပါ။ သစ်အစားထိုးပစ္စည်းလို့ ခေါ်ပါတယ်။ ကျွန်တော်တို့က ဂျာမနီနည်းပညာနဲ့ထုတ်လုပ်ထားတာပါ။ ဒီနည်းပညာက ဘာကောင်းလဲဆိုရင် ခြမကိုက်ဘူး၊ ရေစိမ်ခံတယ်။ ရေထဲမှာ နှစ်ပေါင်း ၃၀ လောက်ထည့်ထားလည်း ဘာမှမဖြစ်ဘူး၊ မဆွေးဘူး၊ မပွဘူး၊ မိုးဒဏ် လေဒဏ်လည်း ခံနိုင်တယ်။ သူ့ရဲ့အရွယ်အစားကျတော့ လိုချင်တဲ့ပစ္စည်းကို လိုချင်တဲ့ပုံစံခွက်နဲ့ ထုတ်လုပ်လို့ရတယ်။ သစ်ကျတော့ မရဘူး။ သစ်ကျတော့ရှိတဲ့ အနေအထားပဲ ဝယ်ပြီးသုံးလို့ရတယ်။ Wood Plastics ကို အိမ်ထောင်ပရိဘောဂတွေအနေနဲ့ရော၊ Outdoor ပန်းခြံတွေမှာ၊ ရေကူးကန်ဘေးတွေမှာလည်း သုံးလို့ရတယ်။ နိုင်ငံခြားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော်လောက်က သုံးနေပြီ။ ကျွန်တော်တို့မြန်မာနိုင်ငံက အခုမှစပြီးသုံးတာ။ လူတွေက သိပ်မသိသေးဘူး။

လူတွေများများသိအောင် ကြော်ငြာအားလည်း လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ Customer တွေ လိုချင်တဲ့ပုံစံ ဒီဇိုင်းအတိုင်းလိုက်ပြီးလည်း ဆင်ပေးပါတယ်။ ကျွန်တော်တို့စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ရှိပါတယ်။

Wood-Plastic Composites ရဲ့အကျိုးကျေးဇူးတွေ

--------------------------------

Wood-Plastic Composites က သစ်တောပြုန်းတီးမှုကို ကာကွယ်ပေးနိုင်တယ်။ သစ်က တဖြည်းဖြည်းရှားလာနေပါတယ်။ သစ်ပင်တွေကို ခုတ်လှဲတဲ့အတွက် ရာသီဥတုတွေလည်း ပြောင်းလဲလာတယ်။ WPC က သစ်အစားထိုးပစ္စည်းဖြစ်တဲ့အတွက် ဒီအတွက်ကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ သူ့ကို အဆောက်အဦအတွင်း Decoration ပိုင်းအနေနဲ့ မျက်နှာကြက်ပဲဖြစ်ဖြစ်၊ ဘေးအကာပဲဖြစ်ဖြစ်၊ အမိုးပဲဖြစ်ဖြစ် သုံးလို့ရတယ်။


[caption id="attachment_32928" align="alignnone" width="370"]plastics3ဒေါ်မြတ်စံဝင်း
Managing Director
UMH Co Ltd
[email protected][/caption]

ကုမ္ပဏီအကြောင်း

--------------------

ကျွန်မတို့ UMH Co Ltd ကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ စထောင်ခဲ့တုန်းကတော့ ကျွန်မတို့က Trading Business ဖြစ်ပါတယ်။ ကျွန်မတို့ အခုလက်ရှိလုပ်နေတဲ့ UPVC Window Profile လုပ်ငန်းက ၂၀၁၅ တုန်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျွန်မတို့က UPVC Window Profile တွေ ထုတ်လုပ်နေပါတယ်။ ကုန်ကြမ်းတွေကတော့ အမေရိကား၊ ထိုင်း၊ ထိုင်ဝမ်တို့ကနေ သွင်းတာဖြစ်ပါတယ်။ UMH အောက်မှာ နောက်ထပ် Production အနေနဲ့ Airbag Production တစ်ခုရှိပါတယ်။ ရွှေပြည်သာမှာ စက်ရုံရှိပြီးတော့ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ၊ အင်ဒိုးနီးရှားနိုင်ငံတွေကို Airbag တွေတင်ပို့ပါတယ်။ အဓိကကတော့ Toyota Motor နဲ့ Affiliate လုပ်နေပါတယ်။

ပွဲမှာ ပါဝင်ပြသဖြစ်ခဲ့ပုံ

------------------------

ကျွန်မအမျိုးသားက မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များ အသင်းမှာ EC အနေနဲ့ပါပါတယ်။ အဲဒီတော့ ဒီပွဲမှာ ကိုယ့်ပစ္စည်းလေးတွေကို လည်း Promote လုပ်ချင်တယ်။ စက်ကြီးတွေကိုလည်း ပြသချင်တဲ့အတွက် ပါဝင်ပြသဖြစ်ခဲ့တာပါ။ ကျွန်မတို့ရဲ့စက်တွေက တံခါးပေါင် ပြန်ခွေတဲ့စက်တွေဆိုတော့ ဒီပေါင်ခွေပုံခွေနည်းကို ပညာသင်ချင်တဲ့သူတွေကိုလည်း အခမဲ့သင်ပေးမယ့်အကြောင်းကိုလည်း သိစေချင်ပါတယ်။ သင်တန်းက ကျွန်မတို့ဆီက ပစ္စည်းဝယ်မှ တက်ရတာမဟုတ်ဘူး။ စိတ်ဝင်စားတဲ့ ဘယ်သူမဆို ကျွန်မတို့စက်ရုံမှာ အခမဲ့လာရောက်သင်ယူနိုင်ပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ဒီပွဲလေးမှာပါဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။


[caption id="attachment_32929" align="alignnone" width="370"]plastics4Mr W.A. Cyril
Hony Treasurer
The Plastics & Rubber Institute of Sri Lanka
www.prisrilanka.com
[email protected][/caption]

ပွဲမှာဝင်ရောက်ပြသဖြစ်ခဲ့ပုံ

----------------------------

ကျွန်တော်တို့က သီရိလင်္ကာနိုင်ငံကနေ လာရောက်ပြသ တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ The Plastics & Rubber Institute မှာ သင်ကြားပို့ချပေးနေတဲ့ ပလတ်စတစ်နဲ့ ရော်ဘာလုပ်ငန်းဆိုင်ရာ သင်တန်းတွေအကြောင်း ဝေမျှပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်ပြသတာ ဖြစ်ပါတယ်။

ကျောင်းအကြောင်း ပြောပြပေးပါ

---------------------

ကျွန်တော်တို့ကျောင်းမှာ ပလတ်စတစ်လုပ်ငန်းဆိုင်ရာ၊ ရော်ဘာလုပ်ငန်းဆိုင်ရာနဲ့ ပေါ်လီမာလုပ်ငန်းဆိုင်ရာ နည်းပညာတွေနဲ့ပတ်သက်လို့ သင်ကြားပြသပေးနေတဲ့ Graduateship ၊ Certificate Course နဲ့ Diploma Course တွေရှိပါတယ်။ ပလတ်စတစ်နဲ့ ရော်ဘာလုပ်ငန်းနယ်ပယ်ထဲကသူတွေအတွက် စက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ နည်းပညာပိုင်းဆိုင်ရာ သိသင့်သိထိုက်တာတွေ၊ အုပ်ချုပ်မှုနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက တအားကို လျင်လျင်မြန်မြန် တိုးတက်လာနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ မြန်မာနိုင်ငံရဲ့ ပလတ်စတစ်နဲ့ ရော်ဘာလုပ်ငန်းနယ်ပယ်ကို အထောက်အပံ့ပေးဖို့ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်တဲ့သူတွေလည်း လိုအပ်နေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Center ဖွင့်လှစ်ဖို့၊ နည်းပညာပိုင်းဆိုင်ရာ ဝေမျှပေးဖို့၊ Joint Venture လုပ်ဖို့စသဖြင့် စဉ်းစားနေပါတယ်။ မြန်မာနိုင်ငံက လူအချို့ကို သီရိလင်္ကာနိုင်ငံကိုလွှတ်ပြီး ပညာသင်ယူစေဖို့လည်း မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်းနဲ့ ဆွေးနွေးတိုင်ပင်ထားပါတယ်။ သူတို့တွေအနေနဲ့ ကျွန်တော်တို့ဆီမှာ ပညာသင်ယူပြီးလို့ မြန်မာနိုင်ငံ ပြန်လာတဲ့အခါ နည်းပညာတချို့ကိုပါ ယူလာမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံပလတ်စတစ်နဲ့ ရော်ဘာလုပ်ငန်းနယ်ပယ်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။


[caption id="attachment_32930" align="alignnone" width="370"]plastics5Mr P.A.Nandasena
Chief Operating Officer
Textrip Pvt Ltd
www.elastogroup.com
[email protected][/caption]

ပြသထားတဲ့ ပစ္စည်းတွေအကြောင်း

-------------

ကျွန်တော်တို့ Textrip (Pvt) Ltd က သီရိလင်္ကာနိုင်ငံအခြေစိုက် Elasto Group အုပ်စုဝင် ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့၊ ခန္ဓာကိုယ်အချိုးကျလှပစေဖို့ လေ့ကျင့်ခန်းလုပ်ရာမှာ အသုံးပြုတဲ့ ရာဘာလေ့ကျင့်ခန်းသုံးပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချနေတာ နှစ်ပေါင်း ၇၀ ဝန်းကျင်ရှိနေပြီဖြစ်ပြီး ဥရောပနဲ့ အမေရိကားကို တင်ပို့ရောင်းချနေတာ နှစ်ပေါင်း ၄၀ ကျော် ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။ အခုဒီပွဲမှာ ကျွန်တော်တို့ရဲ့ ရာဘာလေ့ကျင့်ခန်းသုံးပစ္စည်းတွေကို ဝင်ရောက်ပြသထားပါတယ်။

ပါဝင်ပြသဖြစ်ခဲ့ပုံ

------------------

ကျွန်တော်တို့ ကုမ္ပဏီရဲ့ Product တွေရယ်၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့ Solution တွေရယ်ကို မြန်မာပြည်သူတွေနဲ့ မိတ်ဆက်ပေးချင်တဲ့အတွက် ပါဝင်ပြသတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ Product တွေကို ဝယ်ယူချင်တယ်ဆိုရင် Textrip.com မှာ ဝင်ရောက်ကြည့်ရှုပြီး ဝယ်ယူနိုင်ပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံမှာ Showroom မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ Showroom ဖွင့်လှစ်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။


[caption id="attachment_32931" align="alignnone" width="370"]plastics6Mr Michael Golen
Sales Manager- South East Asia
Tricon Energy Middle East
www.triconenergy.com
[email protected][/caption]

ပွဲမှာ ဝင်ရောက်ပြသဖြစ်ခဲ့ပုံ

-----------------------------

ကျွန်တော်တို့က ဒူဘိုင်းအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး Polyethylene (PE) ၊ Polyvinyl Chloride (PVC) ၊ Polyethylene Terephthalate (PET) စတဲ့ ပလတ်စတစ်ထုတ်ကုန်တွေဖြန့်ချိရောင်းချနေပါတယ်။ ဒီပွဲမှာ ဝင်ရောက်ပြသဖြစ်တာက ပထမဦးဆုံးအကြိမ်ဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ အရှေ့တောင်အာရှမှာ ကျွန်တော်တို့အနေနဲ့ ဈေးကွက်ဖော်ဆောင်ဖို့၊ လုပ်ငန်းချဲ့ထွင်ဖို့အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို ဝယ်ယူဖို့အလားအလာရှိတဲ့သူတွေနဲ့တွေ့ဆုံပြီး ဈေးကွက်ကို လေ့လာဖို့နဲ့ သူတို့နဲ့ကိုက်ညီတဲ့ပစ္စည်းတွေကို ရောင်းချပေးဖို့ရည်ရွယ်ပြီး ဝင်ရောက်ပြသဖြစ်ခဲ့တာပါ။ အခု ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို စိတ်ဝင်စားတဲ့သူတချို့နဲ့ တွေ့ဆုံပြီးဖြစ်ပါတယ်။ အခြေအနေကတော့ ကောင်းမွန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စင်ကာပူမှာ ရုံးခွဲဖွင့်လှစ်သွားဖို့ အစီအစဉ်လည်းရှိပါတယ်။


[caption id="attachment_32932" align="alignnone" width="370"]plastics7Mr Subhash B Korpe
Marketing Manager
Dura Group
www.duragroup.net
[email protected][/caption]

ကုမ္ပဏီအကြောင်း

-------------------

Dura Group က ပလတ်စတစ်ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ကြီးတွေ၊ ကုန်ကြမ်းတွေ၊ အရည်အချင်းရှိတဲ့ဝန်ထမ်းအင်အားတွေကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ Dura Group အောက်မှာ Dura Exports Pvt Ltd ၊ Dura Impex နဲ့ Dura Placements ဆိုပြီး  ကုမ္ပဏီသုံးခုရှိပါတယ်။ Dura Exports နဲ့ Dura Impex က ပလတ်စတစ်လုပ်ငန်းနယ်ပယ်အတွက် ကုန်ကြမ်းနဲ့စက်ကိရိယာတွေကို ထောက်ပံ့ပေးပါတယ်။ Dura Placements ကတော့ ပလတ်စတစ်လုပ်ငန်းနယ်ပယ်မှာ လိုအပ်နေတဲ့ အတတ်ပညာရှင်တွေကို ထောက်ပံ့ပေးပါတယ်။

မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်ရုံးရှိပါတယ်။ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ စက်ပစ္စည်းတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်က ကျွန်တော်တို့နဲ့ဆက်သွယ်ပြီး Customer တွေ လိုချင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ပါတယ်။

ပါဝင်ပြသဖြစ်ခဲ့ပုံ

------------------

ဒီနိုင်ငံတကာပလတ်စတစ်ကုန်စည်ပြပွဲ ပထမဦးဆုံးအကြိမ် စတင်ကျင်းပတဲ့ ၂၀၁၄ ခုနှစ်ကတည်းကစပြီး နှစ်စဉ်ပါဝင်ပြသဖြစ်ခဲ့တာဖြစ်ပါတယ်။ ပွဲကျင်းပရေးကော်မတီက ကျွန်တော်တို့ကို ဖိတ်ကြားခဲ့တဲ့အတွက် ဝင်ရောက်ပြသဖြစ်ခဲ့တာဖြစ်ပါတယ်။